Main menu

Background

ဆေးဖက်ဝင် ဖလံတောင်ဝှေး

Mon, 08/14/2023 - 11:58 -- journal_editor

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဝက် ပုတ်၊ ပုတီးကုန်းအနား  ပတ်ဝန်းကျင်တွင် ဟင်းသီးဟင်းရွက်သီးနှံ မျိုးစုံ တို့ကို များစွာစိုက်ပျိုးထုတ်လုပ်၍ စီးပွားဖြစ် တင်ပို့ရောင်းချလျက်ရှိသည်။ ထိုဟင်းသီးဟင်းရွက်သီးနှံများထဲတွင် တကူးတက  စိုက်ပျိုးစရာမလိုဘဲ မိုးဦးကျတွင် ပေါက်ရောက်သော ဟင်းသီးဟင်းရွက်များလည်း  ပါဝင်ပေ သည်။ ထိုအလေ့ကျပေါက်ရောက်သော ဟင်းသီးဟင်းရွက်များထဲမှ ဖလံ တောင်ဝှေး၏အသုံးဝင်ပုံကို ရေးသားတင်ပြအပ်ပါသည် ။
စားသုံးသူတို့အနေဖြင့် ဖလံတောင်ဝှေးပင်ကို ဓာတုကင်းလွတ်သော ဟင်းသီးဟင်းရွက်အဖြစ် စိတ်ချစွာ စားသုံးနိုင်သည်။  အဘယ်ကြောင့်ဆို သော် ဖလံတောင်ဝှေးပင်သည် ဥမှအလေ့ကျပေါက်သော အော်ဂဲနစ်စစ်စစ် ဖြစ်ပါသည် ။ ဖလံတောင်ဝှေးပင်၏ အဖျားပိုင်း တစ်ပေခန့်ကို ချိုးယူ၍ ၁၀ တောင့်စည်း တစ်စည်းလျှင် ပေါ်ခါစ  ၅၀ဝ ကျပ်နှင့် လှိုင်သောအချိန်တွင်  ကျပ် ၃၀ဝ ခန့် ရရှိသည်။ 
ဖလံတောင်ဝှေး၏ အပေါ်ယံအမျှင်ကိုသင်၍ လက်တစ်ဆစ်ခန့် လှီး ဖြတ်ကာ ထက်ခြမ်းခြမ်း၍ ကြက်ဥနှင့်ကြော်စားလျှင် ဟင်းပွဲတစ်ပွဲအဖြစ် ရရှိသည်။ အပင်မှ အဖြူရောင်ပန်းများပွင့်ပြီး   အပင်ရင့်သန်လာလျှင် ချိုးယူစားသောက်ခြင်းမပြုတော့ပါ။ သို့‌သော် ရင့်သော ပင်စည်ရိုးကို နားအူ၊ နားကိုက် ဝေဒနာများအတွက် မီးအုံး၍ အရည်ခပ်နွေးနွေးကို နားထဲညှစ် ထည့်ပေးလျှင် ပျောက်ကင်း၍ ဆေးဖက်ဝင်သည်ဟု ကြားသိရသည်။ ဖလှံတောင်ဝှေးပင်သည် အမျှင်ဓာတြွ်ကယ်ဝ‌သောကြောင့် ဝမ်းချုပ်တတ်သူ များ မကြာခဏ စားသုံးပေးသင့်ကြောင်း ဆီးရောဂါများနှင့် အခြားရောဂါ များကိုလည်း သက်သာပျောက်ကင်း၍ အလွန်ဆေးဖက်ဝင်ကြောင်း ဆေး ကျမ်းများအရ သိရှိရသည်။ 
ယနေ့ခေတ် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သော  တောင်သူ များအနေဖြင့် စားသုံးသူဦးစားပေး၍ ဓာတ်မြေသြဇာနှင့်  ဓာတုပိုးသတ် ဆေးတို့ကို စနစ်တကျသုံးစွဲသော   တောင်သူဆိုသည်မှာ အလွန်ရှားပါး လှပါသည်။  ထို့ကြောင့် ကျန်းမာရေး လိုက်စားသော စားသုံးသူများအတွက် ဓာတုကင်းလွတ်သော ဟင်းသီးဟင်းရွက်ကို ရွေးချယ်စားသုံးနိုင်စေရန် တစ် နှစ်တစ်ကြိမ်သာပေါ်သော ရာသီစာ ဖလံတောင်ဝှေး၏ ဆေးဖက်ဝင် အသုံး ဝင်ပုံကို ရေးသားဖော်ပြလိုက်ရပါသည်။                

ထင်ဇော်ထွန်း(သဲကုန်း)