Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Mon, 09/11/2023 - 11:19 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် စက်တင်ဘာ ၄ ရက် Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံ ပေါင်း ၁၂၅  နိုင်ငံအနက် ဇမ်ဘီယာနိုင်ငံသည် ယခုတစ်ပတ်တွင် ၁၅ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး ဘူလ်တန်နိုင်ငံတွင် ၁၂ ဒသမ ၂၀ ရာခိုင်နှုန်း၊ သီရိလင်္ကာ နိုင်ငံတွင် ၁၁ ဒသမ ၂၀ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားနိုင်ငံတွင် ၁၁ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၄၉ နိုင်ငံရှိကြောင်း တွေ့ ရှိရသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း  လာအို၊ မလေးရှား၊ ဟောင်ကောင်၊ အင်ဂိုလာ၊ အာဂျင် တီးနား၊ ဘာဘေဒို၊ ဘီနင်၊ ဟန်ဂေရီ၊ ကင်ညာနှင့် နယူးဇီလန် စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း  ၆၂ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည် ငြိမ်နေကြောင်း တွေ့ရှိရသည်။
ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ထိုင်း၊ ပေါ်တူဂီ၊ ဘရာဇီး၊ လူဇင်ဘတ်၊ ကနေဒါ၊ နော်ဝေ၊ ဆွီဒင်နှင့် ဒိန်းမတ် အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံရှိပြီး ယခင်တစ်ပတ်ဈေးနှုန်းထက် သုည ဒသမ ၁ ရာခိုင်နှုန်းမှ ၃ ဒသမ ၈၀ ရာခိုင်နှုန်းထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏  စက်တင်ဘာ ၄ ရက်Global Petrol Prices Websiteတွင်ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအနေ ဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် အင်ဒိုနီးရှားနိုင်ငံတွင် ၁၁ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၁ ဒသမ ၆၀ ရာခိုင်နှုန်း၊ ဗီယက်နမ် နိုင်ငံတွင် ၁ ဒသမ ၁၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁ ရာခိုင် နှုန်း၊ စင်ကာပူနိုင်ငံတွင် သုည ဒသမ ၅၀ ရာခိုင်နှုန်းနှင့် ဖိလစ်ပိုင် နိုင်ငံတွင် သုည ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ကျန် အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေ ကြောင်း လေ့လာတွေ့ရှိရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် စက်တင်ဘာ  ၄ ရက် Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း  ၁၂၅  နိုင်ငံအနက် ဘူလ်တန်နိုင်ငံသည် ယခုတစ်ပတ်တွင် ၂၄ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး အင်ဒို နီးရှားနိုင်ငံတွင် ၁၇ ဒသမ ၆၀ ရာခိုင်နှုန်း UAEနိုင်ငံတွင် ၁၅ ဒသမ ၃၀ ရာခိုင်နှုန်းနှင့် ဇမ်ဘီယာနိုင်ငံတွင် ၁၅ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း  ၅၂  နိုင်ငံရှိ ကြောင်း  တွေ့ရှိရသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း လာအို၊ မလေးရှား၊ ဟောင်ကောင်၊ အာဂျင်တီးနား၊ ဘာဘေ ဒို၊ ဂျာမနီ၊ ပီရူး၊ တောင်အာဖရိက၊ ဆူဒန်နှင့် ဇင်ဘာဘွေ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၀ တွင် ယခင်တစ်ပတ် ဈေးနှုန်း များအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။ 
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ထိုင်း၊ ခရိုအေးရှား၊ ပေါ်တူဂီ၊ လက်ဘနွန်၊ နော်ဝေ၊ ဆွီဒင်၊ ဘယ်လ်ဂျီယံနှင့် ဒိန်းမတ်အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံရှိပြီး ယခင်တစ်ပတ်ဈေးနှုန်း ထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၄ ဒသမ ၂၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏  စက်တင်ဘာ ၄ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် အင်ဒိုနီးရှားနိုင်ငံတွင် ၁၇ ဒသမ ၆၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတွင် ၁ ဒသမ ၃၀ ရာခိုင် နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁ ဒသမ ၁၀ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံ တွင် သုည ဒသမ ၉၀ ရာခိုင်နှုန်းနှင့် စင်ကာပူနိုင်ငံတွင် သုည ဒသမ ၆၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရ သည်။ 
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံး ဆီဈေးနှုန်းများမှာ စက်တင်ဘာ ၇ ရက်တွင် အောက်တိန်း-၉၂ တစ် လီတာလျှင် ၂၂၅၅ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ကျပ် ၂၃၆၀ ၊ ဒီဇယ် တစ်လီတာလျှင် ၂၄၉၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂၅၇၀ အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာ တွင် ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၅၀ဝ၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၄၅၀ ၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ၃၄၁၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၃၄၁၅ ကျပ်ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၂၃၉၀၊ ဒီဇယ်တစ်လီတာလျှင် ၂၄၅၅ ကျပ်၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ကျပ် ၂၄၀ဝ၊ ဒီဇယ်တစ်လီတာလျှင်  ကျပ် ၂၄၆၀ ဖြင့် အနည်း ဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံအတွင်းရှိ  မြို့ကြီးများ၏  ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်တစ်ပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၁၀ ကျပ် ဈေးနှုန်းကျဆင်းခဲ့ပြီး ဒီဇယ် တစ်လီတာလျှင် ကျပ် ၈၀ သို့ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း လေ့လာ သုံးသပ်တင်ပြအပ်ပါသည်။ 

P&S