Main menu

Background

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

Tue, 09/26/2023 - 11:51 -- journal_editor

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး  ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့အခြေစိုက်  ကုလသမဂ္ဂ  စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Regional Director)) ဖြစ်သူ  Mr. Sanjay Mathur နှင့်အဖွဲ့အား စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန   ရုံးအမှတ် (၁) ၌  လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့သည်။
တွေ့ဆုံရာတွင် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) တို့အကြား လက်ရှိဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့် ရှေ့ဆက် လက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။  
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

DICA