Main menu

Background

စတော့ရှယ်ယာတန်ဖိုး ကျပ်သန်း ၄၀ဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Mon, 07/31/2023 - 11:57 -- journal_editor

ဇူလိုင် ၁၃ ရက်မှ ၂၆ ရက်အထိ   စာရင်းဝင်ကုမ္ပဏီများ၏  စတော့ရှယ် ယာအရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၄၀ဝ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိပ်ချိန်း YSX) မှ သိရသည်။ အဆိုပါ ကာလအတွင်း အရောင်းအဝယ်ဖြစ် မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၂၂၆၄၀၈ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၄၃၉ ဒသမ ၄၉ သန်း ရှိခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာ ရောင်းချနိုင်မှုအနေဖြင့်  First Myanmar Investment (FMI)  က အစုရှယ်ယာ ၃၉၂၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃၁ ဒသမ ၈၆ သန်း၊  Myanmar Thilawa SEZ Holidings Public (MTSH) က အစု ရှယ်ယာ ၂၃၄၁၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆၅ ဒသမ ၉၄ သန်း ရရှိခဲ့ကြောင်း သိရသည်။
    အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၄၃၆ ရောင်း ချနိုင်ခဲ့ပြီး  တန်ဖိုး ကျပ် ၃ ဒသမ ၂၃ သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစု ရှယ်ယာ ၄၁၅၃၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးကျပ် ၆၃ ဒသမ ဝ၁ သန်း ရရှိခဲ့သည်။
    ထို့အတူ MH Telecom Public (TMH) က အစုရှယ်ယာ ၉၅၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂ ဒသမ ၃၈ သန်း၊ Ever Flow River Group Public (EFR)က အစု ရှယ်ယာ ၅၆၁ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၃၁ သန်းရရှိခဲ့သည်။ 
    ယင်းအပြင် Amata Holding Public Co.,Ltd. (AMATA) က အစုရှယ်ယာ ၁၂၀၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅ ဒသမ ၈၁ သန်း၊Myanmar Agro Exchange  Public Co.,Ltd. (MAEX) က အစုရှယ်ယာ ၁၅၄၃၇၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၆၅ ဒသမ ၉၄ သန်း စသည်ဖြင့် အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

 

ပန်းဆု