Main menu

Background

အနာဂတ်စီးပွားရေးနှင့် AIနည်းပညာ

Tue, 09/26/2023 - 11:28 -- journal_editor

ကမ္ဘာ့နိုင်ငံများသည် ခေတ်မီနည်းပညာများကို ပိုင်ဆိုင်ရန် အပြင်းအထန် ကြိုးစားနေကြသည်။ ခေတ်မီနည်းပညာများကို ပိုင်ဆိုင်နေခြင်းအားဖြင့် နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စစ်ရေးအရပါ အခြားသောနိုင်ငံများထက် သာလွန် နေမည်ဖြစ်သည်။ AIဟူသော ဉာဏ်ရည်တုနည်းပညာမှာ မျက် မှောက်ခေတ်ကာလတွင် အလွန်အရေးပါသော နည်းပညာဖြစ်ပြီး ကဏ္ဍပေါင်းစုံတွင် ထိုး ဖောက်ဝင်ရောက်လျက်ရှိသော နည်းပညာ ဖြစ်သည်။ AI နည်းပညာသည် ၁၉၅၀ ပြည့်နှစ်တွင် စတင်ပေါ် ပေါက်ခဲ့သော နည်းပညာဖြစ်သည်။ 
AI နည်းပညာကို အများသောအားဖြင့် အဆင့်သုံးမျိုးဟု သိရသည်။ Artifitial Narrow Intelligence(ANI) Artifitial General Intelligence(AGI)  နှင့် Artifitial super Intelligence (ASI)  တို့ဖြစ်ကြသည်။ ANI  မှာလူသားများ၏ ဉာဏ်ရည် (သို့) ကျော်လွန်သော ဗှု ဖြစ်ပြီး (ဥပမာ-ွGoogle translate Google Search နှင့် စစ်တုရင်ကစားခြင်း၊ မောင်းသူမဲ့ကားများ)၊ ြမေမသတ ဗှု မှာ လူသားများထက် ပိုမိုထက်မြက်ပြီးလူသားများကဲ့သို့ တွေး ခေါ်နိုင်သော AI ဖြစ်ပြီး ယခုအဆင့်ထိရောက်အောင် သိပ္ပံပညာ ရှင်များက ကြိုးစားနေကြဆဲဖြစ်သည်။ သို့သော် မိမိသိရှိလိုသမျှကို အချက်အလက်များစွာဖြင့် ပြသပေးသောChatGpt ကဲ့သို့သော APPမှာ ရှေ့ပြေး General AI အဖြစ် အသုံးပြုနေကြပြီဖြစ်သည်။Super AI မှာ လူသားများ၏ ဉာဏ်ရည်ထက် များစွာသာလွန်သော AI များဖြစ်ပြီး အနာဂတ်တွင် လူသားများ လုပ်ကိုင်ရန်မလွယ်ကူ သော အလုပ်များကို အလွယ်တကူ လုပ်ဆောင်နိုင်သော Robot  များဖြစ်ကြပြီး  ထိုအဆင့်သို့ရောက်ရှိရန်  များစွာအချိန်ယူရဦးမည် ဖြစ်သည်။
AI နည်းပညာကို  ဖွံ့ဖြိုးပြီးနိုင်ငံများတွင်သာမက  ကုန် ပစ္စည်းထုတ်လုပ်သော လုပ်ငန်းစဉ်များတွင် အသုံးပြုခြင်း၊ မောင်း သူမဲ့ကားများ၊ ဒရုန်းများနှင့် တွဲဖက်အသုံးပြုခြင်း၊ သက်ကြီးရွယ်အို များကို စောင့်ရှောက်သော  ျွသဘသအ များနှင့် လူသားများအတွက် အန္တရာယ်ရှိသော ကယ်ဆယ်ရေးလုပ်ငန်းများ သုတေသနလုပ်ငန်း များတွင် အသုံးချလျက်ရှိနေပြီဖြစ်သည်။ ထို့အပြင် လူသားများ နေ့စဉ်ထိတွေ့နေရသော Smart Phone  နှင့် ကွန်ပျူတာများတွင်ပါ AI နည်းပညာများကို ထိတွေ့သုံးစွဲနေကြပြီဖြစ်သည်။
