Main menu

Background

ဆန်ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်တင်ပြခြင်း

Mon, 09/11/2023 - 11:14 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ်၊စက်တင်ဘာ ၆ ရက်တွင်Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၇ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၇ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ် ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၅၄ ဖြင့် လည်းကောင်း၊ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၀ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၄ ဖြင့် လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင်အမေရိ ကန်ဒေါ်လာ ၆၂၆ ဖြင့်လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။ ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၇ ဖြင့်လည်းကောင်း၊ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၃၂ ဖြင့်လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၇ဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင်ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းခဲ့ပြီး ပါကစ္စတန်နိုင်ငံတွင် ဆန်ဈေးနှုန်းမှာ မြင့်တက်ခဲ့ကာ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာတည်ငြိမ်လျက် ရှိကြောင်း သိရှိရသည်။ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် အင်ဒိုနီးရှားနိုင်ငံသည် ကနဦးအနေဖြင့် အိန္ဒိယနိုင်ငံမှ ဆန်တန်ချိန် တစ်သန်း တင်သွင်းရန် စီစဉ်ခဲ့သော်လည်း အိန္ဒိယနိုင်ငံသည် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးမူဝါဒ၏ ဆောင်ရွက်ချက်အနေဖြင့် ဆန်တင်ပို့မှုကိုအိန္ဒိယအစိုးရမှငြင်းပယ်ခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့်အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံမှ တစ်နှစ်လျှင် ဆန်တန်ချိန် ၂၅၀ဝ၀ဝ ကို ဝယ်ယူရန် ကမ္ဘောဒီးယားအစိုးရထံမှသဘောတူညီမှု ရရှိခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို၏
ပြောကြားချက်အရ သိရှိရသည်။ အယ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သော မိုးခေါင်ရေရှားမှုနှင့် စပါးရိတ်သိမ်းမှုဆိုင်ရာအနှောင့်အယှက်များအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့်အင်ဒိုနီးရှားအစိုးရသည် ရိက္ခာသိုလှောင်မှတိုးမြှင့်ရန် တကြွ်ကစွာဆောင်ရွက်လျက်ရှိနေကြောင်း သိရှိရသည်။ပြည်တွင်း ဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀ မှ ၁၁၀ဝ၀ဝ ကြား ပေါကဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝမှ ၁၂၅၀ဝ၀ကြားပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ၂၅ မှတ်တန် ဆန်တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀ မှ ၆၈၀ဝ၀ ကြားပေါက်ဈေးရှိပြီး ဧည့်မထ ရိုးရိုးဆန်တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀မှ ၆၉၀ဝ၀ ကြား ပေါက်ဈေးရှိကာ ယခုတစ်ပတ်တွင် ဆန်ကြမ်းဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၁၇၄၀၆၁ ဒသမ ၈၄၁ တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၆၉၁ သန်း၊ ဆန်ကွဲတန်ချိန် ၂၁၅၀၃၃ ဒသမ ၄၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ၈၅ ဒသမ ၇၇၄ သန်း၊ စုစုပေါင်း ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှုတန်ချိန် ၃၈၉၀၉၅ ဒသမ ၂၉၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ၁၇၀ ဒသမ ၄၆၅ သန်းရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၄၈၁၄၁၀ ဒသမ ၇၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ၁၇၅ ဒသမ ၄၂၉ သန်း၊ ဆန်ကွဲတန်ချိန် ၃၄၁၁၆၀ ဒသမ ၅၀ဝတန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၉ ဒသမ ၉၁၂ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၈၂၂၅၇၁ ဒသမ ၂၀ဝတန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၅ ဒသမ ၃၄၁ သန်း တင်ပို့ခဲ့သည။် ယခငန် စှ က် ာလတနူ ငှ ့်နငှို း်ယဥှ လ် ျှင ်ဆနတ် နခ် ျနိ ်၃၀၇၃၄၈ဒသမ ၈၅၉ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၀ဒသမ၇၃၈သန်းနှင့် ဆန်ကွဲတင်ပို့မှုအနေဖြင့် ဆန်ကွဲတန်ချိန် ၁၂၆၁၂၇ဒသမ ဝ၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၁၃၈သန်း လျော့နည်းတင်ပို့ခဲ့သည်။မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင်၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဧည့်မထ ဆန်တစ်အိတ်လျှင် ၁၅၅ - ၁၆၀ ယွမ် (ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၄၇၆ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ကျပ် ၇၃၇၈၀ မှ ၇၆၁၆၀ ကြား) ပေါက်ဈေးရှိကြောင်းသိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင်စက်တင်ဘာ ၆ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရပြင်ပငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင် ကျပ် ၁၀ဝ နှုန်း ပေါက်
ဈေးရှိကြောင်း သိရှိရသည်။တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါကဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ် ၆၈၅၀ ဖြင့်အမြင့်ဆုံးဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး ပြည်မြို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၂၆၅၀ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည် Trading Economic Webiste တွင် ဖော်ပြချက်အရ ယခတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၂၄ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်သိရှိရသည်။ စက်တင်ဘာလ ပထမပတ်အတွင်း နိုင်ငံတကာ ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။

P&S