Main menu

Background

စီးပွားရေးအကြပ်အတည်းများကြားက ဘင်္ဂလားဒေ့ရှ်၏ ပို့ကုန်အခွင့်အလမ်း

Thu, 08/31/2023 - 10:36 -- journal_editor

နိုင်ငံတစ်နိုင်ငံ၏အလုံးစုံသော လိုအပ်ချက်ကိုဖြည့်ဆည်းပေး နိုင်ရေးအတွက် ပို့ကုန်ဝင်ငွေ အရေးကြီးကြောင်းကို နိုင်ငံအစိုးရတိုင်း က သဘောပေါက်နေကြပြီ။ ပို့ကုန်ဝင်ငွေ  အခြေအနေကောင်းသည် ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပေါင်းလက္ခဏာဟုဆိုနိုင် သည်။ ပို့ကုန်ကဏ္ဍဖွံ့ဖြိုးမှု   ဆက်လက်ဖြစ်ပေါ်နေပါက အနာဂတ် စီးပွားရေးအတွက်ပါ  အလားအလာကောင်းဟု မှန်းဆကြသည်။ 
ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏   ပို့ကုန်မြှင့်တင်ရေးဗျူရို(Export Promotion Bureau- EPB) ) က  ၂၀၂၂ ဇူလိုင်လမှ ၂၀၂၃မေလအထိ   နိုင်ငံ၏ ပို့ကုန်အချက်အလက်ကိန်းဂဏန်းများကို   ထုတ်ပြန်ခဲ့ရာ   အသင့်ဝတ်အထည်(Readymade Garment- RMG)ချုပ်လုပ်တင်ပို့မှု စုစုပေါင်းပမာဏမှာ   အမေရိကန် ဒေါ်လာ ၄၂ ဒသမ ၆၃ ဘီလီယံ ရှိပြီး ယခင်နှစ်  အလားတူကာလနှင့်နှိုင်းယှဉ်ပါက  ၁၀ ဒသမ ၆၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဖော်ပြထားသည်။  
အသင့်ဝတ်အထည်ချုပ် ပို့ကုန်တင်ပို့မှုတွင်   ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ဥရောပဈေးကွက်၌ ဒုတိယအဆင့်နှင့် အမေရိကန်ဈေး ကွက်၌ တတိယအဆင့်အခြေအနေဖြင့် ရပ်တည်လျက်ရှိနေသည်။ နိုင်ငံ၏အသင့်ဝတ်အထည် ချုပ်လုပ်တင်ပို့မှုစုစုပေါင်း  ပမာဏထဲ တွင် ၄၉ ဒသမ ၇၈ ရာခိုင်နှုန်း (အမေရိကန် ဒေါ်လာ ၂၁ ဒသမ ၂၂ ဘီလီယံတန်ဖိုး)သည်  အီးယူဈေးကွက်သို့လည်းကောင်း၊ ၁၀ ဒသမ ၇၇ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၉ဘီလီယံတန်ဖိုး)ကို ယူကေဈေးကွက်သို့ လည်းကောင်း၊   ၁၈ ဒသမ ၁၄ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၃ ဘီလီယံတန်ဖိုး)ကို  အမေရိကန် ဈေးကွက်သို့လည်းကောင်း၊  ၃ ဒသမ ၂၆ ရာခိုင်နှုန်း( အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၉ ဘီလီယံတန်ဖိုး)သို့ ကနေဒါဈေးကွက်သို့လည်း ကောင်း၊ ယခင်တင်ပို့နေကျမဟုတ်သည့်  ဈေးကွက်များသို့လည်း ၁၈ ဒသမ ဝ၄ ရာခိုင်နှုန်း(အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၉ ဘီလီယံ တန်ဖိုး) တင်ပို့နိုင်ခဲ့သည်။   
