Main menu

Background

ဆေးဖက်ဝင် ကမ်းဇော်ပင်အကြောင်း

Mon, 07/31/2023 - 12:07 -- journal_editor

ကမ်းဇော်ပင်သည် တောနက်တောတောင် ထူထပ်သောနေရာများ၊ လွင်ပြင်ချိုင့်ဝှမ်း နေရာများတွင် သဘာဝပေါက်ရောက်ကြောင်း သိရှိရသည်။ နောင်ကာလများ၌ ကမ်းဇော်စေ့ကျရောက်ရာမှ အပင်ညှောင့် ကလေးများထွက်ရှိလာပြီး ၎င်းအပင်ပေါက်ကလေးများကို လူများတန်ဖိုးထားစိုက်ပျိုးလာကြကာ နှစ်ရှည် ပင်တစ်မျိုးဖြစ်ကြောင်း သိရသည်။ ကမ်းဇော်ပင်၏ လုံးပတ်ထိပ်ဝ တစ်ပေပတ်လည် သုံးပေအရွယ်ရှိပြီး အမြင့်ပေ ၈၀-၁၀ဝ ထိ မြင့်တဲ့အပင်ဖြစ် ကာ လူတို့အတွက် အလွန်အသုံးဝင်ကြောင်း သိရသည်။
သက်တမ်းကာလအားဖြင့် (၁၈)နှစ် သို့မဟုတ်(၂၀)နှစ်အရွယ်တွင် အသီးသီးကြောင်းနှင့်  အသီးထွက် ရှိချိန် စက်တင်ဘာလ၊ အောက်တိုဘာလများတွင် အစေ့များကောက်ယူပြီး တစ်ပင်ထွက်ရှိမှု ပမာဏအား ဖြင့် တစ်တင်းခွဲသာသာ တစ်အိတ်ရရှိသည်။ ကမ်းဇော်စေ့များကို သုံးရက်ခန့်နေလှန်းပြီး သုံးပြည်ကြိတ်ပါက ၅၀ သားဝင် အဆီတစ်ဘူးရရှိကြောင်း၊ ၎င်းအဆီ၏အရောင်သည် ကော်ဖီရောင်အဆင်းရှိသည်။ ကမ်း ဇော်စေ့ကို ပေါင်းပြီးကြိတ်ခွဲမည်ဆိုလျှင် အဝါရောင်အဆင်းရှိ ကမ်းဇော်ဆီရရှိနိုင်ကြောင်း ဒေသခံလုပ် သားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

                       
 ဦးကျား (မြိတ်)