Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် လုပ်ငန်းညှိနှိုင်းစည်းဝေ

Mon, 09/11/2023 - 10:15 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ် ပထမခြောက်လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁ ရက်  နံနက် ၉ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃) ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီးက  ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးများနှင့် စီးပွားရေးရာကော်မတီ  အစည်းအဝေးတို့တွင် နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအနက် မိမိဝန်ကြီးဌာနမှ လိုက်ပါအကောင် အထည်ဖော်ရမည့် အချက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ကြီး ဌာန၏ မျှော်မှန်းချက်များ ဆက်လက်အကောင်အထည်ဖော်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ (MSME) ၏ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက် အောင် ပံ့ပိုးကူညီပေးရေး၊ မြန်မာ့ထုတ်ကုန်များ အရည်အသွေး ပိုမိုကောင်းမွန်ပြီး အရေအတွက် တိုးမြှင့်တင်ပို့နိုင်ရေး၊ ဈေးကွက်တစ်ခုတည်းကို မှီခိုမနေဘဲ ပြည်ပ ဈေးကွက်သစ်များရအောင် ကြိုးစားသွားရေး၊ ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်  ဆက်ဆံမှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ တရားမဝင် ကုန် သွယ်မှုများ တိုက်ဖျက်သွားရေး၊ ဝန်ထမ်းများ၏  စွမ်းဆောင်ရည်  မြင့်တက်ရန် ကြိုးစားဆောင်ရွက်သွားရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များအား ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးက ဝန်ကြီးဌာန၏ ဖွဲ့စည်းမှု၊ ဝန်ထမ်းသက်သာ ချောင်ချိရေးဆောင်ရွက်ပေးမှု အခြေအနေများ၊ ဌာနတစ်ခုချင်းစီ၏ လုပ်ငန်းတာဝန် များအပေါ် ဆောင်ရွက်သင့်သည့် အချက်များနှင့် ဝန်ထမ်းများ လိုက်နာဆောင်ရွက် ရမည့် စည်းမျဉ်း၊ စည်းကမ်းများအား မှာကြားခဲ့သည်။ 
ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ညွှန်ကြားရေးမှူးများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာန၏ ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များအား ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့သည်။  
အခမ်းအနားသို့   စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ အရာထမ်းများ၊ နယ်စပ်ကုန်သွယ် ရေးစခန်း တာဝန်ခံများနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ ပါဝင်တက်ရောက် ခဲ့ကြောင်း သိရသည်။ 
ခြောက်လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို စက်တင်ဘာ ၂ ရက်တွင် ဆက်လက်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့တို့မှ ညွှန်ကြားရေးမှူးချုပ်များက  ဌာနအလိုက် ဖွဲ့စည်းမှု၊ လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ကြ သည်။ ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့ သည့် အဆင့်မြင့်အရာရှိ  သင်တန်းအမှတ်စဉ် (၁၃)နှင့် အမှတ်စဉ်(၁၄)တို့တွင် ပထမဆုရရှိခဲ့ကြသည့် ညွှန်ကြားရေးမှူး  နှစ်ဦးနှင့် အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်(၁၁)တွင်    စံပြဆုရရှိခဲ့သော   ဦးစီးအရာရှိ တစ်ဦးတို့အား ပြည်ထောင်စုဝန်ကြီးမှ ဆုများချီးမြှင့်ခဲ့သည်။
ထို့နောက် ဌာနများ၏ တင်ပြချက်များနှင့်စပ်လျဉ်းပြီး ဒုတိယဝန်ကြီးက တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်ရေးအတွက် နယ်စပ်ကုန်သွယ်ရေး စခန်း တစ်ခုချင်းအလိုက် စိစစ်ဆောင်ရွက်ရမည့် အချက်များ၊ ကုန်ဈေးနှုန်းများ အထူးသဖြင့် အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီဈေးနှုန်းများ ကျဆင်းရေးနှင့် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများအားလုံး  အလေးအနက်ထား ဆောင်ရွက်သွားကြရန် ကိစ္စများကို မှာကြားခဲ့သည်။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက ဌာနများအနေဖြင့် အခြေခံကျကျ သုံးသပ်ပြီး  စီမံကိန်းလျာထားချက်များ ပြည့်မီအောင်၊ ယင်းမှတစ်ဆင့် ကျော်လွန် အောင် ကြိုးစားဆောင်ရွက်သွားရန်၊ မိမိတာဝန်ကျရာ နယ်မြေဒေသ၊ ခရိုင်၊ တိုင်း အလိုက် ပို့ကုန်တိုးမြှင့် ထုတ်လုပ်နိုင်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စာ း လုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ကူညီပံ့ပိုးပေးသွားရန်Digitalized Ministry ဖြစ်လာစေရေးအတွက် ဝန်ထမ်းများအားလုံးမှ စဉ်ဆက် မပြတ်   လေ့လာသင်ယူသွားကြရန်နှင့် ဝိုင်းဝန်းကြိုးပမ်း  ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။                                                                  

 MOC(IR)