Main menu

Background

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ထောပတ်သီးများကို ဘာရိန်းနိုင်ငံမှ ဝယ်ယူရန်Hybird စနစ်ဖြင့် တွေ့ဆုံဆွေးနွေး

Mon, 09/11/2023 - 11:17 -- journal_editor

    မြန်မာနိုင်ငံမှ ထွက်ရှိသည့် ထောပတ်သီးများကို ဘာရိန်းနိုင်ငံမှ ဝယ်ယူရန်အတွက် အိန္ဒိယ နိုင်ငံအခြေစိုက်Riyara  ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MAVO)) မှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားမြို့၊ မြန်မာစီးပွားရေး သံမှူး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (နေပြည်တော်)နှင့် ရှမ်းပြည်နယ်  ဦးစီးမှူးရုံးတို့မှ တာဝန်ရှိ သူများသည် သြဂုတ် ၃၁ ရက်တွင် Hybrid ဖြင့် စီးပွားရေးတွေ့ဆုံဆွေးနွေးမှုကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံမှ ထောပတ်သီးများကို ပြည်ပဈေးကွက်ရရှိပြီး ပိုမိုတိုးချဲ့တင်ပို့နိုင်ရန် အတွက် ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး ဘာရိန်းနိုင်ငံ Riyara  ကုမ္ပဏီမှ ၎င်းတို့နိုင်ငံ အတွင်းရှိ လက်လီအရောင်းဆိုင်များ၌ ရောင်းချလို၍ မြန်မာနိုင်ငံမှ ထောပတ်သီးများကို ဝယ်ယူတင်သွင်း ရန် စိတ်ဝင်စားပြီး တင်သွင်းနိုင်ရန်အတွက် ထုတ်လုပ်မှုပမာဏ၊ အရည်အသွေး၊ အသိအမှတ်ပြုလက်မှတ် များ၊ သယ်ယူပို့ဆောင်မည့် နည်းလမ်းနှင့် ထုတ်ကုန်သက်တမ်း Shelf Life) ) အခြေအနေများကို မေးမြန်း ကြပြီး မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း MAVO  တာဝန်ရှိသူ များကGlobal GAP  လက်မှတ်ရရှိထားသည့် ထောပတ်ခြံများ၊ အရည်အသွေးစစ်ဆေးထားသည့် ထောက်ခံ ချက်များ၊ တင်ပို့နိုင်မည့် ပမာဏနှင့် လက်ရှိတင်ပို့နေသည့် ဈေးကွက်အခြေအနေတို့ကို တွေ့ဆုံဆွေးနွေး ခဲ့သည်။
ဆွေးနွေးမှုအရ ယခုနှစ်အောက်တိုဘာလလယ်တွင် ထောပတ်သီးနှင့် ထောပတ်သီးအဆီ နမူနာ များကို ပေးပို့သွားမည်ဖြစ်ပြီး လိုအပ်သည်များကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားမြို့ မြန်မာစီးပွားရေးသံမှူးတို့မှ ဆက်လက်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။                                                                                                      

 

  စောဝင်းကျော် (myantrade)