Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Tue, 09/26/2023 - 10:26 -- journal_editor

ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေး သည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရ သည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက် တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၉၀၅ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ စက်တင်ဘာ ၂၀ ရက်တွင် ရွှေတစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ ၁၉၂၈ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိ ရသည်။ ပြည်တွင်းရွှေဈေးသည်လည်း ၂၀၂၃ ခုနှစ် စက်တင် ဘာလ ၁၄ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၅၇၅၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ   စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၃၅၅၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက် အတွင်းမှ သိရှိရသည်။
    ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (ွီဏ) သည် တိုးတက်မှုနှုန်း ၃ ဒသမ ၃ ရာခိုင်နှုန်းရှိလာမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မှုရှိလာနိုင်ကြောင်း  အပြည်ပြည်ဆိုင်ရာငွေ ကြေးရန်ပုံငွေအဖွဲ့ (ှုငြ်္)မှ ခန့်မှန်းထုတ်ပြန်ထားသည်။ 
    စက်တင်ဘာ  ၁၄ ရက်မှ စက်တင်ဘာ ၂၀ ရက်အထိ ရက်အလိုက် ဖြစ်ပေါ်ပြောင်းလဲခဲ့သော အမေရိကန်တစ်ဒေါ်လာ နှင့် ညီမျှသော နိုင်ငံတကာ ငွေလဲလှယ်နှုန်းများကို တစ်ဖက်ပါ ဇယားဖြင့် ဖော်ပြအပ်ပါသည်။
    ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လို အား ပြောင်းလဲမှုပေါ်လိုက်၍ ၂၀၂၃ ခုနှစ် စက်တင်ဘာ  ၁၄ ရက် မှ စက်တင်ဘာ  ၂၀ ရက်ထိ ရက်သတ္တပတ်အတွင်း ကျပ် ၃၄၀ဝ-၃၄၃၀ ကြားရှိနေကြောင်း သိရှိရသည်။

 

P&S