Main menu

Background

ပြည်တွင်း ဖျော်ရည်ထုတ်လုပ်မှုလုပ်ငန်းများက ကြီးထွားလာသော ဖျော်ရည်ဝယ်လိုအားကို ဖြည့်ဆည်းပေး

Mon, 08/14/2023 - 11:27 -- journal_editor

သစ်သီးဖျော်ရည်မှရရှိသည့် အာဟာရဓာတ် ကို လူတိုင်း မက်မောကြပြီး လူကြီး၊ လူငယ်မရွေး ဖျော်ရည်သောက်သုံးရသည်ကို ကြိုက်နှစ်သက်ကြ သည်။ သစ်သီးဝလံများတွင်  ဗီတာမင်စီနှင့် အခြား အာဟာရဓာတ်   အသီးသီးပါဝင်ပြီး ကင်ဆာကို ကာကွယ်ခြင်း၊   ရောဂါကို  တိုက်ထုတ်ပေးခြင်း၊ အမြင်အာရုံကောင်းစေခြင်း၊  နှလုံးကျန်းမာရေးကို ကောင်းစေခြင်းတို့အပြင် အကျိုးများစွာရှိကြောင်း သိရသည်။ 
စားသုံးသူများသည် အလွန်ပြုပြင်ထားသော သကြားပါသည့် အချိုရည်များအစား ကျန်းမာရေး နှင့် ညီညွတ်သောသဘာဝ သစ်သီးဖျော်ရည်သုံးစွဲမှု တိုးတက်လာသည်။  ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားပြီး နောက်ပိုင်း  ကိုယ်ခံအားကို  အထောက်အကူပြု သည့် စားသောက်ကုန်ကိုရှာဖွေလာကြပြီး သစ်သီး ဖျော်ရည် သောက်သုံးမှုကို တွန်းအားပေးလာကြ သည်။ သစ်သီးဖျော်ရည်တွင် သစ်သီး၊ ရေ၊ သကြား နှင့်    အချဉ်ဓာတ်တို့ပါဝင်သည်။   ကျန်းမာရေး အထောက်အကူပြုစေရန်   ရည်ရွယ်ချက်ဖြင့် သောက်သုံး လိုသော်လည်း တားမြစ်ဆိုးဆေးများ တာရှည်ခံဆေးများကို သုံးစွဲခြင်း၊ ကောင်းမွန်သော ထုတ်လုပ်မှုဖြစ်စဉ်(ွဏြ။ွံဏ)များကို လိုက်နာမှု မရှိခြင်း၊ မသင့်တော်သော အလွန်အကျွံဖြစ်စေ သောနည်းများ အသုံးပြုခြင်းများဖြင့် ထုတ်လုပ်ပါ က   ဖျော်ရည်၏  အာဟာရတန်ဖိုးကို  မရရှိဘဲ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ 
ဖျော်ရည်ထုတ်လုပ်ရာတွင် သိုလှောင်ခြင်း၊ သန့်စင်ခြင်း၊ ကျိုချက်ခြင်း၊ ဖော်စပ်ခြင်း၊ ပိုးသတ် ခြင်း၊ အပူပေးစနစ်နှင့် သိုလှောင်ကန်များ  သုံးစွဲ ခြင်း၊ ထုပ်ပိုးခြင်းလုပ်ငန်းစဉ်တစ်လျှောက် တစ်ပိုင် တစ်နိုင်  အိမ်တွင်းမှုလုပ်ငန်းမှအစ စီးပွားဖြစ် ခေတ်မီစက်ကိရိယာများ သုံးစွဲထုတ်လုပ်ခြင်းအမျိုး မျိုးရှိကြသည်။ ၎င်းတို့အနက် အရည်အသွေးနိမ့် ထုတ်ကုန်များကို   အသုံးပြုခြင်း၊ သစ်သီးအစား အရောင်နှင့် အချို အတုများ သုံးစွဲထုတ်လုပ်ခြင်း တို့ကို မပြုလုပ်နိုင်စေရန် တားမြစ်ကန့်သတ်မှုများ ဖြင့် ထိန်းကျောင်းရပါမည်။ ပြည်တွင်းစားသုံးသူ များကို လုံခြုံစိတ်ချရပြီး  ကျန်းမာရေးနှင့်ညီညွတ် သည့် အာဟာရပြည့်  ရရှိစေနိုင်ရေး အရေးကြီး သဖြင့် အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီသည့် ထုတ်လုပ်မှုများဖြစ်ရန် လိုအပ်သည်။
