Main menu

Background

ဧရာဝတီတိုင်းဒေသကြီး ကုန်သည်/စက်မှုလက်မှုအသင်းနှင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ကုန်သည်/စက်မှုလက်မှုအသင်းတို့ တွေ့ဆုံ

Mon, 09/11/2023 - 11:24 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ARCCI) မှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ  Tak ခရိုင် ကုန်သည်များနှင့်စက်မှုလက်မှုအသင်းမှ ကိုယ်စားလှယ် တို့သည် စက်တင်ဘာ ၅ ရက် ညနေ ၃ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ Royal Ayar  ကုမ္ပဏီ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။ တွေ့ဆုံပွဲတွင် မြန်မာ နိုင်ငံဘက်မှARCCI အသင်း ဥက္ကဋ္ဌ၊ မွန်ပြည်နယ်CCI  အထွေထွေ အတွင်းရေးမှူး၊ ARCCI  အသင်း၏ အထွေထွေအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံး တာဝန်ခံနှင့် ထိုင်းနိုင်ငံဘက်မှ  ွှေု ခရိုင် ကုန်သွယ်ရေးရာရုံး ညွှန်ကြားရေးမှူး၊ စီမံကိန်းဌာန ညွှန်ကြားရေးမှူး၊ Tak ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ကိုယ်စားလှယ် များ စုစုပေါင်း ၁၀ ဦး တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ARCCI  အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ကာ ထိုင်းနိုင်ငံဘက်မှTak  ခရိုင် ကုန်သွယ်ရေးရာရုံး၏ ညွှန်ကြားရေးမှူးMs. Parichart Pongpuntao  မှလည်း (Virtual) ) စနစ်ဖြင့် တက်ရောက်ကာ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ 
ထို့နောက် Tak ခရိုင် CCI အသင်း ကိုယ်စားလှယ် Mr. Pongchai Tonarunchai  နှင့် မွန်ပြည်နယ် CCI အထွေထွေအတွင်းရေးမှူး ဦးနေဇော်အောင်တို့က LIMEC (The Laung Prabang - Indochina -Mawlamyine Economic Corridor)  နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ Corridor တစ် လျှောက် ဆက်စပ်လျက်ရှိသော ဒေသများအချင်းချင်း စီးပွားရေး၊ ပညာရေး၊ ခရီးသွားလုပ်ငန်း၊ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများတွင် နယ်စည်းမခြား ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများ နှင့်လည်း ချိတ်ဆက် ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း ပြောကြားကာTak  ခရိုင်အတွင်းရှိ ကုမ္ပဏီများမှထုတ်လုပ်သော လယ်ယာသုံးစက်ကိရိယာများ၊ လူသုံး ကုန်၊ စားသောက်ကုန်များကို မိတ်ဆက်ပြသကြသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းရှင်၊ ကုမ္ပဏီများထဲမှ ၎င်းထုတ်ကုန်များကို တင်သွင်းဖြန့်ဖြူးရန် စိတ်ဝင်စားသူများ၊ ၎င်းထုတ်ကုန်များအတွက် လိုအပ်သော ကုန်ကြမ်းများကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရန် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ပါ ကြောင်း စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်အတွင်း နှစ်ဖက်လုပ်ငန်းရှင်များအတွက်Online Virtual  စနစ်ဖြင့် Business Matching ပြုလုပ်နိုင်ရန်စီစဉ်ထားကြောင်း ရှင်းလင်းဆွေးနွေးသည်။
ARCCI  အသင်းဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့က တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်း ရှင်များ၊ ကုမ္ပဏီများကို Business Matching တက်ရောက်နိုင်ရန် စီစဉ်ထားမည်ဖြစ်ကြောင်း၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ခံက ဧရာဝတီတိုင်းဒေသကြီးမှ ထိုင်း နိုင်ငံသို့ ပဲပုပ်တင်ပို့ရောင်းချနိုင်ရန် အလားအလာတို့ကို ပြန်လည်ဆွေးနွေးကာ တွေ့ဆုံပွဲကို ညနေ ၅ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဧရာကုန်သွယ်မြှင့်