Main menu

Background

မွေးမြူရေးလုပ်ငန်းရှင်များအတွက် နေပီယာမြက် (Napier Grass)

Mon, 07/31/2023 - 11:33 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံ သည့် နိုင်ငံတစ်နိုင်င်ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရေး လုပ် ကိုင်ရန်သော်လည်းကောင်း၊ မွေးမြူရေး လုပ်ကိုင်ရန်အတွက် သော်လည်းကောင်း၊   တိရစ္ဆာန်များကို   မွေးမြူကြသည်။ သို့သော်  မွေးမြူရေးလုပ်ငန်းရှင်များ၏ ကြုံတွေ့ရသော အခက်အခဲများဖြစ်ကြသည့် အစာဈေးကြီးမြင့်ခြင်း၊ စားကျက် မြေရှားပါးခြင်းတို့မှာ မွေးမြူရေးလုပ်ငန်းရှင်များ ကြုံတွေ့နေ ကြသည့် အခက်အခဲများဖြစ်သည်။  ထိုအခက်အခဲများကို ဖြေရှင်းပေးနိုင်သည့် နည်းလမ်းမှာ နေပီယာမြက် စိုက်ပျိုးခြင်း ပင်ဖြစ်သည်။
နေပီယာမြက်သည် ပုံမှန်မြက်များထက် အာဟာရ တန်ဖိုး မြင့်မားပြီး အသားဓာတ် ၁၄ မှ  ၁၆ ရာခိုင်နှုန်းထိ ပါဝင်ပြီး တစ်ဧကလျှင် အပင်ရေ ၄၄၀ဝ ခန့်ကို စိုက်ပျိုးနိုင်ပြီး တစ်ခါစိုက်ပျိုးပြီးလျှင် ငါးနှစ်အထိ သက်တမ်းရှိသည်။ စတင် စိုက်ပျိုးသည့်ရက်မှ ရက်ပေါင်း ၉၀ အတွင်း ရိတ်သိမ်းနိုင်ပြီး တစ်နှစ်လျှင် ငါးကြိမ်မှ ရှစ်ကြိမ်အထိ ရိတ်သိမ်းကျွေးမွေးနိုင် ကြောင်း သိရသည်။ တစ်ဧကအထွက်နှုန်းမှာ ၁၇၅ တန်အထိ ထွက်ရှိပြီး  နွားကောင်ရေ ၁၅ ကောင် (သို့) ဆိတ်ကောင်ရေ ၁၅၀ အထိ အစာဖူလုံစွာ ကျွေးမွေးနိုင်ကြောင်း သိရသည်။
နေပီယာမြက်၏ အကျိုးကျေးဇူးများမှာ သာမန်မြက် များထက် အာဟာရတန်ဖိုး မြင့်မားခြင်း၊ စိုက်ပျိုးရလွယ်ကူခြင်း၊ တစ်ကြိမ်စိုက်ပျိုးပြီး နှစ်ရှည်ရိတ်သိမ်းနိုင်ခြင်း၊ အစာစရိတ် လျှော့ချနိုင်ခြင်း၊ နွေရာသီ အစာရှားပါးမှုမှ ကင်းလွတ်နိုင်ခြင်း၊ မြက်ချဉ်ဖက်   လုပ်ကျွေးနိုင်ခြင်းနှင့်   အစာတောင့်၊ မြက် ခြောက်အဖြစ် ကျွေးနိုင်ခြင်းတို့ဖြစ်သည်။  နေပီယာမြက်၏ မူရင်းဒေသမှာ အာဖရိကတိုက် တောင်ပိုင်းဖြစ်သောကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းဒေသများတွင် စိုက်ပျိုးနိုင်ပြီး ရေအနည်းငယ်ရရှိရုံဖြင့် ရှင်သန်နိုင်သော မြက်ဖြစ်သည်။ နွေရာသီ  ရေရှားပါသည့် အပူပိုင်းဒေသတွင် စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်ပြီး တိရစ္ဆာန်များအတွက် အစာရှားပါးမှု ကို ဖြေရှင်းနိုင်မည်ဖြစ်သည်။