အိမ်တွင်းစက်မှုလုပ်ငန်းအဖြစ်  ထုတ်လုပ် သည့် ဖျော်ရည်လုပ်ငန်းများသည် အသေးစား စက်မှုလက်မှု  လုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင် လျှောက်ထားနိုင်သည်။ ဓာတ်ခွဲခန်း  စမ်းသပ်စစ် ဆေးပြီး ထောက်ခံချက် မှတ်ပုံတင်လက်မှတ်ထုတ် ပေးသည်။ ပြည်တွင်း၊ ပြည်ပ တင်ပို့ရောင်းချမည့် ဖျော်ရည်များ၊ ပြည်ပမှ သွင်းလာသည့် ဖျော်ရည် များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်ပုံတင် လျှောက်ထားရပါမည်။ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးပြီး  ငီ်္ဗ လက်မှတ်ထုတ် ပေးခြင်းနှင့် ဈေးကွက်အတွင်းရှိ ဖျော်ရည်များကို စစ်ဆေးပြီးခွင့်မပြု  ဓာတုဆေးများသုံးစွဲပါက သုံးစွဲ ရန် မသင့် ထုတ်ပြန်ကြေညာသည်။ ထိုသို့ထုတ်ပြန် ကြေညာသည့်အနက်   ပြည်တွင်းဖျော်ရည်များ ပါဝင်သလို ပြည်ပမှတင်သွင်းလာသည့် နာမည် ကြီးဖျော်ရည်ပုလင်းများပင်  ပါဝင်ကြောင်းတွေ့ရ သဖြင့် ကျန်းမာရေးနှင့်အညီ  ထုတ်လုပ်ရေးသည် အရေးပါကြောင်း  တွေ့ရသည်။  စားသုံးသူရေးရာ ဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်း ပြီး လုံခြုံစိတ်ချရသည့် ကုန်ပစ္စည်းများ သုံးစွဲနိုင် ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြစေခြင်းဖြင့် စား သုံးသူများ ဖတ်ရှုသိရှိ ရွေးချယ်နိုင်စေသည့်အပြင် လုပ်ငန်းရှင်ဘက်ကလည်း မိမိထုတ်ကုန်ကို သတ် မှတ်ထားသည့် ကုန်အညွှန်းပြည့်စုံစွာ ဖော်ပြခြင်း ဖြင့် အာမခံချက်ပေးမှုကို ကြော်ငြာပြီး သားဖြစ် သွားစေသည့် အကျိုးရရှိစေသည်။ ဈေးဝယ်စင်တာ များတွင် သက်ဆိုင်ရာ  ထောက်ခံချက်များပါရှိမှသာ  ဆိုင်တွင်   တင်ရောင်းသည့်စနစ်ဖြင့်လည်း အရည် အသွေးကောင်းမွန်မှု  စနစ်ကျမှုကို အထောက် အကူဖြစ်စေသည်။ ထို့ကြောင့် ဖျော်ရည် ကြော်ငြာ  များတွင် အရည်အသွေး သတ်မှတ်ချက်များနှင့် အညီ  ထုတ်လုပ်ထားကြောင်းကို  ငီ်္ဗ ထောက်ခံ ချက်အမှတ်များ၊ အသေးစားစက်မှုလက်မှုမှတ်ပုံ တင်အမှတ်များ၊    စားသုံးသူရေးရာဦးစီးဌာနမှ လမ်းညွှန်ချက်စည်းကမ်းများနှင့်အညီ ထုတ်လုပ် ထားကြောင်း   ထည့်သွင်းကြော်ငြာကြသည်ကို တွေ့ရသည်။ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော် ပြမှုကို မလိုက်နာခြင်း၊ နာမည်ကြီးတံဆိပ်ကို အတု ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးခြင်းများကို စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်  ဈေးကွက်စောင့်ကြည့်စစ် ဆေး အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ ရသည်။   မည်သည့်သီးနှံမှမဝယ်ဘဲ အချိုရည် ထုတ်နေကြသော မြန်မာပြည်က စက်ရုံများ၊ အဆိပ် ကို ပိုက်ဆံပေးကာ သောက်နေကြရသည့် ဘဝများ စသည့် ခေါင် းစဉ်များဖြင့် မမှန်မကန် လုပ်နေသည့် အချိုရည်ထုတ်လုပ်သူများကြောင့်  ကလေးများ အသည်းကျောက်ကပ် ပျက်စီး၊ ဆီးချို၊ သွေးတိုးဖြစ် ကြောင်းရေးသားထားသည့်  သတင်းဆောင်းပါး များမှာ  ဓာတုအချိုခဲ၊  အချဉ်ခဲ၊ ဆိုးဆေး၊ အနံ့၊ တာရှည်ခံဆေးများဖြင့် အချိုရည်ဟု ပါကင်ပိတ်ပြီး ရောင်းချနေကြောင်း ရေးသားထားသကဲ့သို့ မဖြစ် အောင် အထူးဂရုပြုကြရပါမည်။             မြန်မာနိုင်ငံ၏ ဖျော်ရည်ထုတ်လုပ် ရောင်း ချမှုမှာ ဒေသအသီးသီးအလိုက် နာမည်ကောင်းနှင့် ဈေးကွက်ရရှိပြီး ဂုဏ်သိက္ခာရှိသော တံဆိပ်များစွာ ရှိကြသည်။ မြန်မာနိုင်ငံသည် သစ်သီးဝလံကုန် ကြမ်းပေါများစွာ ရရှိနိုင်သော နိုင်ငံတစ်ခုဖြစ်သည်။ ကုန်ကြမ်းဖျော်ရည်အသုံးပြုနေသည့် သရက်၊ ဖရဲ၊ သခွား၊ ဆီးသီး၊ ငှက်ပျောသီးများသည် ပိုလျှံသဖြင့် ပြည်ပသို့ တင်ပို့လျက်ရှိသည့် သစ်သီးဝလံများဖြစ် သည်။   ဖျော်ရည်ထုတ်လုပ်သည့် လိမ္မော်၊  စပျစ်၊ စတော်ဘယ်ရီ၊ နာနတ်၊ ရှောက်၊ သံပရာ၊ လိုင်ချီး၊ မန်ကျည်း၊ မာလကာ အသီးများမှာလည်း ပြည် တွင်းတွင် ထွက်ရှိနေသော အသီးများဖြစ်သည်။ သစ်သီးဝလံအခြေခံ    စားသောက်ကုန်နှင့်  ဖျော် ရည် ထုတ်လုပ်ခြင်းသည် တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ် ပြည်ပသို့တင်ပို့နိုင်မှု နည်းပါးနေသေးသည့် ကာလမှာ ပြည်ပသွင်းကုန်အစားထိုးအဖြစ် အား ပေးမြှင့်တင်ရမည့်  ကုန်ထုတ်လုပ်မှု တစ်ခုဖြစ် သည်။ 
ဖျော်ရည်ထုတ်လုပ်ရာတွင်  လိုအပ်သည့် စက်ပစ္စည်းများ၊ ထုပ်ပိုးပစ္စည်းများနှင့် ပါကင်စက် များ စသည့် ကုန်ချောထုတ်လုပ်ရန်  လိုအပ်သည့် အထောက်အကူပစ္စည်းများကို မဖြစ်မနေ တင် သွင်းရသည်။ ဖျော်ရည်ကဏ္ဍတွင် ဖျော်ရည်အကျဲ၊ ဖျော်ရည် အဆီ၊ ဂက်စ်ပါသည့် ဖျော်ရည်နှင့် ဖျော် ရန် အမှုန့်များ၊ အသင့်သောက်ဖျော်ရည်နှင့် အား ဖြည့်အချိုရည် အမျိုးအစားများကို တွေ့ရသည်။ ၎င်းတို့အနက် အသင့်သောက် ဖျော်ရည်နှင့် အား ဖြည့်အချိုရည်အမျိုးမျိုး၊ ဖျော်ရည်ဖျော်ရန် အမှုန့် များကို ပြည်ပမှတင်သွင်းမှုများ များပြားလျက်ရှိ ကြောင်းတွေ့ရသည်။ ဖျော်ရည် အဆီနှင့် အကျဲကို ပြည်တွင်းထုတ်လုပ်နိုင်မှု   အင်အားများရှိသဖြင့် ပြည်တွင်းထုတ်ကုန်ကို အားပေးမြှင့်တင်ရန်လိုအပ် သည်။  မိမိတို့နိုင်ငံမှ  ကုန်ကြမ်းသစ်သီးဝလံများ ကို  ဈေးနိမ့်စွာဖြင့်ရောင်းချရပြီး  ကုန်ချောများကို ဈေးနှုန်းမြင့်မားစွာဖြင့်   ပြန်လည်ဝယ်ယူစား သောက် နေရပါက နစ်နာရသည်။ ပြည်တွင်းတွင် အိမ်တွင်းစီးပွားရေးလုပ်ငန်းမှသည် စီးပွားဖြစ် ဖျော်ရည်လုပ်ငန်းများ ထုတ်လုပ်ပါက ဒေသခံများ အလုပ်အကိုင်  အခွင့်အလမ်းများ  ရရှိစေခြင်း၊ ဒေသထွက်ကုန်အဖြစ် မိမိတို့ဒေသဂုဏ်ကို မြှင့် တင်နိုင်ခြင်း၊ ကိုယ်တိုင် စီးပွားရေးဖွံ့ဖြိုးမှုမှသည် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်စေခြင်းကို အထောက် အကူ ပြုစေပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် သစ်သီးဝလံ ပေါများစွာထွက်ရှိသည့်  တိုင်းဒေသကြီးတစ်ခု ဖြစ်သည်။ သစ်သီးဝလံသည် ဈေးကွက်လိုအပ် ချက်အတိုင်းအတာကို ကျော်လွန်ပါက တာရှည် အထားမခံသဖြင့် လေလွင့်ပျက်စီးမှုနှင့် ကြုံတွေ့ နိုင်ပါသည်။ ပိုလျှံသည့် သစ်သီးဝလံများကို တန်ဖိုး မြှင့်ထုတ်လုပ်ခြင်းဖြင့် လေလွင့်ဆုံးရှုံးမှုကို ကာ ကွယ်နိုင်ပြီး ဈေးနှုန်းပိုမိုရရှိခြင်းဖြင့် ဝင်ငွေ ပိုမို ရရှိမည်ဖြစ်သည်။ ထို့ကြောင့်  အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနသည် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍   ဒေသခံများအား သစ်သီးဝလံအခြေခံ စားသောက်ကုန်နှင့် ဖျော် ရည် ထုတ်လုပ်နည်းပညာပေး   သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။ သစ်သီးဝလံကုန် ကြမ်းအဆင့်မှ ဈေးကွက်ဝင် ဖျော်ရည်ဖြစ်သည် အထိ   ထုတ်လုပ်ပုံအဆင့်ဆင့်ကို  စနစ်တကျ စာတွေ့၊ လက်တွေ့ သင်ကြားပေးခြင်းဖြစ်သည်။ မိသားစု  တစ်နိုင်တစ်ပိုင် ထုတ်လုပ်မှုမှသည် တိုင်း ပြည်ကုန်သွယ်မှုကို အထောက်အကူပြုနိုင်သည့် လုပ်ငန်းရှင်များ ဖြစ်ကြစေရန် ရည်ရွယ်လျက် ကုန်  ကြမ်းလိုအပ်ချက်၊ အဆောက်အအုံဆိုင်ရာ သတ် မှတ်ချက်၊  လုပ်သားများဆိုင်ရာ သတ်မှတ်ချက်၊  သန့်ရှင်းမှု၊ ထုပ်ပိုးမှု၊ လုပ်ငန်းထိန်းသိမ်းမှု၊ ကုန် အမှတ်တံဆိပ်နှင့် စပ်လျဉ်းသည့် သတ်မှတ်ချက် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းသင်ကြားပေး သည်။ ဖျော်ရည်လုပ်ငန်းရှင်များအနေဖြင့် မိရိုး ဖလာလုပ်ငန်း လက်ဆင့်ကမ်းခြင်း၊ ဖျော်ရည်ထုတ် လုပ်မှုနည်းပညာသင်တန်းမှ ရရှိသည့် အတတ် ပညာဖြင့် လုပ်ငန်းသစ်တည်ထောင်ခြင်းများ တွေ့ ရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၌ မှတ်ပုံတင်ထား သည့် ဖျော်ရည်လုပ်ငန်းအရေအတွက်မှာ မုံရွာ ခရိုင်တွင် ၁၇ ခု၊ စစ်ကိုင်းခရိုင်တွင်နှစ်ခု၊ ရွှေဘို ခရိုင်တွင် သုံးခု၊ ခန္တီးခရိုင်တွင် သုံးခု၊ ကန့်ဘလူ ခရိုင်တွင် နှစ်ခုနှင့် ကလေး၊  ကသာ၊ ယင်းမာ ပင်ခရိုင်များတွင်  တစ်ခုစီဖြင့် စုစုပေါင်းလုပ်ငန်း ၃၀ ခုရှိကြောင်း သိရှိရသည်။ မုံရွာမြို့နယ်တွင် ဖျော်ရည်ထုတ်လုပ်မှုလုပ်ငန်း  အများဆုံးရှိသည့် အနက် ရွှေစင်ဖျော်ရည်အဆီမှာ ဈေးကွက်အတွင်း နှစ်ရှည်စွာ အောင်မြင်လျက်ရှိပြီး အေးချမ်းသာ တံဆိပ်နှင့်   ဆက်ပိုင်ဖြိုးတံဆိပ် ဆီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်များမှာလည်း ကုန်စည်ပြပွဲများ တွင် ပူးပေါင်းပါဝင်ပြသခြင်း၊   အရည်အသွေး ကောင်းမွန်ခြင်းတို့ကြောင့် ဈေးကွက်ဝင်လျက်ရှိ သည်။ ဒေသ ထွက်ကုန်အဖြစ် လက်ဆောင်ပေးရာ တွင်  မျက်နှာပန်းလှလျက်ရှိသည်။ အဆိုပါ  ဖျော် ရည်ပုလင်းများသည် အရည်ပျစ်ဖြစ်ပြီး တန်ဖိုးမှာ ကျပ် ၅၀ဝ၀ ခန့်ဖြစ်သည်။ ပြည်တွင်းဖြစ် ဖျော်ရည် များမှာ  အရည်အပျစ်အကျဲအလိုက် တစ်ပုလင်း လျှင် ကျပ် ၂၀ဝ၀ မှ  ၆၀ဝ၀ အထိတွေ့ရပြီး ပြည်ပ ဖျော်ရည်များမှာ  ကျပ် ၅၈၀ဝ မှ  ၁၇၀ဝ၀ ကျပ်ထိ ရှိကြောင်း တွေ့ရသည်။ ပြည်တွင်းဖျော်ရည်လုပ် ငန်းရှင်များအနေဖြင့် တွေ့ကြုံရသော အခက် အခဲများအနေဖြင့် ပြည်ပဖျော်ရည်များနှင့် ဈေး ကွက်ယှဉ်ပြိုင်ရာတွင် အဆင့်မြင့် နည်းပညာများ ထပ်မံလိုအပ်ကြောင်း၊ ထုပ်ပိုးမှုအဆင့်ကိုမြှင့်တင် ပါက ဈေးနှုန်းကြီးမြင့်သွားမည်ဖြစ်ရာ ပြည်တွင်း စားသုံးမှု အားနည်းလျော့ပါးသွားမည အခြေအနေ ရှိကြောင်း၊ စူပါမားကက်ကြီးများသည် ပြည်တွင်း ထုတ်ဖျော်ရည်များကို လက်ခံလိုမှုအားနည်းနေ သဖြင့် ပံ့ပိုးအားပေးရန်  လိုအပ်ကြောင်း သိရှိရ သည်။
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များ၏ စွမ်းဆောင်မှု၊ ကျွမ်းကျင်မှုသည်  အရေးကြီးသည်။ မိမိနိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပေါများစွာရှိနေပါက အခြားရပ် ရွာသို့ သွားရောက်လုပ်ကိုင်ဝင်ငွေရှာစရာမလိုဘဲ အိုးမကွာ အိမ်မကွာ လုပ်ကိုင်နိုင်မည်ဖြစ်သည်။  စိုက်ပျိုးရေးအခြေခံ    စားသောက်ကုန်ဖြစ်သဖြင့် စိုက်ပျိုးတောင်သူများလည်း ဖွံ့ဖြိုးတိုးတက်လာ မည်။ နိုင်ငံအသီးသီးတွင် ဝင်ငွေမြင့်တက်သည်နှင့် ဖျော်ရည်သောက်နှုန်း မြင့်တက်ကြောင်းဖော်ပြ ထားသည်ကိုတွေ့ရသည်။ သို့ဖြစ်၍ ကြီးထွားလာသောဖျော်ရည်ဝယ်လိုအားကို ပြည်တွင်းဖျော်ရည်  ထုတ်လုပ်မှုလုပ်ငန်းများက ဖြည့်ဆည် ပေးလျက် ရှိရာ ပြည်တွင်းဖြစ်ကိုအားပေးကြပါရန် တိုက်တွန်း လိုက်ပါသည်။

ရီလင်းထွဋ် (မုံရွာ)