အီးယူး(ဥရောပသမဂ္ဂ)ဒေသသည်    ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အသင့်ဝတ်အထည်ချုပ် ((Readymade Garment- RMG) တင်ပို့မှု အတွက် အကြီးမားဆုံးဈေးကွက်ဖြစ်သောကြောင့် အဆိုပါ ကဏ္ဍ တိုးတက်မှုအတွက် သိသိသာသာ  ပံ့ပိုးပေးခဲ့သည့်ဒေသဟုပင် ဆိုနိုင် သည်။ ၂၀၂၂ခုနှစ် မေလတွင် ၉ ဒသမ ၉ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး  လွန်ခဲ့သည့် ၂၀၂၁ခုနှစ် ဇူလိုင်လမှ ၂၀၂၂ခုနှစ်မေလအထိ အခြေ အနေများနှင့်နှိုင်းယှဉ်ပါက    အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၃၀ ဘီလီယံမှ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၂၂ ဘီလီယံအထိသို့   တိုးမြင့်လာခဲ့ခြင်းဖြစ်သည်။ 
ပို့ကုန်မြှင့်တင်ရေးဗျူရို၏ ထုတ်ပြန်ချက်များအရ နှစ်လ ဆက် တိုက် ကျင်းဆင်းခဲ့ပြီးနောက် မေလ ပို့ကုန်အခြေအနေ   ပြန်တက် လာခဲ့သည်။ ဒေါ်လာငွေကြေးအကျပ်အတည်းကြောင့်  နိုင်ငံ၏ကျောက်မီးသွေး တင်သွင်းမှုမှာ မသေချာမှုများဖြစ်နေသည့်အချိန်တွင် ပို့ကုန်ဝင်ငွေအခြေအနေသည်   နိုင်ငံကို ကောင်းသတင်းပေး လာခဲ့သည်။ ၂၀၂၂ ခုနှစ် ၁၁ လအတွင်းရရှိခဲ့သည့် ပို့ကုန်ဝင်ငွေမှာ ၂၀၂၁ ခုနှစ်က ၁၂ လရရှိခဲ့သည့် ပမာဏအထိ ဖြစ်လာသည်။  ထို အခြေအနေအတိုင်း ဆက်လက်ဖြစ်ပေါ်နေပါက ယခုနှစ် ၂၀၂၃ ဇွန်လအကုန်တွင်   ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ပို့ကုန်ဝင်ငွေပမာဏ စံချိန် တင်နိုင်သည်ဟု သုံးသပ်ကောက်ချက်ချနေကြသည်။    ထိုအခြေ အနေကို ဆက်လက်ထိန်းသိမ်းနိုင်ရန်မှာ ကမ္ဘာ့စီးပွားရေးအခြေအနေ၊   ဒေါ်လာအပါအဝင် နိုင်ငံတကာသုံးငွေမာများ၏ အခြေအနေကို အဆက်မပြတ်လေ့လာနေရန် လိုသည်။အခြေအနေနှင့်လျော်ညီသော အပြောင်းအလဲများကို အကောင်အထည်ဖော်နေရန် လိုပေသည်။  
ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း    ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စက်မှုဆိုင်ရာ    အခြေခံအဆောက်အအုံများတွင်   သိသာသော အပြောင်းအလဲအချို့ရှိခဲ့သည်။ နိုင်ငံတကာမှ လက်လီ ရောင်းချသူ များ၏ ယုံကြည်မှုကိုလည်း  ပြန်လည်ရရှိခဲ့သည်။  တိုက်ဆိုင်စွာပင် ကမ္ဘာ့အထည်အလိပ်ဈေးကွက်များ အခြေအနေ  ကျဆင်းနေသည့် ကာလ၊ထုတ်လုပ်မှုစရိတ် မြင့်မားမှုနှင့်လုပ်သားရှားပါးမှုများကြောင့် ကမ္ဘာ့အကြီးမားဆုံး   အထည်အလိပ်ပို့ကုန်သမားအချို့ ဈေးကွက် ဝေစုများ ဆုံးရှုံးမှုကို    ရင်ဆိုင်နေရချိန်၌  နိုင်ငံတကာမှလုပ်ငန်း အမှာစာများသည် ဘင်္ဂလားဒေ့ရှ်အထည်ချုပ်စက်ရုံများသို့    လမ်း ကြောင်း  ပြောင်းလဲရောက်ရှိလာနေသည်ဟု သိရသည်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံအနေဖြင့် လက်ရှိ အားသာချက်ဖြစ်သည့်   ထုတ်လုပ်မှု စရိတ် နည်းပါးခြင်းကို ကောင်းစွာအသုံးချရမည့်  အနေအထားဖြစ် လာသည်။  
မကြာသေးမီကပြုလုပ်ခဲ့သည့်လေ့လာမှုတစ်ရပ်အရ ကုန် ထုတ် စွမ်းရည်နိမ့်ကျမှု၊ အလယ်အလတ်အဆင့် စီမံခန့်ခွဲရေး ကျွမ်း ကျင်သူရှားပါးမှုနှင့်လုပ်ငန်းရှေ့နောက်ချိတ်ဆက်မှုများတွင်အကန့် အသတ်များရှိနေခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏    အသင့်ဝတ် အထည်ချုပ်ကဏ္ဍတိုးချဲ့မှုအတွက် အဓိကကျသော  စိန်ခေါ်မှုများ ဟုဆိုသည်။ ကုန်ကြမ်းရရှိနိုင်မှု၊   သယ်ယူပို့ဆောင်ရေး၊  ဆိပ်ကမ်း များတွင် စက်ယန္တရား အသုံးအပြုမှု၊  ဘဏ္ဍာရေးထောက်ပံ့မှု  အား နည်းခြင်းနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာများတွင်လည်း   ကန့်သတ်ချက် များ၊  စိန်ခေါ်မှုများရှိနေသည်။ အစိုးရအနေဖြင့်   စိန်ခေါ်မှုများကို အချိန်တိုအတွင်း ထိထိရောက်ရောက်  ကိုင်တွယ်ဖြေရှင်းရန် အကြံပြု မှုများရရှိထားသည်။ ထို့အပြင် လာမည့်နှစ်များအတွင်း  အသင့်ဝတ် အထည်ချုပ်ကဏ္ဍရှိ    လုပ်သားများကို  ကျွမ်းကျင်မှု မြင့်တင်ရေး အတွက်လည်း  စီမံချက်များ ပြင်ဆင်ရေးဆွဲထားရန် လိုအပ်နေသည်။  
ရုရှား-ယူကရိန်းစစ်ပွဲကြောင့်    ကမ္ဘာတစ်ဝန်းတွင် အကျပ် အတည်းအမျိုးမျိုး ပေါ်ပေါက်ခဲ့သည်။ စားသောက်ကုန်များမှ အစပြု ၍ ထုတ်ကုန်အမျိုးမျိုး၏ ဈေးနှုန်းများအပေါ်  ဖိအားသက်ရောက်မှု များရှိခဲ့သည်။ နိုင်ငံအစိုးရများသည်  ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်ကို လေ့လာသုံးသပ်၍   မိမိတို့နိုင်ငံအကျိုးစီးပွားအတွက် ပြင်ဆင်လုပ်ဆောင်မှုများဖြင့် အားထုတ်နေကြသည်။  ကမ္ဘာ့စီးပွား ရေးအကျပ်အတည်းများကြားမှပင်  စီးပွားရေးအခွင့်အလမ်းများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ စီးဝင်လာနေ၏။  ဘင်္ဂလားဒေ့ရှိအစိုးရ အနေဖြင့် အခြေအနေသိမြင်ကာ အခွင့်အလမ်းကို   ရယူနိုင်ရေး  အချိန်အခါသင့် လုပ်ဆောင်ရန်သာလိုတော့သည်ဟုဆိုရမည်။ ရရှိ ပြီးသော စီးပွားရေးတိုးတက်မှုကို အရှိန်အဟုန်ကို ဆက်လက် ထိန်း ထားရေး၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ တိုးမြှင့်နိုင်ရေးနှင့်  အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးအခြေအနေတို့ကို ဆက်စပ်စဉ်းစားထားရန် လိုသည်။    
