Main menu

Background

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ်(၇)သင်တန်းဆင်းပွဲ ကျင်းပ

Mon, 08/14/2023 - 09:57 -- journal_editor

သြဂုတ် ၁၂ ရက် နံနက် ၈ နာရီတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပို့ကုန်သွင်း ကုန်ရုံး (ရန်ကုန်) ပဉ္စမထပ်ရှိ အစည်းအဝေးခန်းမ၌ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၇) သင်တန်းဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနား ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲသို့  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်  ဦးမြင့်သူရ  တက်ရောက်အမှာ စကားပြောကြားခဲ့သည်။ ၎င်းက နိုင်ငံတော်အစိုးရ အနေဖြင့် ကဏ္ဍပေါင်းစုံတွင် ပြုပြင်ပြောင်းလဲမှုများ အား   စဉ်ဆက်မပြတ်   လုပ်ဆောင်နေခြင်းကြောင့် တိုးတက်မှုရှိလာပြီဖြစ်ကြောင်း၊    စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန် သွယ်မှုမြှင့်တက်မှုဆိုင်ရာ လုပ်ငန်းနယ်ပယ်ကုန်သွယ် မှု လွယ်ကူချောမွေ့စေရေးလုပ်ငန်းနယ်ပယ်၊ ကုန် သွယ်မှု စေ့စပ်ဆွေးနွေး ညှိနှိုင်းရေးလုပ်ငန်းနယ်ပယ်၊ စားသုံးသူကာကွယ်ရေး  လုပ်ငန်းနယ်ပယ်နှင့် ကုန် သွယ်မှု ပညာပေးရေးလုပ်ငန်းနယ်ပယ်တို့ကို ဦးစားပေး လုပ်ဆောင်လျက်ရှိကြောင်း၊ ဈေးကွက်စီးပွားရေးစနစ် နှင့် တံခါးဖွင့် မူဝါဒကျင့်သုံးသည့် နိုင်ငံများ၏ ဖွံ့ဖြိုး တိုးတက်ရေးအတွက်   ကုန်သွယ်မှုကဏ္ဍသည် ဦးဆောင်ကဏ္ဍဖြစ်ကြောင်း၊ နိုင်ငံတကာ စီးပွားရေး ဈေးကွက်တွင် ယှဉ်ပြိုင်ထိုးဖောက်နိုင်မည့် ပို့ကုန်ုလုပ် ငန်းရှင်သစ်များနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းရှင်များ မွေးထုတ်ရန်၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန်၊ ကုန်သွယ်ရေးကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရန်ရည်ရွယ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုသင်တန်း ကျောင်းကို ၂၀၁၂ ခုနှစ် ဧပြီလက စတင်ဖွင့်လှစ်ခဲ့ ကြောင်း   ကုန်သွယ်မှုသင်တန်းကျောင်းအနေဖြင့် ပုဂ္ဂလိကပိုင်ကဏ္ဍ၏ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက်  စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီအဖွဲ့အစည်းများမှ  ဝန်ထမ်းများ  စီးပွားရေး လုပ်ငန်းဆောင်ရွက်ရန်   စိတ်ပါဝင်စားသူများအား သင်ကြားပို့ချပေးနေသော သင်တန်းဖြစ်ကြောင်း ပြော ကြားခဲ့သည်။
ထို့ပြင်  မြန်မာနိုင်ငံ၏Global Supply Chain Trade  ဖြစ်လာသည့်အတွက် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုး ရန် အခွင့်အရေးများရှိနေပြီဖြစ်ကြောင်း၊  ကုန်သွယ်မှု နှင့်ဆိုင်သည့် အခြားဝန်ကြီးဌာနများနှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းသား/သူ များအနေဖြင့် မိမိတို့ သင်ယူတတ်မြောက်ထားသည့် ပြည်တွင်း၊   ပြည်ပကုန်သွယ်ရေးဆိုင်ရာ ဥပဒေများ စည်းမျဉ်းစည်ကမ်း လုပ်ထုံးလုပ်နည်းများ၊ လက်တွေ့ ပိုင်းဆိုင်ရာ လုပ်ငန်းအကြောင်းအရာများကို မိမိတို့၏ လုပ်ငန်းနယ်ပယ်တွင်ပြန်လည်အသုံးချကာ ကုန်သွယ် မှု ကဏ္ဍ ဖွံ့ဖြိုးတိုး တက်စေရေး ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။ 
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အခြေခံသင် တန်း(စနေ၊ တနင်္ဂနွေ) အမှတ်စဉ်(၇)သင်တန်းဆင်းပွဲ နှင့် သင်တန်းအောင်လက်မှတ်အပ်နှင်းခြင်း  အခမ်း အနားသို့ စားသုံးရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်၊ ညွှန်ကြားရေးမှူးများ ၊ အရာရှိများ၊  သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့်   သင်တန်းသား/သူ များ စုစုပေါင်း ၁၀၇ ဦး တက်ရောက်ခဲ့ကြသည်။

 

CJ