Main menu

Background

ကြက်ဟင်းခါးသီး စိုက်ပျိုးနည်းနှင့် ကျန်းမားရေးအကျိုးကျေးဇူးများ

Mon, 08/14/2023 - 12:23 -- journal_editor

ကြက်ဟင်းခါးသီး၏   မူရင်းဒေသမှာ   အာရှတိုက်၊ အာဖရိကတိုက်တို့ဖြစ်သည်။ မြေအမျိုး အစားမရွေးစိုက်ပျိုး နိုင်ပြီး မြေသြဇာကောင်းသော မြေမျိုးတွင် ပိုမိုပေါက်ရောက် နိုင်သော အပင်အမျိုးအစားဖြစ်သည်။ ရေကြိုက်သောအပင် အမျိုးအစားဖြစ်သော်လည်း ရေဝပ်တာကို မနှစ်သက်ပေ။
ကြက်ဟင်းခါးသီးပင်စိုက်ပျိုးမည်ဆိုပါက ဒေသမျိုးများ သည် အသီးပုံစံအားဖြင့် အရှည်မျိုး၊ အပုမျိုး‌ေ၊ အလုံးမျိုးဟူ၍ အမျိုးမျိုးရှိသည်။ အရောင်အားဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ အဖြူမျိုးဟူ၍ရှိပြီး များသောအားဖြင့် ခါးသောအရသာရှိ သည်။  စိုက်တန်းတစ်တန်းကို  သုံးပေ သို့မဟုတ် ငါးပေခွာ၍ တစ်ပင်နှင့် တစ်ပင်ကို တစ်ပေ သို့မဟုတ် နှစ်ပေခွာပြီးစိုက်ပျိုး ရသည်။ အပင်များဖြစ်ထွန်း၍ မြေသြဇာကောင်းရန် အမိုးနီ ယမ်ဆာလဖိတ်ဓာတ်မြေသြဇာနှင့် သဘာဝဓာတ်မြေသြဇာ များဖြစ်သော  နွားချေး၊ မီးသွေး၊ ပြာ၊ အုန်းခွံတို့ကို ထည့်၍ စိုက်ပျိုးလျှင် ပို၍ကောင်းမွန်ကြောင်းသိရသည်။ 
အပင်စထွက်လာပြီးဆိုပါက မြေပေါင်းသင်းခြင်း၊ မြက် နုတ်ခြင်း၊ မြေကြပ်မည်ဆိုပါက မြေဆွပေး ခြင်းတို့ကိုလုပ်ပေးရ သည်။ အပင် လေးပေမှ ငါးပေထိရှိလာပါက ကြက်ဟင်းခါးသီး သည် နွယ်အမျိုးအစားတွင် ပါဝင်သောကြောင့် စင်ထိုး၍ စိုက်ပျိုးရသည်။ ရက် ၅၀-၆၀ တွင်စတင်၍ အသီးအပွင့်များ ကို လိုရာခူးဆွတ်၍ စားသုံးနိုင်သည်။ 
ကြက်ဟင်းခါးသီးသည်   ဆေးဖက်ဝင်အာနိသင် အပြည့်အဝရရှိသော အသီးဖြစ်၍ ကြက်ဟင်းခါးသီး အညွန့် ကို ပြုတ်တို့၍လည်းကောင်း၊ အသီးကို အခွံခြစ်၍ လှီး၍ ဆားနှင့်နယ်၊ အခါးရည ် ညစ်ထုတ်ပြီး ပုစွန်၊ အသားမျိုးစုံနှင့် ကြော်၍ လည်းကောင်း၊ မျှစ်၊ ပဲပုစွန်တို့နှင့် ရောနှောချက် ပြုတ်၍ လည်းကောင်း၊ အသီးကင်းများကို ပြုတ်၍ အတို့ အမြှုပ်အဖြစ်လည်းကောင်း စားသောက်ကြသည်။ ကြက်ဟင်း ခါးသီးကိုစားသုံးခြင်းဖြင့်   သွေးထဲရှိသည့် မကောင်းသော အဆီဓာတ်တွေကို လျှော့ချပေးခြင်း၊ ကင်ဆာရောဂါပြန့်ပွားမှု ကို လျှော့ချတားဆီးပေးခြင်း၊ ဆီချိုးရောဂါကို ထိန်းချုပ်ကာ ကွယ်ပေးခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်းတိုးတက်စေ၍ အမြင်အာရုံကိုလည်း ကောင်းမွန်စေသည်။
တခြား   အာနိသင်များဖြစ်သော    အသက်ရှူလမ်း ကြောင်းနှင့်ဆိုင်သော   ပန်းနာရင်ကြပ်၊   အဆုပ်ပွ၊ ချောင်းဆိုး စသည့် အသက်ရှူလမ်းကြောင်းပြဿနာများဖြစ်လျှင် လတ် ဆတ်သော ကြက်ဟင်းခါးသီးကို အရည်ကြိတ်၍ ရရှိလာသော အရည်နှင့်  ပျားရည်တို့ကိုရောပြီး သောက်လျှင် သက်သာ ပျောက်ကင်း၍ ယခုအချိန်မိုးရာသီတွင် ရာသီတုပ်ကွေးများ ဖြစ်များပြီး ကြက်ဟင်းခါးသီးအညွန့်ကိုကြိတ်၍ ရရှိလာသော အရည်ကို ပျားရည်နှင့် ရော၍ သောက်ပါကရာသီတုပ်ကွေးကို ကာကွယ်နိုင်ကြောင်း လေ့လာသိရှိရသည်။
ကြက်ဟင်းခါးသီးကို အလေ့အကျပေါက်သော အပင် များမှသော်လည်းကောင်း၊ ဈေးမှသော် လည်းကောင်း ဈေး နှုန်းသက်သာစွာ  အလွယ်တကူ ဝယ်ယူရရှိနိုင်သောကြောင့်  အကုန်အကျ နည်းစွာဖြင့် အသုံးပြုနိုင်မည့် လူတိုင်းအတွက် ဆေးစွမ်းတစ်လက် ကြက်ဟင်းခါးသီးအကြောင်းကို ရေးသား ဖော်ပြလိုက်ရပါသည်။                                  

       နန်းအေးမူ