Main menu

Background

ဈေးကောင်းပေးဝယ်နေသော ပရဆေးကုန်ကြမ်း ရှဉ့်မတက်ဥ ‌

Mon, 08/14/2023 - 12:03 -- journal_editor

မြန်မာနိုင်ငံတွင် ပရဆေးကုန်ကြမ်းများကို တောင် ကိုရီးယားနိုင်ငံက ဝယ်ယူနေကြောင်း သတင်းကောင်းကြား သိရသည်။ တောင်ကိုရီးယားနိုင်ငံက ဝယ်ယူသည့် ပရဆေး အမယ်သစ်များမှာ ချဉ်ပေါင်ဖာလာ၊ဆပ်သွားသီး၊ ရှဥ့်မတက် ဥ၊ ဆင်တုံးမနွယ်၊ ဆီမီးတိုင်၊ ဝံအူမြစ်၊   ကန့်ဂလူ၊ မိုးမျှော်ဥ၊ မကပ်သီး၊ စမုံညို၊ တောထန်းမြစ်နှင့် ကြောင်လျှာစေ့တို့ဖြစ် သည်။ တောင်ငူမြို့ရှိ ပြညောမေ ွမနနည င်္မော ဃသ.ယူအိ. သည် ပရဆေးကုန်ကြမ်း ရှဥ့်မတက်ဥများကို ဝယ်ယူနေသည်။
ရှဥ့်မတက်ဥအစို တစ်ပိဿာလျှင် ကျပ် ၇၀ဝ မှ ၁၀ဝ၀ ကျပ်အထိ ပေး၍  ဝယ်ယူသည်။ ရေတာရှည်မြို့နယ် သာဂရ အနောက်ဘက်ခြမ်းနှင့်ဆွာအနောက်ဘက်ခြမ်းတို့တွင် ထွက် ရှိသဖြင့် ၎င်းဒေသများမှ ဝယ်ယူရရှိသည်။ ကုန်ကြမ်းလိုအပ် ပါက ရှမ်းပြည်နယ်(တောင်ပိုင်း)မှလည်း မှာယူသည်။ 
ရှဥ့်မတက်ဥကို မြန်မာနိုင်ငံ ဒေသအတော်များများ တွင် စိုက်ပျိုးနိုင်ပါသည်။ မျိုးသုဉ်းသွားခြင်းမျိုးမဖြစ်ပါ။ ရှဥ့်မ တက်ဥပင်သည် အသီး၊ အစေ့၊ အပင်တွင်  ဥရှိသည့်အတွက် တူးထားသည့်နေရာများမှ ရှည့်မတက်ဥ အကျန်ရှိလျှင် မိုးကျ သည်နှင့် အပင်ပြန်ပေါက်လာတတ်သည်။
ရှဥ့်မတက်ဥများကို   ကုန်ကြမ်း(ဥ)အတိုင်း   တင်ပို့ ရောင်းချခြင်း မရှိပါ။   ဝယ်ယူရရှိသည့် ရှဥ့်မတက်ဥများကို ပီပါပိုင်းဖြတ်၍ လုပ်ထားသည့်အိုးထဲသို့ထည့်ကာ ထင်းမီးဖို ဖြင့် ၄၅ မိနစ်ခန့် ပြုတ်ရသည်။ ပြုတ်ပြီး ရှဥ့်မတက်ဥများကို လုပ်သားများဖြင့် အခွံချွတ်ရသည်။  အခွံချွတ်ထားသော ရှဥ့်မတက်ဥများကို အခြောက်မြန်စေရန် အစိတ်အပိုင်းလေး များရရှိအောင် ပြုလုပ်ရပါသည်။ နေလှန်းအခြောက်ခံ၍မရ၊ မိုးရာသီတွင် မီးသွေးမီးဖိုဖြင့် အခြောက်ခံရသည်။ 
ရှဥ့်မတက်ဥခြောက် ကုန်ချောအဖြစ် ရရှိပါက တစ် ပိဿာလျှင် ကျပ် ၉၀ဝ၀  ရောင်းရသည်။ အစို ခြောက်ပိဿာ လျှင် အခြောက် တစ်ပိဿာရသည်။ ၂၀၂၃ ခုနှစ်   ဇူလိုင်လ အတွင်း တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ (ကျြညေ) သို့ ပိဿာ ၆၅၀ တင်ပို့ရောင်းချရကြောင်း ပြညောမေ ွမနနည င်္မော ဃသ.ယူအိ. တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။

မြင့်သူ (တောင်ငူ)