Main menu

Background

အဆင့်မီ ထုပ်ပိုးမှုစနစ်မှသည်ပြည်ပဈေးကွက်ဆီသို့

Tue, 09/26/2023 - 12:22 -- journal_editor

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးတည်ချက် (၉)ရပ်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  စီးပွားရေး ဦးတည်ချက် (၃)ရပ်တွင် ဒုတိယဦးတည်ချက်ဖြစ်သည့်   တိုးတက် ကောင်းမွန်လာသည့်   စီးပွားရေးမောင်းနှင်အားကို   မဏ္ဍိုင်ပြု၍ ြှနြ စက်မှုလုပ်ငန်းများ ကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည်။ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်သည် ဆန်စပါးပိုလျှံသည့် ဒေသဖြစ်သည်နှင့်အညီ ဆန်အခြေခံ ဒေသထွက်ကုန်များကို ထုတ် လုပ်လျက်ရှိရာ မုန့်ဖတ်ခြောက်လုပ်ငန်းသည် ဒေသအတွင်း၌အောင် မြင်နေသည့်လုပ်ငန်းဖြစ်သည်။ စားသုံးသူရေးရာဦးစီးဌာနသို့ ကုန် အညွှန်းအမှတ်အသားများ စိစစ်ပေးနိုင်ပါရန် တင်ပြလာသည့်စာရင်း များအရ လုပ်ငန်းရှင်(၁၂)ဦးက အမှတ်တံဆိပ်(၂၄)မျိုးဖြင့် ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိသည်ကို တွေ့ရှိရသည်။ တောင်ငူခရိုင်ထွက် မုန့်ဖတ် ခြောက်များကို မြန်မာနိုင်င်ငံ ဒေသအနှံအပြားသို့ တင်ပို့ရောင်းချ ရကြောင်း လုပ်ငန်းရှင်များထံမှသိရှိရသည်။ 
နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီ ဆန်အခြေခံ စားသောက်ကုန်များနှင့် ပဲအခြေခံစားသောက်ကုန်များအား ပြည်ပ ဈေးကွက်သို့တင်ပို့နိုင်ရေး   ဆောင်ရွက်လျက်ရှိရာ     ဆန်အခြေခံ စားသောက်ကုန်တစ်ခုဖြစ်သည့် တောင်ငူဒေသထွက် မုန့်ဖတ်ခြောက် များကိုလည်း ပြည်ပဈေးကွက်သို့တင်ပို့နိုင်ရေးအတွက်  လုပ်ငန်းရှင် များအား စည်းရုံးဆောင်ရွက်လျက်ရှိသည်။ မုန့်ဖတ်ခြောက်လုပ်ငန်း သည် ပဲခူးတိုင်းဒေသကြီးအတွင်း၌ တောင်ငူခရိုင်တစ်ခုတည်းတွင်သာ ရှိပြီး အခြားခရိုင်များတွင် မုန့်ဖတ်ခြောက်လုပ်ငန်း မရှိကြောင်းလည်း သိရသည်။
မုန့်ဖတ်ခြောက်များအား   ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေး အတွက် အဓိကလိုအပ်ချက် နှစ်ခုမှာထုပ်ပိုးမှုစနစ်ကောင်းမွန်ရေး နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန  (FDA)၏ ထောက်ခံချက်ရရှိရေးဖြစ်သည်။    ထုပ်ပိုးမှုစနစ်ကောင်းမွန်ရန်အ တွက် ခေတ်မီထုပ်ပိုးစက်  (Packing Machines) အသုံးပြုရန် လိုအပ် သကဲ့သို့ ထုပ်ပိုးခွံဒီဇိုင်းလှပရန်လည်းလိုအပ်သည်။ ထုပ်ပိုးစက် ဝယ် ယူလိုပါက အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရေးကိုလည်း သက်ဆိုင်ရာ ဌာနများက ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်သကဲ့သို့  ထုပ်ပိုးခွံ ဒီဇိုင်းလှပစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနက ကူညီဆောင် ရွက်ပေးရန်လည်း အသင့်ရှိနေသည်။ 
