Main menu

Background

စစ်ကိုင်းခရိုင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ

Tue, 09/26/2023 - 12:45 -- journal_editor

နိုင်ငံတော်၏စီးပွားရေးဦးတည်ချက်(၃)ရပ်အနက် တိုးတက် ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို   မဏ္ဍိုင်ပြု၍MSME  စက်မှုလုပ်ငန်းများကို   အားပေးဆောင်ရွက်ကာ ပို့ကုန် ကဏ္ဍမြှင့်တင်ရန် ရည်ရွယ်၍စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့်   စစ်ကိုင်းခရိုင်   အသေးစား၊ အငယ်စား၊ အလတ်စားMSME စီးပွားရေးလုပ်ငန်းများ၏ထုတ်ကုန်များပြပွဲ နှင့် ဈေးရောင်းပွဲတော်ကို စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ စက်တင် ဘာလ ၁၆ရက်နှင့် ၁၇ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ စစ်ကိုင်းခရိုင် အသေးစား၊ အငယ်စား၊ အလတ်စားMSME စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို အစီအစဉ်ကိုးရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က  အဖွင့်အမှာ စကား ပြောကြားရာတွင် ဒေသထုတ်ကုန်ပြပွဲနှင့်   ဈေးရောင်း ပွဲတော်ကို မုံရွာမြို့၌ သုံးကြိမ်ကျင်းပခဲ့ပြီး   စစ်ကိုင်းမြို့၌ ကျင်းပ ခြင်းသည် ယခု ပထမအကြိမ်ဖြစ်ကြောင်း၊MSME လုပ်ငန်းများ သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးတိုးတက် မှုအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ နိုင်ငံစီးပွားရေး၏ ၉၀ရာခိုင်နှုန်းကျော်သည်   အသေးစား၊ အငယ်စား၊ အလတ်စား MSME  စီးပွားရေးလုပ်ငန်းများဖြစ်ပြီး ယခုကဲ့သို့ ပြပွဲနှင့်ဈေးရောင်း ပွဲတော်ကျင်းပခြင်းဖြင့် စီးပွားရေးလုပ်ငန်းများအချင်းချင်း ဆက် သွယ်မှုရရှိပြီး ဒေသတွင်း ဈေးကွက်ကွန်ယက်များ ချိတ်နိုင်မည် ဖြစ်၍ စီးပွားရေးလုပ်ငန်းများအတွက် အကျိုးကျေးဇူးများစွာ ရရှိ မည်ဖြစ်ကာ ဒေသတွင်း စီးပွားရေးတိုးတက်ခြင်းနှင့်အတူ  နိုင်ငံ့ စီးပွားရေး မြှင့်တင်ရာရောက်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ အတွင်းရေးမှူး ဦးစိုးဟိန်း ကMSMEs Development Strategy  Implementation Plan  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စက်မှုကြီး ကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်း ထွဋ်ကိုက  ဌာန၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်း ကောင်း၊  စစ်ကိုင်းတိုင်းဒေသကြီး   ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က မြန်မာ နိုင်ငံ ကုမ္ပဏီများဥပဒေ၊    ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ အကြောင်းကိုလည်းကောင်း၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်ဆင့်က စစ်ကိုင်းခရိုင်အတွင်းရှိ MSMEစီးပွား ရေး လုပ်ငန်းများအကြောင်းကိုလည်းကောင်း၊  စစ်ကိုင်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုမြင့်က စက်မှုဇုန်အတွင်းလုပ်ငန်း ဆောင်ရွက်နိုင်မှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးပြော ကြားပြီးနောက်  စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ဂရိတ်ဝေါ ကုမ္ပဏီ ဦးတင်မောင်၊  မဟာနီလာသုံးဘီးဆိုင်ကယ်လုပ်ငန်းရှင် ဒေါ်နီလာအေး၊ ငွေထည်ကြေးထည်လုပ်ငန်းရှင် ဦးထွန်းထွန်း၊ စိန် ကြည် ခေါက်ဆွဲစက်လုပ်ငန်းရှင် ဦးရန်ရီဆ၊ အမှတ်(၃)ဇွန်ဆေးဝါး လုပ်ငန်းမှ ဒါရိုက်တာ ဦးစန်းထွန်းအောင်၊ စံပြ ဝက်မွေးမြူရေးခြံ လုပ်ငန်းရှင် ဦးစန်းယု၊ စစ်ကိုင်းဆီစက်လုပ်ငန်းရှင် ဦးညီညီဦးတို့က မိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှု  အခြေအနေများနှင့်  တွေ့ကြုံ နေရသည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က    သက်ဆိုင်သည့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။  ဖွင့်ပွဲအခမ်းအနားသို့ တိုင်း/ခရိုင်/ မြို့နယ်အဆင့်   ဌာနဆိုင်ရာအကြီးအကဲများ၊  ရပ်မိရပ်ဖများ၊ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ စသည်ဖြင့် တက်ရောက်သူ စုစုပေါင်း ၂၀ဝ ကျော်  တက်ရောက်ကြောင်း သိရှိ ရသည်။
စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ အတွင်းနှင့်ခန်းမအပြင် အရှေ့ ဘက်ခြမ်း၊ အနောက်ဘက်ခြမ်းတို့တွင် ဂရိတ်ဝေါကုမ္ပဏီမှ သစ် တောနှင့်သစ်တောထွက်ပစ္စည်းအမျိုးမျိုး၊ စိမ်းပြာရေညှိဖြင့် ထုတ် လုပ်သော ဇွန်ဆေးဝါးနှင့်စားသောက်ကုန်များ၊ စစ်ကိုင်း စက်မှုဇုန် ထုတ် စက်မှုလူသုံးကုန်ပစ္စည်းများ၊ မွေးမြူရေးထုတ်ကုန်၊ စိုက်ပျိုး ရေးထွက် ကုန်၊ရေထွက်ပစ္စည်းအမျိုးမျိုး၊ ပိုးထည်၊ ငွေထည် ကြေး ထည်၊ ကျောက်စိမ်းပုတီးအချောထည်၊ ကြိမ်ထည်၊ ဂစ်တာ၊ နို့နှင့် နို့ထွက်ပစ္စည်း၊     ကိတ်မုန့်အမျိုးမျိုး၊  ခေါက်ဆွဲခြောက်အမျိုးမျိုး စသည့် ဆိုင်ခန်းပေါင်း ၇၀ ပြသခဲ့ကြောင်း သိရသည်။ 

 

သန်းသန်းတင်
(မုံရွာ)