Main menu

Background

မအူပင်နှင့် ညောင်တုန်းမြို့နယ်များရှိ ငါးမွေးမြူရေးကန်များအားထားရသော ငါးအစာတောင့်စက်ရုံ

Mon, 08/14/2023 - 10:53 -- journal_editor

မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်းမြို့ နယ်များသည် ငါးမွေးမြူရေးကန်များရှိသော မြို့နယ်များဖြစ်သည်။ ယခင်က ငါးအစာအဖြစ် ဖွဲနု၊ ပဲဖတ်များကို အသုံးပြုခဲ့သော်လည်း ယခုအခါ ငါးမွေးမြူရေးကန်များ တိုးတက်များပြားလာသဖြင့်၊ ဖွဲနု၊ ပဲဖတ်တို့ဖြင့်   လုံလောက်မှုမရှိသည့်   အနေအထားတွင် မွေးမြူရေး ငါးလိုအပ်ချက်ကို   ဖြေရှင်းနိုင်ရန်   ငါးမွေးမြူရေးကန်   ပိုင်ရှင်များ အတွက် အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့ပါသည်။
ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် ငါးအစာတောင့်စက်ရုံများ တည်ရှိပြီး ငါးအစာတောင့်များကို ဝယ်ယူသုံးစွဲခဲ့ကြသည်။ ညောင် တုန်းမြို့နယ်ရှိ အာရှသားငါးကန်၊ ဒေါ်ဥမ္မာငါးကန်၊ ဦးသောင်း မြင့်ငါးကန်၊ ဦးအောင်သူမိုး  ငါးကန်နှင့် မအူပင်မြို့နယ်ရှိ ငါးကန်ပိုင် ရှင်များသည် ငါးအစာတောင့်ကြိတ်ခွဲထုတ်လုပ် ပြီး ကျွေးမွေးပါက ဝယ်ယူသုံးစွဲရခြင်းထက် ပိုမိုအကျိုးအမြတ်ရရှိ၍ သန့်ရှင်းလတ်ဆတ် သော ငါးအစာတောင့်များရရှိပြီး ကျွေးမွေးနိုင်မည့် အခြေအနေ ကောင်းများကို သိရှိကာ ျြေအနမ င်္နနြူငေူ ငါးအစာတောင့် စက်ရုံ ပိုင်ရှင် ဦးသန်းဝင်းနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ငါးမွေးမြူရေး အစာတောင့်ထုတ်လုပ်ပေးနိုင်ရေးကို တွေ့ဆုံညှိနှိုင်းခဲ့မှု၏ ရလဒ် တစ်ခုအဖြစ် အောင်မြင်ခဲ့သည်။
Master FeelMail   ငါးအစာတောင့်စက်ရုံသည် ငါးကန်ပိုင်ရှင် များက ပေးပို့သော ဖွဲနု၊ ငါးခြောက်၊ ပဲဖတ်၊ ပဲခွဲခြမ်း၊ ပြောင်း ရုံးခြောက်များကို စနစ်တကျကြိတ်ခွဲထုတ်လုပ်ပြီး ငါးအစာတောင့်  တစ်တန်လျှင် ကြိတ်ခွဲထုတ်လုပ်ခ ကျပ် ၆၁၀ဝ၀ ဖြင့် ငါးကန်ပိုင်ရှင် များသို့ ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။
Master FeelMail ငါးအစာတောင့် စက်ရုံအနေဖြင့် တစ်နေ့ ခြောက်နာရီခန့် ကြိတ်ခွဲထုတ်လုပ်ပြီး တစ်ရက်လျှင် ပျမ်းမျှစက်ကြိတ် အား တန် ၃၀ တစ်လ စက်လည်ရက် ၂၀ နှင့် တစ်နှစ်လုံးတွင် ပျမ်းမျှ စက်လည်ရက် ၂၀ဝ  အထိ  လည်ပတ်ကြိတ်ခွဲ ထုတ်လုပ်လျက်ရှိ ကြောင်း၊ ျြေအနမ င်္နနြူငေူ ငါးအစာတောင့်စက်ရုံပိုင်ရှင် ဦးသန်း ဝင်းမှ ရှင်းပြခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာန   ညောင်တုန်းမြို့နယ်  ဦးစီးမှူး                  ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ် ဇူလိုင်လ တတိယ ပတ်တွင်Master FeelMail  ငါးအစာတောင့်စက်ရုံသို့ ကွင်းဆင်း လေ့လာခဲ့သည်။   စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ရန်ကုန်-ပုသိမ် ကားလမ်းဘေး မိုင်တိုင် ၂၇/၄ ဆား မလောက်ကျေးရွာတွင်    တည်ရှိသော   ဦးသန်းဝင်းပိုင်Master FeelMail ငါးအစာ တောင့် စက်ရုံသည် ငါးမွေးမြူရေးလုပ်ကိုင်နေသော ငါးကန်ပိုင်ရှင်များအတွက် အကျိုးရှိသကဲ့သို့ ငါးအစာတောင့်စက်ရုံ ပိုမိုတိုးတက်ဖွံ့ဖြိုးစေရန်အတွက်   ထပ်မံလိုအပ်မည့် နည်းလမ်း ကောင်းများရရှိနိုင်ရေး၊  အာဟာရပြည့် ငါးသယံဇာတ ပိုမိုထွက်ရှိ စေရန်အတွက် ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ကျယ်ပြန့်စွာရရှိနိုင်ရေးအတွက် ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဈေးကွက်ရရှိမှုအနေဖြင့် မအူပင်နှင့် ညောင်တုန်းမြို့နယ်ရှိ ငါးမွေးမြူရေးလုပ်ငန်းများအပြင် ရန်ကုန်မြို့ရှိMyan Vetကုမ္ပဏီက လည်း ချိတ်ဆက်ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း ဦးသန်းဝင်းက ဈေးကွက်ရရှိမှုကိုလည်း ဖြည့်စွက်ဆွေးနွေးခဲ့သည်။

Consumer (MT)