စီးပွားရေးအဆောက်အအုံအတွင်းရှိ ကွဲပြားနေသော ကဏ္ဍများအကြား ဆက်စပ်အကျိုးစီးပွားများ  ဖြစ်ထွန်းရေးနှင့် ရေရှည် ခိုင်မာမှုရရှိရေးအတွက် ဈေးကွက်အသစ်များကို ဖော်ထုတ်နိုင်ရမည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့်ဆေးဝါး၊ စိုက်ပျိုးရေးထွက်ကုန်၊ပလတ် စတစ်၊အိုင်စီတီ၊ သင်္ဘောတည်ဆောက်ရေး၊ ပရိဘောဂများထုတ်ကုန် အပါအဝင် ဈေးကွက်ထိုးဖောက်အားကောင်းသည့်ကဏ္ဍများ  မြှင့် တင်နိုင်ရေးအစီအစဉ်များကိုလည်း  ဆက်လက် လုပ်ဆောင်နေသင့် သည်။ တစ်ချိန်တည်းမှာပင်  ပို့ကုန်တိုးတက်မှုအရှိန်ကို  ထိန်းထား နိုင်ရန် အခြေခံအဆောက်အအုံ၊ လျှပ်စစ်ဓာတ်အားရရှိမှုနှင့် အဖွဲ့ အစည်းဆိုင်ရာ အခက်အခဲများနှင့်ပတ်သက်၍လည်း  တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်ဖြေရှင်းမှုများ ပြုလုပ်နေသင့်သည်။
ထုတ်ကုန်ရှုထောင့်အားဖြင့်လည်းကောင်း၊ ဈေးကွက်ရှုထောင့် အားဖြင့်လည်းကောင်း လေ့လာမှုများပြုလုပ်၍ ကွဲပြားခြားနားသော ကဏ္ဍများ၏ဆက်စပ်လုပ်ဆောင်မှုများကို အားပေးနိုင်သည့် သီးခြား မဟာဗျူဟာတစ်ရပ်ကို ပြင်ဆင်ထားနိုင်ရေး   ပို၍အာရုံစိုက်ရမည်။ ဘက်စုံထောင့်စုံပြင်ဆင်ထားသော   အလုံးစုံ မူဝါဒအစီအစဉ်သည် ဘင်္ဂလားဒေ့ရှ် ပို့ကုန်လုပ်ငန်း  ပိုမိုတိုးတက်လာစေရန် အထောက် အကူပေးနိုင်လိမ့်မည်။    
ကမ္ဘာတစ်ဝန်း၌   ခက်ခဲကျပ်တည်းမှုများကြုံနေရချိန်၊ အမေ ရိကန်ဒေါ်လာနှင့်ပတ်သက်၍ ကုန်သွယ်ရေးကဏ္ဍ ဘေးအန္တရာယ် မကင်းမှုများဖြစ်ပေါ်နေချိန်    ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏   အသင့်ဝတ် အထည်ချုပ် ပို့ကုန်ကဏ္ဍမှာ အခြေအနေကောင်းများ ဖြစ်ပေါ်နေ သည်တွေ့နေရ၏။အစိုးရ၏စီးပွားရေးအမြော်အမြင်များ၊ တွေးတော ကြံဆမှုများအလုပ်ဖြစ်ပါက ကမ္ဘာ့စီးပွားရေး အခက်အခဲ   အကျပ် အတည်းများကြားမှာပင် ဘင်္ဂလားဒေ့ရှ်အစိုးရသည်   နိုင်ငံ၏ပို့ကုန် ကဏ္ဍအတွက် အခွင့်အလမ်းကောင်းများကို  မိမိရရဆုပ်ကိုင်နိုင်မည် ဖြစ်ပေသည်။                          

   ့    https//www.eurasiareview.com

 

စောနိုင် (အသုံးချဘောဂဗေဒ)