Main menu

Background

ဧရာဝတီတိုင်းဒေသကြီးအတွင်း ထွက်ရှိသော အုန်းသီးမှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးကွက်တွင် ရောင်းချလျက်ရှိ

Tue, 10/10/2023 - 08:42 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော အုန်းသီးကို မြန်မာ့ရိုးရာ အစားအစာ အများစုတွင် သုံးစွဲလျက်ရှိပြီး အုန်းတံမြက်စည်း၊ အုန်းခွံမီးသွေး၊ အုန်းဆံကြိုး၊ အုန်းလက်မှုပစ္စည်းများပြုလုပ်၍ ဝင်ငွေရရှိနေသလို အုန်းသားစိတ် လုပ်ငန်းမှ အုန်းသားခြောက်များကို နေပူလှန်း မီးကင်ပြီး မြေပဲဆန်အနေရောက် အောင် စက်ဖြင့်ခုတ်၍ အကြမ်းကြိတ်ဖက်ရရှိလာသည့်အခါ စက်ဖြင့်ထပ်မံကြိတ်ခွဲ ရသည်၊ အုန်းသားစိတ် ပိဿာ ၂၀ ကြိတ်ခွဲလျှင် အုန်းဆီ ၁၀ ပိဿာခန့်ရရှိပြီး ပြည်တွင်းဈေးကွက်တွင် ရောင်းချလျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ  သိရသည်၊ အုန်းဆီကို  ရာစုနှစ်ပေါင်းများစွာကတည်းက အသုံးပြုလာခဲ့ပြီး ယနေ့ထိတိုင် သဘာဝ ဆေးဖက်ဝင်ပစ္စည်းတစ်ခုအဖြစ်  လည်းကောင်း၊   စားသောက်ကုန်၊ လူသုံးကုန်နှင့် ကျန်းမာရေးအထောက်အကူပြု  ပစ္စည်းတစ်ခုအနေဖြင့်လည်း သုံးစွဲလျက်ရှိကြောင်း အုန်းဆီလိမ်းပေးခြင်းဖြင့် ဆံသားလှပစေသလို  ဆံပင်ကိုပိုမိုကျန်းမာသန်စွမ်းစေပြီး မျက်နှာ သို့မဟုတ် ကိုယ်ခန္ဓာပေါ်မှာ လိမ်းမည်ဆိုလျှင် အုန်းဆီသည် အရေပြားသဘာဝအဆီတွေ ဖြည့်တင်းပေးပြီး သဘာဝ အစိုဓာတ် ထိန်းထားပေးကြောင်း၊ ပါးပြင်ပေါ်လိမ်းပေးလျှင် အရေပြား၏ သဘာဝအရောင် တိုးမြှင့်ပေးပြီး မျက်တောင်ကော့ဆေးနှင့် မျက်လုံးတစ်ဝိုက် မိတ်ကပ်များဖျက်ရာ တွင်လည်း အသုံးပြုနိုင်ကြောင်း အုန်းဆီနှင့်ပလုတ်ကျင်းပေးခြင်းဖြင့် သွားကို ဖြူဖွေးတောက်ပစေပြီး သွားချေးတက်ခြင်းနှင့် ခံတွင်းအနံ့ဆိုးခြင်း၊ သွားပိုးစား ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း သိရသည်၊
အုန်းဆီသည်အသားအရေကို စိုပြည်စေပြီးပြန်လည်နုပျိုစေဖို့ အုန်းဆီလိမ်း ပေးနိုင်ပြီး အသားအရေ အိုမင်းရင့်ရော်ခြင်းနှင့် အရေးအကြောင်းