နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံရဲ့ စီးပွားရေးနှောင်ကြိုးတွေဟာ အမှတ်တမဲ့ကြည့်လို့မြင်တာထက် လေးနက်ခိုင်မာနေတယ်။ ဒီနှစ် တိုင်ပေက အကြီးဆုံး စက်မှုလုပ်ငန်းကြီးတစ်ခုဟာ အိန္ဒိယ၊ မက္ကဆီကို၊ ထိုင်းနဲ့ ဗီယက်နမ်တို့မှာ စက်ရုံဆောက်တာ တိုးချဲ့တာတွေ လုပ်နေပါတယ်။ တစ်ခါက အနောက်နိုင်ငံက ကုမ္ပဏီတွေ ချစ်မြတ် နိုးခဲ့ကြတဲ့ တရုတ်စက်ရုံနေရာတွေဟာ ခေတ်မစားတော့ပါဘူး။တရုတ်နဲ့ အမေရိကန်အစိုးရတွေအကြား ဆက်ဆံရေးကျဲနေလေတော့ ပထဝီနိုင်ငံရေး အန္တရာယ်တွေကို စီးပွားရေးလုပ်ငန်းတွေက စိုးရိမ် ပူပန်နေကြရပါတယ်။ ဒီတော့ နှစ်တစ်ဝက်လောက် မက္ကဆီကိုတို့၊ ကနေဒါတို့ဟာ နှစ်၂၀ အတွင်း ပထမဆုံးအကြိမ် တရုတ်ထက် အမေရိကန်နဲ့ပိုပြီး ကုန်သွယ်ခဲ့ကြရပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေး မြေပုံကို ပြောင်းဆွဲနေကြရပါပြီ။ အမေရိကန်တွေ ဖြစ်ချင်တာလည်း ဒီအတိုင်းပါပဲ။ ထရမ့်နဲ့ ဘီဒင်အစိုးရတွေဟာ သွင်းကုန်ခွန်တွေ၊ စည်း မျဉ်းစည်းကမ်းတွေ ထောက်ပံ့ကြေးတွေ အမျိုးမျိုးထုတ်ပြန်ခဲ့ပြီး ပြည်ပထွက် ရင်းနှီးမြှုပ်နှံမှုတွေကို စိစစ်မယ့်အမိန့်ကိုလည်း မကြာမီ ထုတ်ပြန်ဦးမယ်။ ရည်ရွယ်ချက်က အရေးကြီးတဲ့ လုပ်ငန်းတွေအပေါ် တရုတ်ရဲ့ချုပ်ကိုင်မှု လျော့နည်းစေချင်လို့ပါ။ ပြီးတော့ ထုတ်မပြော ပေမယ့် တိုင်ပေကျူးကျော်ခံရနိုင်တယ်ဆိုပြီး ပြင်ဆင်နေတာပါ။ တရုတ်နဲ့ အန္တရာယ်လျော့နည်းအောင် လုပ်နေတာဟာ အမေရိကန် နိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံအုတ်မြစ်ပါ။ အသည်းအသန်ကြိုးစားနေ ပေမယ့် ဖြစ်ချင်သလောက် ဖြစ်မလာသေးပါဘူး။
အမေရိကန်-တရုတ်ကုန်သွယ်ရေးဟာ လျော့မသွားဘဲ အသွင် တစ်မျိုးနဲ့ ခိုင်မြဲနေတာကို တွေ့ရတယ်။ အမေရိကန်အစိုးရ သဘော ကျတဲ့ ကုန်သွယ်ဘက်နိုင်ငံတွေထဲမှာ အိန္ဒိယ၊ မက္ကဆီကို၊ တိုင်ပေ တို့ပါပြီး အရင်တုန်းက တရုတ်ကနေသွင်းခဲ့တာကို သူတို့လို မိတ် ဆွေနိုင်ငံတွေကနေ ပြောင်းပြီးသွင်းချင်တာပါ။ ဒီမဟာမိတ်နိုင်ငံ တွေနဲ့ ကုန်သွယ်မှု မြန်မြန်ဆန်ဆန် တိုးနေပြီး စရိတ်သက်သာတဲ့ အာရှနိုင်ငံတွေကနေ တင်သွင်းတာရဲ့ ၅၁ ရာခိုင်နှုန်းသာ မနှစ်က တရုတ်က တင်သွင်းပါတော့တယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းကဆို ၆၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
