စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည် ကာတာနိုင်ငံ ဒိုဟာမြို့၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက် မှ ၂၀၂၄ ခုနှစ် မတ် ၂၈ ရက်အထိ ခြောက်လအကြာ ကျင်းပပြုလုပ်မည့် “Horticultural Expo 2023” တွင် မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းဆောင် ပါဝင်ပြသမည့် အစီ အစဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်းပြီး တင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် အဆိုပါကုန်စည်ပြပွဲတွင် မြန်မာပြခန်းဆောင် တာဝန်ခံအဖြစ် ဆောင်ရွက်မည့် Treasure Cap Group of Companies မှ တာဝန်ရှိသူများက မြန်မာပြခန်းဆောင် ဒီဇိုင်းရေးဆွဲထားမှု အခြေအနေများ၊ ပြပွဲကာလအတွင်း ထည့်သွင်းကျင်းပမည့် အစီအစဉ်များနှင့် ပြပွဲတွင် မြန်မာပြခန်းဆောင် အောင် မြင်စွာ ပါဝင်ပြသနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
Horticultural Expo 2023 တွင် မြန်မာနိုင်ငံ ပါဝင်ပြသနိုင်ရေး စီစဉ်ဆောင် ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
MOC(IR)