Main menu

Background

အင်ဒိုနီးရှားအပါအဝင် ဒေသတွင်းနိုင်ငံများက မြန်မာ့သကြားဝယ်ယူရန် ထပ်မံ ကမ်းလှမ်းလာ

Tue, 09/26/2023 - 11:53 -- journal_editor

အင်ဒိုနီးရှားအပါအဝင်    ဒေသတွင်းနိုင်ငံ များက မြန်မာ့သကြားဝယ်ယူရန် ထပ်မံ ကမ်းလှမ်း မှုများရှိနေကြောင်း    မြန်မာနိုင်ငံ သကြားနှင့်ကြံ ထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“ကမ်းလှမ်းတဲ့ နိုင်ငံတွေကတော့ အများ ကြီးပဲ။ အခုအချိန်မှာ   ကမ္ဘာ့သကြားဈေးကလည်း တက်နေတယ်။   နိုင်ငံတကာမှာလည်း သကြား လိုအပ်ချက် ရှိနေတော့ ကမ်းလှမ်းတဲ့နိုင်ငံတွေက လည်း အများကြီးပဲ‌ပေါ့။ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် နဲ့ တခြား အာဆီယံနိုင်ငံတွေ၊ အင်ဒိုနီးရှားတို့ အဲဒီ လိုမျိုးတွေ    လာကမ်းလှမ်းကြတာရှိပါတယ်”ဟု အဆိုပါအသင်းဥက္ကဋ္ဌ ဦးဝင်းဌေးက စက်တင်ဘာ ၂၁ ရက်တွင် ပြောသည်။
ကမ္ဘာ့သကြားဈေးကွက်တွင်     ယခင်က သကြားတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀ဝ ဝန်းကျင်သာရှိခဲ့သော်လည်း     လက်ရှိအချိန်တွင် ၇၃၀ ဒေါ်လာအထိ ဈေးမြင့်တက်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မြန်မာပြည်ကထွက်ရှိသည့် သကြားကိုအာဆီယံဒေသတွင်းနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ် စသည့် နိုင်ငံများက ဝယ်ယူရန် မကြာခဏ ကမ်း လှမ်းမှုများရှိနေကြောင်း သိရသည်။ “ဝယ်ယူနေ ကျဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကလည်းသူတို့ မူလ ဝယ် ယူနေကျဖြစ်တဲ့ သကြားတန်ချိန်ထက် တိုးမြှင့် ဝယ် ယူလိုတယ်လို့ကမ်းလှမ်းထားတာလည်း ရှိပါတယ်။ ဒါပေမဲ့  ဒီဘက်က စိုက်ပျိုးဧကရယ်၊ စက်တွေရဲ့ ကြိတ်ခွဲစွမ်းအားတွေရယ်၊ ထွက်ရှိလာမယ့် သကြား ရယ်ကို ချိန်ဆပြီး ပြည်တွင်းစားသုံးမှုကို ချန်ပြီးမှ ကျွန်တော်တို့က ပို့မှာပါ”ဟု  ဦးဝင်းဌေးက ပြော သည်။ ယခု ကမ်းလှမ်းချက်များအတိုင်း တင်ပို့မည် ဆိုပါက ပြည်တွင်း သကြားလိုအပ်ချက်များ ရှိလာ နိုင်သည့်အပြင်   ဈေးနှုန်းမြင့်တက်မှုများလည်း ရှိလာနိုင်သောကြောင့် ပိုလျှံသကြားများကိုသာ တင်ပို့သွားမည်ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၌ လူတစ်ဦးသည် တစ်နှစ်လျှင် သကြား ၁ ဒသမ ၈ ကီလိုဂရမ် စားသုံးလျက်ရှိသည့် အတွက် တစ်နိုင်ငံလုံး၏ ပျမ်းမျှ  တစ်နှစ် သကြား စားသုံးမှုမှာ တန်ချိန် သုံးသိန်းခွဲမှ    လေးသိန်းခွဲ ဝန်းကျင်အထိရှိကြောင်း သိရသည်။
သကြားထွက်ရှိမှုမှာတော့    တစ်နှစ်လျှင် တန်ချိန်    ငါးသိန်းခန့်ရှိသည့်အတွက် စုစုပေါင်း စားသုံးမှု၏ ပိုလျှံသကြားများကို လာမည့် ကြံထွက် ရာသီတွင် ကမ်းလှမ်းထားသော ပြည်ပနိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ကြံ စိုက်ရာသီချိန်က   ဗီယက်နမ်နိုင်ငံသို့     တန်ချိန် ၉၀ဝ၀ဝ ဝန်းကျင်အထိ     သကြား တင်ပို့မှုရှိခဲ့ ကြောင်း သိရသည်။

ပန်းဆု