Main menu

Background

တန်ဖိုးမြှင့် အုန်းသီးထုတ်ကုန် ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်းဖွင့်

Tue, 10/10/2023 - 08:41 -- journal_editor

အောက်တိုဘာ၂ ရက်မှ ၄ ရက်အထိ သုံးရက် ကြာ ဖွင့်လှစ်ခဲ့သည့် ]အုန်းသီး တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း} ဖွင့်ပွဲအခမ်း အနားကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်း အဝေးခန်းမ၌  အောက်တိုဘာ ၂ ရက်က ကျင်းပခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးထွန်းအုံ   တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းနား၌    ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချမှုများကို ပြန်လည်အသုံးချ၍ အုန်းသီးအခြေခံ စားသောက်ကုန် ပစ္စည်းများ ထုတ်လုပ်ပြီး ပြည်တွင်းသာမက ပြည်ပသို့ တင်ပို့နိုင်သည်အထိ အကျိုးကျေးဇူး ရရှိနိုင်သော ကြောင့် တတ်မြောက်အောင်  သင်ကြားရန်လိုအပ် ကြောင်း၊  မြန်မာနိုင်ငံကထွက်ရှိသည့် အုန်းသီးအစိုနှင့် အခြောက်များတင်ပို့မှုကို  ပိုမိုတိုးမြှင့် တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စီမံကိန်းမှ  ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များမှတစ်ဆင့် အုန်းသီး စိုက်ပျိုးထုတ်လုပ်သူများနှင့် အုန်းသီး ထုတ် ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များ၏ လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ စီမံကိန်းမှ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ အောင်မြင်အောင်  ပူးပေါင်းကူညီ  ဆောင်ရွက်ပေး ကြရန် ပြောကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအား မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ၂၀၂၃ ခုနှစ် မေလမှ ၂၀၂၄ ခုနှစ် ဧပြီလအထိ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိ သည့် ထုတ်ကုန်(အုန်းသီး)တန်ဖိုးကွင်းဆက် တစ် လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း  စီမံကိန်း၏ လုပ်ငန်းအစီအစဉ်အရ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာများမှ ညွှန် ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသားများ စုစုပေါင်း ၆၀ ဦး တက်ရောက်ခဲ့ကြသည်။    ဆက်လက်၍ သင်တန်း ပထမနေ့အဖြစ် သင်တန်းပို့ချခြင်းအစီအစဉ်ကို နံနက်  ၁၀ နာရီတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊   သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနရှိ သင်တန်းခန်းမတွင် ဆက်လက်ဆောင်ရွက်ခဲ့ပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးက အုန်းသီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းကို စာတွေ့ သင်ကြားပို့ချခြင်းနှင့် ထုတ်ကုန်များ စမ်းသပ်ထုတ်လုပ် ခြင်းကို လက်တွေ့သရုပ်ပြ သင်ကြားပို့ချခဲ့သည်။
သင်တန်းတွင် အုန်းသီးအခြေခံ  စားသောက် ကုန် ပစ္စည်းများဖြစ်သည့် အုန်းသီးရေခဲမုန့်၊ အုန်းစိမ်း ဂျယ်လီ၊  အုန်းသီးအချိုရည်၊   အုန်းဆီ၊ အုန်းနို့မှုန့်၊ အုန်းသီးချိုချဉ်စသည်တို့ကို ပြုလုပ်ခြင်းနှင့် ရေချိုး ဆပ်ပြာ၊ အုန်းမီးသွေးကဲ့သို့သော တန်ဖိုးမြှင့်အုန်းထုတ် ကုန်များ ပြုလုပ်ခြင်းတို့ကို ပြည်တွင်းကျွမ်းကျင်ပညာ ရှင်များက စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ပြီး သင် တန်းသား ၃၄ ဦး တက်ရောက်ခဲ့ကြသည်။
တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ခြင်း ဖြင့်  ပို့ကုန်တိုးမြှင့်ရေးအတွက်  တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သည့်အပြင်    ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိလာကာ နေထိုင်မှုအဆင့်အတန်း များ မြင့်မားတိုးတက်လာမည်ဖြစ်၍ ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများ ရရှိလာမည်ဟုသုံးသပ်မိပါ သည်။

စံပယ်ဖြူ (CJ)