ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေး သည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရ သည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၃ ခုနှစ် သြဂုတ် ၁၇ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၉၅ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ သြဂုတ် ၂၃ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၀၂ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရ သည်။ ပြည်တွင်းရွှေဈေးသည်လည်း ၂၀၂၃ ခုနှစ် သြဂုတ် ၁၇ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၈၇၅၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ သြဂုတ် ၂၃ ရက်တွင် ကျပ် ၃၈၀ဝ၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိ ရသည်။
ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) သည် တိုးတက်မှုနှုန်း ၃ ဒသမ ၃ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မှုရှိလာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်း ထုတ်ပြန်ထားသည်။
ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လို အား ပြောင်းလဲမှုပေါ်လိုက်၍ ၂၀၂၃ ခုနှစ် သြဂုတ် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း ၃၇၂၀-၃၇၄၀ ကျပ်ကြား ရှိနေကြောင်း သိရှိရသည်။
P&S