Main menu

Background

ယခုလအတွင်း ရန်ကုန်ဆိပ်ကမ်းသို့ ကုန်တင်သင်္ဘော ၅၃ စင်း ဝင်ရောက်ဆိုက်ကပ်မည်

Mon, 09/11/2023 - 11:57 -- journal_editor

ယခု စက်တင်ဘာလအတွင်း ရန်ကုန် ဆိပ်ကမ်းသို့ နိုင်ငံတကာ ကုန်တင်သင်္ဘော ၅၃ စင်း ဝင်ရောက်ဆိုက်ကပ်ပြီး ကုန်သွယ်မှုပြုလုပ် သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရုံးမှ သိရသည်။ 
နိုင်ငံ့ကုန်သွယ်မှုတွင်  ရန်ကုန်အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန် သေတ္တာတင်သင်္ဘော‌များ လစဉ်ပုံမှန် ဝင်ရောက် ဆိုက်ကပ်နေပြီး ပိုမိုကုန်သွယ်နိုင်ရန်အတွက်လည်း ဆောင်ရွက်နေကြောင်း သိရသည်။
ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်း ကြောင်းကနေ ဖောက်သည်နိုင်ငံတွေနဲ့ ကုန်သွယ် မှုလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်နေပါတယ်။ ကုန်သေတ္တာတင် သင်္ဘောလိုင်းတွေကလည်း ခရီး စဉ်‌တွေ  တိုးပြီးပြေးဆွဲကြဖို့  လုပ်နေပါတယ် ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးမှ တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၉ ရက်တွင် ပြောသည်။ လက်ရှိတွင် ပင်လယ်ရေကြောင်း ကုန်သွယ် ရေးမှ ပြည်ပနိုင်ငံများနှင့် ဈေးကွက်ချဲ့ထွင်ပြီး ကုန်သွယ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် ခြင်း၊ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည်တွင်း လိုအပ်ချက်အရ သွင်းကုန်များကိုလည်း တိုးမြှင့် တင်သွင်းနိုင်ရန်အတွက် ကုန်သေတ္တာတင်သင်္ဘော လိုင်းအသီးသီးက ခရီးစဉ်များကို ပြန်လည်တိုးချဲ့ ပြေးဆွဲရန် ဆောင်ရွက်နေကြောင်း သိရသည်။ ရန်ကုန်ဆိပ်ကမ်းသို့   ၂၀၂၃ ခုနှစ်အတွင်း ကုန်သေတ္တာတင်သင်္ဘော တစ်လလျှင် အစင်းရေ ၅၀ ကျော်နှင့် ရှစ်လအတွင်း အစင်း ၄၀ဝ ကျော် ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်း  ကုန် သွယ်မှုမှာ ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ သြဂုတ် လအထိ ရှစ်လတာကာလအတွင်း  နိုင်ငံတကာ ကုန်သေတ္တာတင်သင်္ဘောကြီး ၄၂၈ စင်း ဝင်‌ ရောက်ဆိုက်ကပ်ကာ ကုန်သွယ်မှုပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။  နိုင်ငံတကာကုန်တင်သင်္ဘောများ လအလိုက် ဝင်ရောက်ရာတွင်    ဇန်နဝါရီလတွင် ၅၂ စင်း၊ ဖေဖော်ဝါရီလတွင် ၅၁ စင်း၊ မတ်လတွင် ၅၅ စင်း၊ ဧပြီလတွင် အစင်း ၅၀၊ မေလတွင် ၅၆ စင်း၊ ဇွန်လ တွင် ၅၇ စင်း၊ ဇူလိုင်လတွင် ၅၃ စင်း၊ သြဂုတ်လတွင် ၅၄ စင်းအထိ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

 

ပန်းဆု