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထောက်ခံချက်ရရှိရေးအတွက် သက်ဆိုင်ရာဌာနက  ကူညီဆောင် ရွက်ပေးမည်ဖြစ်သည်။ ပဲခူးမြို့နှင့် တောင်ငူမြို့များရှိICom ကဲ့သို့ သော အရောင်းစင်တာကြီးများတွင်လည်း (FDA) ထောက်ခံချက်ပါရှိ သောကုန်ပစ္စည်းများကိုသာ ရောင်းချသည်။သို့ဖြစ်၍(FDA)ထောက် ခံချက်ရရှိရေးသည်လည်း      စားသောက်ကုန်ထုတ်လုပ်ငန်းများ အတွက် အရေးကြီးသည်။
မုန့်ဟင်းခါးခြောက်၏ သဘောသဘာဝသည် ဆန်ကို ရေစိမ် ပြီးမှ ပြုလုပ်ရခြင်းဖြစ်ရာ ဆန်ရေစိမ်ပြီးသည်နှင့် အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ရန်  လိုအပ်သည်။ အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်နိုင် ခြင်းမရှိဘဲ ကြန့်ကြာသွားပါက ဆန်များပျက်စီး၍   ဆုံးရှုံးမှုများဖြစ် သကဲ့သို့ မှာယူထားသည့် ဝယ်လက်များဆီသို့   ပေးပို့နိုင်ခြင်းရှိမည် မဟုတ်ပါ။ အထူးသဖြင့် မုန့်ဖတ်များထုတ်လုပ်နေစဉ်  လျှပ်စစ်မီး နာရီအနည်းငယ်ပင် ပြတ်တောက်သွားသည်ဖြစ်ပါစေ ပျက်စီးဆုံးရှုံး မှုများရှိမည်ဖြစ်သည်။ 
လျှပ်စစ်ဓာတ်အားအတွက် အသင့်တော်ဆုံးမှာ စပါးခွံဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားထုတ် စက်Gasifier Power Plantတပ် ဆင် သုံးစွဲခြင်းဖြစ်သည်။ စပါးခွံဓာတ်ငွေ့သုံး  လျှပ်စစ်ဓာတ်အား ထုတ်စက် Gasifier Power Plant)) စတင်တပ်ဆင်ချိန်၌ ကုန်ကျ စရိတ်ကြီးမားသော်လည်း ရေရှည်တွင် တွက်ခြေကိုက်ကြောင်း သိရ သည်။ တစ်လအတွင်းGasifier အသုံးပြုခြင်းမှ ကုန်ကျစရိတ်သည် လျှပ် စစ်မီတာခထက် သက်သာကြောင်းGasifier   တပ်ဆင်သုံးစွဲသူ များက ဆိုသည်။ ျွေင်ငနမ တပ်ဆင်အသုံးပြုလိုသည့် လုပ်ငန်းရှင်များ အတွက် ကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်ပေးခြင်း၊ ချေးငွေ ရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းများကိုလည်း  ဆောင်ရွက် ပေးလျက်ရှိသည်။
ခေတ်မီထုပ်ပိုးမှုစနစ်နှင့်ပတ်သက်၍ ထုပ်ပိုးစက် (Packing Machine)များ ရောင်းချဖြန့်ဖြူးသော   Machine Cityကုမ္ပဏီမှ တာဝန်ရှိသူများသည်   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ဦးစီးမှူးရုံး၌ တောင်ငူမြို့နယ်မှမုန့်ဖတ်ခြောက်လုပ်ငန်းရှင်များအား ဖိတ်ကြား၍ ၎င်းတို့ကုမ္ပဏီထုတ် Packing Machine  များကို Video  ဖြင့် မိတ်ဆက်ပေးခဲ့သည်။ ၎င်းကုမ္ပဏီမှ  ထုတ်လုပ်သော ခြေနင်း အိတ်  ပိတ်စက်သည် သားရေကြိုးစည်းသည့်စနစ်မှ စက်ဖြင့် စနစ် တကျ သေသပ်လှပစွာထုပ်ပိုးနိုင်မည်ဖြစ်ပြီး   တန်ဖိုးအားဖြင့်လည်း ကျပ် ၄၀ဝ၀ဝ၀ မှ ၄၅၀ဝ၀ဝ  အထိရှိသဖြင့်  လုပ်ငန်းရှင်များအတွက် သင့်လျော်သဖြင့်  လုပ်ငန်းရှင်များက စိတ်ဝင်စားသည်ကို တွေ့ရ သည်။
