Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Thu, 08/31/2023 - 10:08 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၁ ရက်တွင်Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ဈေးနှုန်းများ အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၄ နိုင်ငံအနက် တူရကီနိုင်ငံသည် ယခု တစ်ပတ်တွင် ၄ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့် ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် ၂ ဒသမ ၅၀ ရာခိုင်နှုန်း၊ အိုင် ယာလန် နိုင်ငံတွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်းနှင့် သြစတြေးလျ နိုင်ငံ တွင် ၂ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၄၀ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ ဘီနင်၊ ဘူလ်တန်၊  လက်ဘနွန်၊ မိုနာကိုနှင့် ပိုလန် စသည့်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၇၉ နိုင်ငံ တွင် ယခင်တစ်ပတ်ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီ ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။
ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ခရို အေးရှား၊ ကနေဒါ၊  ကော်စတာရီကာ၊ ဆလိုဗက်ကီးယားနှင့် ဥဇဘက် ကစ္စတန် အပါအဝင် နိုင်ငံပေါင်း ငါးနိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေး နှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၁ ဒသမ ၂၀ ရာခိုင်နှုန်းထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၃ ခုနှစ် သြဂုတ် ၂၁ ရက်တွင်  ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန ၌ ဖော်ပြထားရှိသည့် ဓာတ်ဆီ ဈေး နှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဗီယက်နမ်နိုင်ငံ တွင် ၂ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ကျန်အာဆီယံ နိုင်ငံများတွင်  ဈေးနှုန်းအပြောင်းအလဲမရှိ  တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် သြဂုတ် ၂၁ ရက်တွင်Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၄ နိုင်ငံ အနက် တူရကီနိုင်ငံသည် ယခုတစ်ပတ်တွင် ၇ ဒသမ ၆၀ ရာခိုင်နှုန်း ဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး သြစတြေးလျနိုင်ငံ တွင် ၅ ဒသမ ၄၀ ရာခိုင်နှုန်း၊ တောင်ကိုရီးယားနိုင်ငံတွင် ၄ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် အိုင်ယာလန် နိုင်ငံတွင် ၃ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး   မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၃၄ နိုင်ငံရှိ ကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ အာဂျင်တီးနား၊ ဘာဘေဒို၊ ဘူလ်တန်၊ ဂွါတီမာလာ၊ အစ္စရေး၊ ဂျော်ဒန်၊ လီဆိုသို၊ မက္ကဆီကို၊ နော်ဝေနှင့် တောင်အာရိက စသည့် နိုင်ငံများအပါအဝင်  နိုင်ငံပေါင်း ၇၉ နိုင်ငံ တွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ် ဈေးနှုန်းတည်ငြိမ်နေကြောင်း တွေ့ရှိရသည်။ 
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဗီယက် နမ်၊ ပြင်သစ်၊ ဂျာမနီ၊ ကော်စတာရီကာ၊ ပေါ်တူဂီ၊ နယူးဇီလန်၊ မော်လ်ဒိုဗာနှင့် မက်ဆီဒိုးနီးယား အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံ ရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၄ ဒသမ ၄၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၃ ခုနှစ် သြဂုတ် ၂၁ ရက်တွင် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန ၌ ဖော်ပြထားရှိသည့် ဒီဇယ် ဈေးနှုန်း များအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဗီယက်နမ် နိုင်ငံတွင် သုည ဒသမ ၃၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ပြီး ကျန်အာဆီယံ နိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့ လာတွေ့ရှိရသည်။             
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ် သြဂုတ် ၂၄ ရက်တွင် အောက်တိန်း-၉၂ တစ်လီတာလျှင် ၂၂၈၀ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ၂၃၉၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၄၃၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၅၀၅ ကျပ် အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၂၅၀ ကျပ်၊ ဒီဇယ် တစ် လီတာလျှင် ၃၃၅၀ ကျပ်၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၄၁၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၃၄၁၅ ကျပ်ဖြင့် အမြင့်ဆုံး ဖြစ် ပေါ်နေပြီး ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၃၆၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၄၀၅ ကျပ်၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ၂၃၇၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၄၁၅ ကျပ်ဖြင့် အနည်း ဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။ 
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်းစက်သုံးဆီဈေး နှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်တစ်ပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၂၀ ကျပ်နှင့် ဒီဇယ် တစ်လီတာလျှင် ၄၅ ကျပ်သို့ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။