ပြဿနာက တရုတ်နဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေ ကုန်သွယ် မှုကလည်း တိုးနေပါတယ်။ သူတို့ဟာ တရုတ်ပစ္စည်းတွေကို ထုပ်ပိုး ပေးတဲ့နေရာတွေလို ဖြစ်နေပါ တယ်။ အမေရိကန်ဟာ အရင်တုန်းက လို တရုတ်ဆီက တိုက်ရိုက်တော့ မဝယ်ဘူး။ ဒါပေမဲ့ နှစ်နိုင်ငံရဲ့ စီးပွားရေးဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန် မှီခိုနေရတုန်းပဲ။ တရုတ်နဲ့ အမေရိကန် ကုန်သွယ်မှုလျော့သွားတဲ့အတွက် အကျိုးရှိတဲ့ နိုင်ငံတွေကို ကြည့်ရအောင်။ စက်မှုလုပ်ငန်းတစ်ခုမှာ တရုတ်နဲ့ အခိုင် မာဆုံးဆက်ဆံရေးရှိတဲ့ လုပ်ငန်းများသာ၊ ကုန်သွယ်မှု အပြောင်း အလဲရဲ့ အကျိုးကျေးဇူးကို ခံစားရပါသတဲ့။ ဆိုလိုတာက အမေရိကန် အတွက် တရုတ်နဲ့ နက်ရှိုင်းတဲ့ အရောင်းကွင်းဆက်ရှိဖို့ ခုအထိ အရေး ကြီးနေဆဲပါ။ အထူးသဖြင့် အမေရိကန်တွေ တရုတ်ကို ကန့်သတ် ချင်တဲ့ အဆင့်မြင့် ကုန်ချောတွေအတွက်ဆို ပိုပြီးအရေးကြီးပါတယ်။အဲဒီပစ္စည်းတွေနဲ့ ပတ်သက်ရင် အမေရိကန်ရဲ့ သွင်းကုန်တွေမှာ တရုတ်ရဲ့ဝေစု ၂၀၁၇ နဲ့ ၂၀၂၂ ကြားမှာ ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါ တယ်။ ဒါပေမဲ့ တရုတ်ကနေ အကြီးအကျယ် တင်သွင်းနေတဲ့ တိုင်ပေ နဲ့ ဗီယက်နမ်တို့နဲ့ကျတော့ ဈေးကွက်ဝေစု ကြီးမားခဲ့ပါတယ်။ တိုတို ပြောရရင် အလွန်အရေးကြီးတဲ့ ပစ္စည်းတွေအတွက်တောင်မှ တရုတ် လုပ်ငန်းတွေဟာ အရေးပါနေတုန်းပါပဲ။
ကုန်သွယ်ရေးလမ်းကြောင်းပြောင်းလို့ လက်တွေ့မှာ ဘယ်လို အကျိုးရှိတယ်ဆိုတာ နိုင်ငံအလိုက်နဲ့ စက်မှုလုပ်ငန်းအလိုက် ခြားနား နိုင်ပါတယ်။ ပစ္စည်းနည်းနည်းပဲ တရုတ်က ရနိုင်တာပါ။ အဲဒီထဲမှာ မြေရှားကုန်ချောတွေ၊ တရုတ်ကုမ္ပဏီတွေပဲ လွှမ်းမိုးနေတဲ့ ချစ်ပြား ထုတ်ရာမှာသုံးတဲ ဂလီလီယမ်တို့ လျှပ်စစ်ကားတွေမှာသုံးတဲ့ လစ်သီ ယမ်ကုန်ချောတို့လို ပစ္စည်းတွေပါဝင်ပါတယ်။ တစ်ခါတလေကျ တော့ အမေရိကန်နဲ့ ကျန်တဲ့အနောက်နိုင်ငံတွေကို သူတို့ရဲ့ မဟာ မိတ်တွေက ပို့တာဟာ အခွန်ရှောင်ဖို့ ပြန်ပြီးထုပ်ပိုးထားတဲ့ တရုတ် ပစ္စည်းတွေ ဖြစ်နေတတ်တယ်။ အများအားဖြင့်ပစ္စည်းတွေဟာ ဈေး ကြီးကြီးပေးပြီး ကြိုးစားပမ်းစားဝယ်ရင် ဘယ်နေရာမဆို ရနိုင်ပြီး တရုတ်ကဝယ်ရင် ဈေးချိုချိုနဲ့ ပေါပေါများများ ရနိုင်တဲ့ စက်ပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်းတွေ ဖြစ်နေတတ်တယ်။ တကယ်မဟုတ်တဲ့ အဆက် ဖြတ်တာ သုံးမျိုးစလုံးကို တရုတ်ရဲ့နောက်ဖေးခြံထဲမှာ တွေ့နိုင်တယ်။
၂၀၁၈ ခုနှစ်က ထုတ်ပြန်တဲ့ စာရင်းအင်းအရ အာဆီယံ အသင်းကြီးရဲ့ ပို့ကုန်တန်ဖိုးမှာ ၇ ရာခိုင်နှုန်းသာ တရုတ်မှာ တစ်မျိုး မျိုးနဲ့ အခြေခံထုတ်လုပ်တာ ဖြစ်ပါသတဲ့။ ဒါပေမဲ့ ဒါဟာ ကုန်သွယ် မှုကိုခွဲထုတ်ပြီး တွက်ဖို့ခက်လို့ လျှော့ပြီးခန့်မှန်းထားတာဖြစ်ပါမယ်။
နောက်ပိုင်းရတဲ့ ဂဏန်းတွေအရလည်း အဲဒီနောက်ပိုင်းမှာ တရုတ်ဟာ ပိုပြီး အရပါလာပါတယ်။ အာဆီယံက စောင့်ကြည့်တဲ့ ပစ္စည်း ၉၇ ခုအနက် ၆၇ ခုမှာ ဝေစုတိုးလာတာကို တွေ့ရတယ်။အီလက်ထရွန်နစ် ပို့ကုန်ပစ္စည်းစာရင်းထဲမှာဆိုရင် ဘက်ထရီအစ၊ စက်ရုံသုံးမီးဖိုကြီးတွေကနေ ဆံညှပ်အဆုံး အများကြီး တိုးပွား လာခဲ့တယ်။ ပထမ ခြောက်လမှာ တရုတ်ကနေ အင်ဒိုနီးရှား၊ မလေး ရှားနဲ့ ထိုင်း၊ ဖိလိပိုင်၊ ဗီယက်နမ်ကိုပို့တာ ဒေါ်လာ ၄၉ ဘီလီယံရှိတယ်။လွန်ခဲ့တဲ့ ငါးနှစ်ကထက် ၈၀ ရာခိုင်နှုန်း များလာတာဖြစ်တယ်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာလည်း ဒီအတိုင်းပဲ။ အရေးပါတဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ တရုတ်ကသုံးစွဲတာ အမေရိကန်ကို ကျော်သွားတယ်။ အဝေးက စက်ရုံတွေမှာလည်း တရုတ်တွေ လှုပ်ရှား နေကြတာကို တွေ့ရ တယ်။ အထူးသဖြင့် မော်တော်ကားလုပ်ငန်းမှာပါ။မက္ကဆီကို ကားလုပ်ငန်းက မနှစ်က ရွှေ့လာတဲ့ ရင်းနှီးမြှုပ်နှံမှုရဲ့ ၄၀ ရာခိုင်နှုန်းဟာ တရုတ်ကနေ ပြောင်းလာတာတဲ့။ နောက်ကနေ ကြားခံပစ္စည်းတွေ လည်း လိုက်လာကြတယ်။ မနှစ်က တရုတ်ကုမ္ပဏီ တွေဟာ မက္ကဆီကိုကို ကားပစ္စည်းတွေ တစ်လ ဒေါ်လာသန်း ၃၀ဝဖိုး လောက်ပို့ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကပို့တာထက် နှစ်ဆကျော်တယ်။ဗဟိုနဲ့အရှေ့ ဥရောပမှာ မကြာမီနှစ်တွေက ကားလုပ်ငန်း အရှိန် ကောင်းလာတော့ အတုအယောင် လက်တွဲဖြုတ်တာ ပိုဆိုးတယ်။ ၂၀၁၈ ခုနှစ်မှာ တရုတ်က ကားပစ္စည်း ၃ ရာခိုင်နှုန်းကို ချက်၊ ဟန် ဂေရီ၊ ပိုလန်၊ ဆလိုဗားကီးယား၊ ဆလိုဗေးနီးယားနဲ့ ရိုမေးနီးယားတို့ကို ပို့တယ်။ အဲဒီကတည်းက လျှပ်စစ်ကားတွေ သုံးတာမြန်လာတော့ သွင်းကုန်တွေလည်း ထိုးတက်လာတယ်။ တရုတ်ကထုတ်လုပ်မှုကို လည်း လွှမ်းမိုးတယ်။ တရုတ်က အခုဆို ဗဟိုနဲ့အရှေ့ဥရောပကို သွင်းတဲ့ ကားပစ္စည်းရဲ့ ၁၀ ရာခိုင်နှုန်းကို သွင်းတယ်။အီးယူအပြင် ဘက်မှာ တခြားနိုင်ငံတွေ သွင်းတာထက်များတယ်။ အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ တရုတ်တို့အကြား တင်းကျပ်တဲ့ဆက်ဆံရေးဟာ အမေရိကန်က တစ်ဖက်သားကို အားနည်းစေချင်တဲ့ အမြင်မှား ကြောင့်ဖြစ်တာ။ ပစိဖိတ်ဖြတ်ကျော် တင်းမာမှုကြောင့် ဂယောက် ဂယက်ဖြစ်ကုန်ကြတဲ့ ကုမ္ပဏီတွေဟာ၊ တရုတ်အပေါင်းတစ်မဟာ ဗျူဟာကို ကျင့်သုံးလာကြတယ်။ တချို့ကို တရုတ်မှာ ထုတ်၊ ကျန်တာ ကို အမေရိကန်နဲ့ ရင်းနှီးတဲ့ ဗီယက်နမ်လို နိုင်ငံမျိုးမှာထုတ်။ အမေ ရိကန်က မဟာမိတ်တွေရဲ့ နောက် ဆုံးသုံးကုန်ပစ္စည်း ဝယ်လိုအား တောင်မှ တရုတ်ကြားသုံးပစ္စည်းတွေ တက်စေနိုင်တယ်။ တရုတ် လုပ်ငန်းတွေလည်း တခြားနေရာရွှေ့လုပ်ချင်အောင် မက်လုံးပေး သလို ဖြစ်သွားစေနိုင်တယ်။ မကြာမီက ဈေးကွက်ပေါက် အရင်းအနှီး တန်ဖိုး အကြီးဆုံး အက်ပဲလ် ကုမ္ပဏီတောင်မှ တရုတ်ပြည်အပြင် ဘက် ထွက်လာခဲ့တယ်။ ြွခင်းချက်တစ်ခုတော့ရှိတယ်။ ထုတ်လုပ်တာ အတော်များများက တရုတ်ကုမ္ပဏီတွေကို အားကိုးနေရတုန်းပဲရှိ တယ်။ ဗီယက်နမ်မှာ ကုန်ကြမ်းသွင်းနေတဲ့ ကုမ္ပဏီ ၂၅ ခုရှိတယ်။ကိုးခုက တရုတ်ပြည်မကြီးက။ ဒီအခြေအနေကို အမေရိကန်အစိုးရ က ဘယ်လောက်ပူပင်မလဲ။ အဆိုးဆုံးက တရုတ်နဲ့ အမေရိကန် အကြား ကုန်စည်ထောက်ပံ့ရေးစစ်ပွဲဟာ လုံးဝဆိုးဆိုးရွားရွား ထိခိုက် နိုင်တယ်။ တရုတ်နဲ့ သွယ်ဝိုက်ဆက်ဆံတာသော်လည်းကောင်း တတိယနိုင်ငံမှာ တရုတ်ကုမ္ပဏီတွေနဲ့ ဆက်ဆံတဲ့ နည်းနဲ့သော်လည်း ကောင်း တရုတ်ထုတ်လုပ်မှုကို ပိုကောင်းအောင်လုပ်နိုင်မယ်။
