Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Tue, 09/26/2023 - 10:31 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် စက်တင်ဘာ  ၁၈  ရက်Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံ ပေါင်း  ၁၂၃ နိုင်ငံအနက် ဘူရွန်ဒီနိုင်ငံသည် ယခုတစ်ပတ်တွင် ၁၁ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ွမနညေေိ နိုင်ငံတွင် ၁၀ ဒသမ  ၈၀ ရာခိုင်နှုန်း၊ Botswana  နိုင်ငံတွင် ၉ ဒသမ ၇၀ ရာခိုင်နှုန်းနှင့် ကင်ညာနိုင်ငံတွင် ၈ ဒသမ ၆၀ ရာခိုင်နှုန်း ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း  ၃၇ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ် ပတ်အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ ဘာဘေဒို၊ ဘူလ်တန်၊ ဂျော်ဒန်၊ နယ်သာလန်နှင့် နော်ဝေ စသည့်နိုင်ငံ များအပါအဝင် နိုင်ငံပေါင်း  ၇၉ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်း များအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေ ကြောင်း တွေ့ရှိရသည်။
ဓာတ်ဆီဈေးနှုန်း  ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဘရာဇီး၊Cayman Islands၊ လစ်သူယေးနီးယား၊ ဂွါတီမာလာနှင့် ဖင်လန်အပါအဝင်  နိုင်ငံပေါင်း   ခုနစ်နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ စက်တင်ဘာ ၁၈ ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအနေ ဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် အာဆီယံ နိုင်ငံများအားလုံး ဈေးနှုန်းအပြောင်း အလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၈ ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံ ပေါင်း ၁၂၃ နိုင်ငံအနက် သြအျတညေေ နိုင်ငံသည် ယခုတစ်ပတ်တွင် ၁၈ ဒသမ ၆၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး ွမနညေေိ နိုင်ငံတွင် ၁၅ ဒသမ ၃၀ ရာခိုင်နှုန်း၊ ဘာရွန်ဒီ နိုင်ငံတွင် ၁၂ ရာခိုင်နှုန်းနှင့် ကင်ညာနိုင်ငံတွင် ၁၁ ဒသမ ၇၀ ရာခိုင် နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၄၀ ရှိကြောင်း  တွေ့ရှိရသည်။
Global Petrol Prices Website  ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ကင်မရွန်း၊ မက္ကဆီကို၊ နော်ဝေနှင့် ပိုလန်  စသည့်နိုင်ငံများ အပါအဝင်  နိုင်ငံပေါင်း ၇၇ နိုင်ငံတွင်  ယခင်တစ်ပတ်  ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရ သည်။ 
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဂါနာ၊ ခရိုအေးရှား၊ လူဇင်ဘတ်၊ ဖင်လန်နှင့် ျြေေ့ော အပါအဝင် နိုင်ငံ ပေါင်း ခြောက်နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရ သည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ဒီဇယ် ဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ် တွင် အာဆီယံနိုင်ငံများအားလုံး ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာ တွေ့ရှိရသည်။  ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံး ဆီဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် အောက် တိန်း-၉၂ တစ်လီတာလျှင် ကျပ် ၂၃၃၀၊ အောက်တိန်း-၉၅ တစ်လီတာ လျှင် ၂၄၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၅၃၀ နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၆၁၀ အသီးသီး  ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၅၀ဝ၊ ဒီဇယ် တစ် လီတာလျှင် ကျပ် ၃၃၅၀၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၄၁၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၃၄၁၅ ကျပ်ဖြင့် အမြင့်ဆုံးဖြစ် ပေါ်နေပြီး၊ ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၂၄၉၀၊ ဒီဇယ် တစ်လီတာလျှင် ၂၅၂၅ ကျပ်၊ ပဲခူးမြို့တွင်  ဓာတ်ဆီ တစ် လီတာလျှင် ကျပ် ၂၅၀ဝ၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၅၃၀ ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။ 
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏  ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့်  နှိုင်းယှဉ်လျှင် ယခင်တစ်ပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၇၀ ကျပ်နှင့် ဒီဇယ် တစ်လီတာလျှင် ၆၅ ကျပ်သို့ ဈေးနှုန်းကျဆင်းခဲ့ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါ သည်။

P&S