ယနေ့ခေတ်တွင် AI နည်းပညာမှာ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများအတွက်ပါ အရေးပါသော အခန်းကဏ္ဍမှပါဝင် လာပြီဖြစ်ပြီး AI နည်းပညာ၏အကျိုးကို စတင်ခံစားနေကြပြီဖြစ် သည်။   အစ္စရေးနိုင်ငံရှိ   လယ်သမားများသည် AI နည်းပညာ Alorithms  ကို ဒရုန်းများတွင် တပ်ဆင်ပြီးလျှင် ရောဂါရှိသောအပင် များကို ရှာဖွေခြင်း၊ ပိုးမွှားဝင်ရောက်မှုများကို စောင့်ကြည့်ခြင်းနှင့် လိုအပ်သော ရေသွင်းစနစ်ကိုသိရှိခြင်း စသည့် အဖိုးတန်ဒေတာ များကို  သိရှိနိုင်ပြီး ပိုးမွှားဝင်ရောက်မှုကို ကြိုတင်သိရှိနိုင်ခြင်း ကြောင့် မလိုအပ်သော မြေသြဇာ၊ ပိုးသတ်ဆေး ထည့်သွင်းခြင်းမှ ကာကွယ်နိုင်ခြင်းကြောင့် ကုန်ကျစရိတ်များကို များစွာလျှော့ချ နိုင်ရုံသာမက တစ်နှစ်အတွင်း လယ်ယာများအတွက် ရေသုံးစွဲမှု  လျှော့ချနိုင်ခြင်း၊ ဓာတုမြေသြဇာများ သုံးစွဲမှု ၄၀ရာနှုန်း လျှော့ချ နိုင်ခြင်းနှင့် သီးနှံ အထွက်နှုန်း ၇၀ ရာနှုန်းအထိ တိုးလာခဲ့ကြောင်း သိရသည်။
မွေးမြူရေးလုပ်ငန်းများတွင်လည်း AI နည်းပညာ၏ အကူ အညီဖြင့် နို့စားနွားမွေးမြူရေး၊ ကြက်မွေးမြူရေး၊ ငါးမွေးမြူရေးနှင့် ဝက်မွေးမြူရေး လုပ်ငန်းများတွင်ပါ အသုံးပြုပြီး  အကျိုးအမြတ် များစွာရှိနေပြီဖြစ်သည်။ ဥပမာ နို့စားနွားမွေးမြူရေးတွင် နွားတစ် ကောင်စီ နို့ထွက်နှုန်းနှင့် ရေရှည်ထုတ်လုပ်ရေးအတွက် အရေးပါ သော အစာကျွေးစနစ်၊ နွားတစ်ကောင်စီ၏ လှုပ်ရှားမှု၊ အစာစား နှုန်း၊  မစင်စွန့်ချိန်ထိ စောင့်ကြည့်အာရုံခံစနစ်ဖြင့် နွားများ၏ကျန်းမာရေးကိုပါ သိရှိနိုင်ခြင်းတို့ကြောင့် အစာစရိတ်နှင့် အခြား သော ကုန်ကျစရိတ်များကိုပါ သက်သာစေပြီး နို့ထွက်နှုန်းကို ရေ ရှည်ထိန်းသိမ်းနိုင်ခြင်းကြောင့် ဗှု နည်းပညာမှာ မွေးမြူရေး လုပ်ငန်းရှင်များအတွက် အရေးပါလာပြီဖြစ်သည်။ မြန်မာနိုင်ငံ တွင်လည်း AI နည်းပညာဖြင့် မေထုန်မဲ့ နွားသားစပ်ခြင်းလုပ်ငန်း များကို စတင်လုပ်ဆောင်လျက်ရှိပြီး အောင်မြင်လျက်ရှိကြောင်းသိရ သည်။ AI  နည်းပညာမှာ အားသာချက်များစွာရှိသကဲ့သို့ အား နည်းချက်များလည်း ရှိနေပါသေးသည်။ AI နည်းပညာကြောင့် စက်ရုံလုပ်ငန်းများတွင်   လူသားများအစား AI robot  များဖြင့် အစားထိုးခြင်း၊ Hollywood  ကဲ့သို့သော ရုပ်ရှင်ရပ်ဝန်းတွင်ဖြစ်ပွား ခဲ့သော AI  ဖြင့် ဖြတ်လျှောက် သရုပ်ဆောင်များနေရာတွင် အစား ထိုးခြင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများအထိပါ လူသား များ  ပါဝင်လုပ်ဆောင်မှုကို  လျှော့ချနိုင်ခြင်းတို့မှာ လူသားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးနိုင်ခြင်းမှာ AI နည်းပညာ၏ ဆိုးကျိုးများပင်ဖြစ်သည်။ လူသားများအနေဖြင့် ဗှု နည်းပညာကို ကောင်းမွန်စွာ အသုံးချလျက် ကောင်းကျိုးများစွာ ဖြစ်ထွန်းနိုင်ကြပါစေကြောင်း ဆန္ဒပြု ရေးသားလိုက်ရပါသည်။

သော်ဇင်ဟိန်း (DOCA TGI)