ပြီးတော့ ကုမ္ပဏီတွေဟာ စားသုံးသူတွေ စရိတ်သက်သာ အောင် လုံခြုံရေးစည်းကမ်းတွေကို လိုက်လျောညီထွေဖြစ်အောင် လုပ်တတ်ကြတယ်။ ဒါပေမဲ့ ဒီမှာလည်း အန္တရာယ်ရှိတယ်။ တရုတ် နဲ့ လက်တွဲဖြုတ်နေတယ်လို့ထင်ရင် အမေရိကန် အရောင်းကွင်း ဆက်အတွက် တရုတ်ထုတ်လုပ်မှု အရေးပါနေတုန်းပဲဆိုတာ မှိန် သွားမယ်။ အာရှ၊ မက္ကဆီကိုနဲ့ တချို့ဥရောပက ထုတ်လုပ်မှု အတော် များများဟာ နောက်ဆုံးမှာ တရုတ်ရဲ့ထုတ်လုပ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကို အားကိုးနေကြရတယ်ဆိုတာကြောင့် အစိုးရအတော်များများ အထူး သဖြင့် အာရှက အစိုးရတွေဟာ အနည်းဆုံး အရောင်းကွင်းဆက်ရွှေ့ ဖို့ကိစ္စမှာ အမေရိကန်နဲ့ အလိုက်သင့်ပေါင်းနေကြတာပါ။ ပြတ်ပြတ် သားသားသာ ဘက်ရွေးကြရမယ်ဆိုရင် ပို့ကုန်သမားတွေ အတော် လေးထိခိုက်မယ်။ အမေရိကန်နဲ့ တရုတ် တစ်ယောက်ယောက်ကို လက်ရှိ ကုလသမဂ္ဂ မဲပေးစနစ်အရ ရွေးရတော့မယ်ဆိုပါတော့။အထိ ခိုက်ဆုံးနိုင်ငံက ဂျီဒီပီ ၄ ဒသမ ၇ ရာခိုင်နှုန်း လျော့သွားမယ်။ အရှေ့ တောင်အာရှနိုင်ငံတွေက ဆိုးဆိုးရွားရွား ထိခိုက်မယ်။ နိုင်ငံအတော် များများဟာ ကုန်သွယ်မှုက ယူဆောင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ် အကိုင်တွေကို အသည်းအသန် လိုချင်ကြတာဆိုတော့ အမေရိ ကန် ဟာ သူ့ရဲ့မဟာမိတ်တွေကို အရောင်းကွင်းဆက်မှာ တရုတ်ရဲ့အခန်း ကဏ္ဍကို လျှော့ချခိုင်းလို့ရမှာမဟုတ်ဘူး။ နှစ်ဖက်စလုံးနဲ့ ဆက်ဆံချင် ကြမယ်။ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ ကြားသုံးကုန်ပစ္စည်းတွေယူမယ်။ကုန်ချောတွေ အမေရိကန်နဲ့ ကျန်တဲ့ နိုင်ငံတွေကိုပို့မယ်။ အမေ ရိကန်နဲ့ တရုတ်ကို ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ခွဲဖို့လုပ်တာဟာ တကယ်တော့ တရုတ်နဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေကြား ဘဏ္ဍာ ရေးနဲ့ ကူးသန်းရောင်းဝယ်ရေး အဆက်အသွယ်ကို ပိုပြီး တောင့် တင်းခိုင်မာအောင် လုပ်သလို ဖြစ်သွားတယ်။ အမေရိကန်သမ္မတ ဖြစ်ချင်တာက ဒီလိုမဟုတ်ဘူး။
ညွှန်း - အီကောနောမစ် သြဂုတ် ၉၊၂၀၂၃
ခင်မောင်ညို (ဘောဂဗေဒ)