Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 09/11/2023 - 11:07 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံရေး အခြေ အနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်း အလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည်  သြဂုတ် ၃၁ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၄၅ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ စက်တင်ဘာ ၇ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၁၈ ဒေါ်လာဖြစ် ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည်လည်း သြဂုတ်  ၃၁ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင်  ကျပ် ၃၇၅၅၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ စက်တင်ဘာ ၇ ရက်တွင် ကျပ် ၃၅၅၅၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး   (GDP) သည် တိုးတက်မှုနှုန်း ၃ ဒသမ ၃ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၃ ဒသမ ၄ ရာခိုင် နှုန်း တိုးတက်မှုရှိလာနိုင်ကြောင်း  အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)မှ ခန့်မှန်းထုတ်ပြန်ထားသည်။  ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လို အား ပြောင်းလဲမှုပေါ်လိုက်၍ သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၆ ရက်ထိ ရက်သတ္တပတ်အတွင်း ကျပ် ၃၄၉၀-၃၅၁၀ ကြားရှိ နေကြောင်း သိရှိရသည်။

 

P&S