မုန့်ဖတ်ခြောက်များအား သေသပ်လှပစွာထုပ်ပိုးနိုင်မည့် ရင်ခွဲ အိတ်ပိတ်စက်တစ်မျိုးသည် တန်ဖိုးအားဖြင့် ကျပ် ၁၆၅၀ဝ၀ဝ ခန့်ရှိ၍ လုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံရန် စဉ်းစားရမည့်အပြင် မုန့် ဖတ်ခြောက်များ၏ သဘောသဘာဝအရ အခြားစားသောက်ကုန် များနှင့်  မတူညီသဖြင့် မုန့်ဖတ်ခြောက်များ ထုပ်ပိုးနိုင်ရန် ပြုပြင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တွေ့ ရှိရသည်။ ဘေးအိတ်ပိတ်စက်မှာ  တန်ဖိုးအားဖြင့် ကျပ် ၁၂၀ဝ၀ဝ၀  ခန့်ရှိပြီး   မုန့်ဖတ်ခြောက်အတွက်   ပိုမိုသင့်လျော်ကြောင်း တွေ့ရှိရသည်။
တောင်ငူမြို့မှ မုန့်ဖတ်ခြောက်များကို ဝယ်ယူပြီး အခြား တိုင်း ဒေသကြီးများမှ လုပ်ငန်းရှင်အချို့က အသင့်စားမုန့်ဟင်းခါးထုပ်များ ထုတ်လုပ်ရောင်းချကြောင်းသိရသည်။လုပ်ငန်းရှင်များအနေဖြင့် မိမိ တို့ ထုတ်ကုန်ပစ္စည်းများ   ပြည်တွင်း၌   လည်ပတ်နေသဖြင့် အားရ ကျေနပ်သည်ကို တွေ့ရပြီး ပြည်ပပို့ကုန်အဖြစ် အဆင့်မြှင့်ထုပ်ပိုး၍ ထုတ်လုပ်မည့်ကုန်ကျစရိတ်အတွက် စဉ်းစားနေသည်ကိုလည်း တွေ့ ရသည်။ လုပ်ငန်းရှင်အချို့အနေဖြင့် နိုင်ငံတော်က MSME လုပ်ငန်း များကို အားပေးနေချိန်တွင် ရင်းနှီးသင့်သည်ဟု  သဘောထားရှိပြီး တစ်ဖက်က ကုန်ကျစရိတ်နှင့်ရရှိမည့်ဈေးကွက်ကို  ချိန်ဆနေသည့် အနေအထားတွင်ရှိသည်။ လုပ်ငန်းရှင်အများစုက  လက်ရှိထုပ်ပိုးမှု စနစ်ဖြင့် ရောင်းချခြင်းကို လူအများ  ဝယ်ယူသုံးစွဲနိုင်ပြီး အဆင့်မြှင့် ထုပ်ပိုး၍ တန်ဖိုးမြင့်တက်လာပါက ရောင်းအားကျသွားမည်ကို စိုးရိမ် ကြသည်ကိုလည်း တွေ့ရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်အနေဖြင့် မိမိတိုင်းအတွင်းမှ ထုတ် လုပ်သောမုန့်ဖတ်ခြောက်များကို အခြားတိုင်းမှ လုပ်ငန်းရှင်များက ဝယ်ယူ၍ တန်ဖိုးမြှင့်ပြုပြင်ကာ  ရောင်းချနေသည်ကိုသိရှိပြီး မိမိတို့ လုပ်ငန်းရှင်များအတွက်  များစွာနစ်နာကြောင်း၊  ပြည်ပဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်ပါက အမြတ်အစွန်းမှာ   လက်ရှိထက် ၃ဆမက ရနိုင်ကြောင်း၊ လက်ရှိထုပ်ပိုးမှုအတိုင်း  ထုပ်ပိုး၍ ပြည်တွင်း ၌ရောင်းချပြီး ပြည်ပသို့တင်ပို့မည့်ကုန်ပစ္စည်းများကိုသာ အဆင့်မြှင့် ထုပ်ပိုးရန် လမ်းညွှန်ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရမှ MSMEများအား   အားပေးနေချိန်တွင် လုပ်ငန်းရှင်များ လိုက်ပါ ဆောင်ရွက်ပါက အကျိုးရှိနိုင်မည်ဖြစ်သည်။ အောင်မြင်မှုရရှိရန် ကြိုးစားအားထုတ်မှုတော့ လိုအပ်မည်ဖြစ်သည်။ လုပ်ငန်းရှင် တစ်ဦးတစ်ယောက်ပင် စွန့်စား၍ ရင်းနှီးပါက မိမိခရိုင် အတွင်း လုပ်ငန်းများ တိုးတက်အောင်မြင်မည်ဖြစ်ပါသဖြင့် လုပ်ငန်း ရှင်များအနေဖြင့် အဆင့်မြှင့် ထုပ်ပိုး၍ပြည်ပဈေးကွက်သို့ ထိုးဖောက် နိုင်ရေး ကြိုးစားကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

 

စောသန်းထိုက်ကျော် (တောင်ငူ)