Main menu

Background

မိုးဦးကျရာသီတွင် သံပရာကိုင်းကူးပင်များ ဈေးကောင်းရနေ

Mon, 08/14/2023 - 12:01 -- journal_editor

ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သံပရာစိုက်တောင်သူများစွာရှိသည်။ ကျယ်ဝန်းသော ခြံများ တွင် အပင်ယုယရမှုနည်းပါးသော သံပရာကို လွယ်ကူစွာ စိုက်ပျိုးကြသလို အချို့သူများကလည်း ခြံလွတ်များဝယ်ယူကာ လွယ်ကူစွာ ရရှိသော သံပုရာကိုင်းကူးများကို ဝယ်ယူစိုက်ပျိုးခြင်းဖြစ်သည်။ သဲကုန်းမြို့နယ်အတွင်း သံပရာကိုင်းကူးရောင်းချသော လုပ်ငန်းမှာ ဈေးကွက်ကောင်း ဝင်ငွေကောင်းလျက်ရှိကြောင်း သိရှိရသည်။ 
သဲကုန်းမြို့နယ်၏ မြေအမျိုးအစားမှာ သဲဆန်သော အမျိုးအစားဖြစ်သဖြင့် သံပရာပင် စိုက်ပျိုးရန်အတွက် အလွန်သင့် တော်သော မြေအမျိုးအစားဖြစ်သည် ။ သံပရာခြံများစွာရှိ၍ လက်ကား ကုန်စိမ်းကုန်သည်များ ခြံထဲအထိ ကိုယ်တိုင်ခူးဆွတ်၍ လိုက်လံ ဝယ်ယူကြသည်။ 
သောင်းပြောင်းရောရာ သံပရာသီးတစ်လုံးကို နွေရာသီတွင် ၄၀ ကျပ်မှ ၇၀ ကျပ်ထိ ဈေးကောင်းရရှိပြီး မိုးရာသီတွင် ၁၅  ကျပ်မှ ၂၀ ကျပ်သာ ရရှိသည်။ ထို့ကြောင့် မိုးရာသီတွင် အပင်ကိုင်းကူးပင်တစ်ပင်ရရှိရန် အနည်းဆုံး ၄၅ ရက်ခန့် အချိန် ကြာမြင့်ကြောင်း၊ သံပရာပင် ကိုင်းကူးတစ်ပင်လျှင် အနည်းဆုံး ၂၀ဝ၀ ကျပ်၊ ကိုင်းသန်အမြစ်သန်လျှင် ၂၅၀ဝ  ကျပ်မှ  ၃၀ဝ၀ ကျပ်ထိ ဈေးကောင်းရရှိကြောင်း သိရှိရသည်။                         

 

 သန်းထွန်း(သဲကုန်း)