Main menu

Background

ပြည်တွင်း ရွှေရည်ညွှန်းဈေး ကျပ် ၂၃ သိန်းကျော်ရှိ

Mon, 07/31/2023 - 11:52 -- journal_editor

ပြည်တွင်းရွှေရည်ညွှန်းဈေးမှာ လက်ရှိ၌ ကျပ် ၂၃ သိန်းကျော်တွင်  ရှိနေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ရွှေရည် ညွှန်းဈေးမှာ ဇူလိုင် ၁၂ ရက်အထိ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၂၇၈၅၀ဝ တွင်ရှိနေခဲ့ရာမှ ဇူလိုင် ၁၃ ရက်မှစတင်ကာ ကျပ် ၂၃၁၀၃၀ဝ သို့ရောက် ရှိခဲ့ခြင်းဖြစ်သည်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေရည်ညွှန်း ဈေးနှုန်းများအနေ ဖြင့် ဇူလိုင် ၂၁ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၃၁၃၈၀ဝ၊ ၂၂ ရက်တွင် ကျပ် ၂၃၁၀၃၀ဝ၊ ၂၄ ရက်တွင် ကျပ် ၂၃၁၂၆၀ဝ၊ ၂၅ ရက်တွင် ကျပ် ၂၃၁၀၃၀ဝ၊ ၂၆ ရက်တွင် ကျပ် ၂၃၂၂၁၀ဝ၊ ၂၇ ရက်တွင် ကျပ် ၂၃၂၇၉၀ဝ ဖြစ်သည်။
    ထို့အတူ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇူလိုင် ၂၁ ရက်တွင် ၁၉၆၄ ဒေါ်လာ၊ ၂၂ ရက်တွင် ၁၉၆၁ ဒေါ်လာ၊ ၂၄ ရက်တွင် ၁၉၆၃ ဒေါ်လာ၊ ၂၅ ရက်တွင် ၁၉၆၁ ဒေါ်လာ၊ ၂၆ ရက်တွင် ၁၉၇၁ ဒေါ်လာ၊ ၂၇ ရက်တွင် ၁၉၇၆ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။
    လက်ရှိတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ငွေစက္ကူသစ် နှစ်သောင်းကျပ် တန် ထုတ်ဝေမည့်သတင်းကြောင့် ပြင်ပဈေးကွက်အတွင်း ရွှေဈေးကစားသူများ ရှိနေပြီး ယင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ရွှေဈေးနှုန်း တည်ငြိမ်မှုမရှိအောင် ရောင်းဝယ်ဆောင်ရွက်ခြင်းမျိုး မပြုလုပ်ကြရန် နှင့် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ရွှေကုန်သည်များ၊ အသင်းသူ/အသင်းသားများ၊ ရွှေဆိုင်များအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပန်ကြားလွှာ ထုတ်ပြန် ထားသည်။                                                                                        

      ပန်းဆု