Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Thu, 08/31/2023 - 10:06 -- journal_editor

ပည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ်သြဂုတ် ၂၃ ရက်တွင်Thai Rice Exporter Association ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၇ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၂ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၆ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၁၂ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၂ ဒေါ်လာဖြင့် လည်းကောင်း၊ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၂ဒေါ်လာဖြင့်လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၇ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၇ ဒေါ်လာဖြင့်လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင်ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ၄၇၇ ဒေါ်လာ ဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ Thai Rice Exporter Association ၌ ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ဧည့်မထ ၅ ရာခိုင် နှုန်းဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများ၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် အိန္ဒိယနိုင်ငံ၏ပြည်တွင်းဆန်ဈေး ကျဆင်းစေရေးအတွက် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို ရပ်ဆိုင်းထားပြီးနောက် ဆန်တင်ပို့မှုပြန်လည်စတင်ရန်အတွက် စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့က အိန္ဒိယနိုင်ငံကို တိုက်တွန်းလျက်ရှိကြောင်း သိရှိရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ဆိုးရွားသည့် ရာသီဥတုကြောင့်စားနပ်ရိက္ခာဈေးကွက် အမျှင်ပြတ်ခြင်းကို သက်သာလျော့ပါးရေးနှင့် စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှလည်း အိန္ဒိယနိုင်ငံထံမှဆန်တင်သွင်းမှုကို မှီခိုနေရခြင်းများကြောင့် ၎င်းနိုင်ငံများမှအိန္ဒိယနိုင်ငံကို ဆန်ပြန်လည်တင်ပို့နိုင်ရန် တိုက်တွန်းလျက်ရှိကြောင်း သိရှိရသည်။ပြည်တွင်းဆန်ဈေးကွက် သတင်းအနေဖြင့် မြန်မာနိုင်ငံဆန် စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)
ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ မှ ၁၂၀ဝ၀ဝ ကြား ပေါက်ဈေးရှိကာ ရွှေဘိုပေါ်ဆန်းမှာ ဆန်တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝမှ ၁၄၅၀ဝ၀ ကြား ပေါက်ဈေးရှိပြီးယခင်တစ်ပတ်ထက် ကျပ် ၅၀ဝ၀ ခန့် ဈေးနှုန်းမြင့်တက်လျက်ရှိသည်။ ဆန်ကြမ်းဖြစ်သောဧည့်မထ ၂၅ မှတ်တန် ဆန်တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀မှ ၆၈၀ဝ၀ကြား ပေါက်ဈေးရှိပြီး ဧည့်မထရိုးရိုးဆန် တစ်အိတ်လျှင် ကျပ်
၆၇၀ဝ၀ မှ ၆၉၀ဝ၀ ကြား ပေါက်ဈေးရှိကာ ယခုတစ်ပတ်တွင်ဆန်ကြမ်းဈေးနှုန်းမှာ ကျပ် ၁၀ဝ၀ ခန့် မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၁၈ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၁၅၈၂၃၄ ဒသမ ၄၉၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၅၉၉ သန်း၊ ဆန်ကွဲ တန်ချိန်၂၀၁၅၄၉ ဒသမ ၄၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ၇၉ ဒသမ ၈၅၈ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတန်ချိန် ၃၅၉၇၈၃ ဒသမ ၉၄၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၆ ဒသမ ၄၅၇ သန်း ရရှိထားပြီး၊ ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၄၆၁၇၉၂ ဒသမ ဝ၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ၁၆၇ ဒသမ ၇၈၇ သန်း၊ ဆန်ကွဲတန်ချိန် ၃၁၇၆၆၆ ဒသမ ၁၀ဝတန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၁ ဒသမ ၈၄၃ သန်း၊ စုစုပေါင်း ဆန်နှင့် ဆန်ကွဲတင်ပို့နိုင်မှု တန်ချိန် ၇၇၉၄၅၈ ဒသမ ၁၅၀တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၆၉ ဒသမ ၆၃၀ သန်း တင်ပို့ခဲ့သည်။ ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန်၃၀၃၅၅၇ ဒသမ ၅၅၉ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၁ဒသမ ၁၈၈ သန်းနှင့် ဆန်ကွဲတင်ပို့မှုအနေဖြင့် ဆန်ကွဲတန်ချိန်
၁၁၆၁၁၆ ဒသမ ၆၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁ဒသမ ၉၈၅ သန်း လျော့နည်းတင်ပို့ခဲ့သည်။မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၃ခုနှစ် သြဂုတ် ၂၃ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ
ဧည့်မထဆန် တစ်အိတ်လျှင် ၁၅၅ - ၁၆၀ ယွမ် (ပြင်ပ ငွေလဲနှုန်းတစ်ယွမ်လျှင် ၅၀ဝ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင်၇၇၅၀ဝ ကျပ်မှ ၈၀ဝ၀ဝ ကျပ်ကြား) ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့၌ ၂၀၂၃ခုနှစ် သြဂုတ် ၂၃ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရပြင်ပငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင် ၁၀၆ ကျပ်နှုန်း ပေါက် ဈေးရှိကြောင်း သိရှိရသည်။တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါကဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ၆၄၅၀ ကျပ်ဖြင့်အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ပြည်မြို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ၂၇၅၀ ကျပ်ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။ Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၈၇ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိရ သည်။ ၂၀၂၃ ခုနှစ် သြဂုတ်လ တတိယပတ်တွင် နိုင်ငံတကာ ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ် ပါသည်။

P&S