နေပီယာမြက်ကို ဆင်၊ နွား၊ မြင်း၊ ကြက်၊ ဝက်၊ ဆိတ်၊ ပူးနှင့် ငါး စသည့်တိရစ္ဆာန်များအတွက် အဓိက စိုက်ပျိုးလျက် ရှိကြသည်။ နေပီယာမြက်ကို အပူပိုင်းဒေသများတွင် သာမက စားကျက်မြေရှားပါးသော တောင်ပေါ်ဒေသများအထိပါ စိုက် ပျိုးလာကြသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အောင်ပန်း၊ ဟဲဟိုး၊ ညောင်ရွှေ၊ ရွှေညောင်၊ အေးသာယာ၊ ပင်လောင်း စသည့် မြို့များတွင်သာမက   အခြားသော  မြို့များတွင်ပါ စတင်စိုက်ပျိုးလျက်ရှိသည်။ နေပီယာမြက်ကို ပင်ပိုင်းမျိုးပွား နည်းဖြင့် စိုက်ပျိုးနိုင်ပြီး တစ်ဆစ်လျှင် ၅၀ ကျပ်မှ ၁၀ဝ ကျပ် နှုန်း ဈေးပေါက်လျက်ရှိကာ အချို့သော မွေးမြူရေးလုပ်ငန်း ရှင်များမှာလဲ မြေလွတ်၊  ခြံကွက်လပ်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိသည်။ နေပီယာမြက်တစ်ကီလိုလျှင် မြန်မာငွေ ၂၀ဝ ကျပ်အထိဈေးရှိပြီး မြက်နှင့် မြက်မျိုးများ ရောင်းချ ခြင်း မှ တစ်ဧကလျှင် ၄၅ သိန်းအထိ ဝင်ငွေရှိနေကြောင်း သိရ သည်။
နေပီယာမြက်မှာ ထိုင်းနိုင်ငံတွင် တိရစ္ဆာန်အစာအတွက် သာ   စိုက်ပျိုးခြင်းမဟုတ်ဘဲ  စက္ကူထုတ်လုပ်ခြင်းအတွက် အဓိကကုန်ကြမ်းအဖြစ်ပါ စိုက်ပျိုးနေကြပြီဖြစ်သည်။ ထို့ အပြင် နေပီယာမြက်မှာ (ြှုဥ ွဗှ) ထုတ်လုပ်နိုင်သော မြက် ဖြစ်ပြီး နေပီယာမြက်ကို လောင်စာအဖြစ် အသုံးပြုကာ တစ် နှစ်လျှင် မဂ္ဂါဝပ် ၃၀ဝ၀ အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ် လျက်ရှိကြောင်း သိရသည်။ ထို့ပြင် နေပီယာမြက်သည် မြေ ထိန်းနံရံများအဖြစ် စိုက်ပျိုးနိုင်ပြီး တောင်စောင်းများနှင့် မြစ် ကမ်းပါးများတွင်ပါ စိုက်ပျိုးနိုင်သောမြက်ဖြစ်သည်။ ထို့ကြောင့် မည်သည့်မြေတွင်မဆို စိုက်ပျိုးနိုင်ခြင်း၊ ကုန်ကျစရိတ် နည်း ပါးခြင်း၊ အလေအလွင့် နည်းပါးခြင်း  စသည့် အကျိုးများ ဖြစ်ထွန်းသော နေပီယာမြက်ကို စိုက်ပျိုးသင့်ပါကြောင်း အကြံ ပြုရေးသား လိုက်ရသည်။

သော်ဇင်ဟိန်း
စားသုံးသူရေးရာဦးစီးဌာန (TGI)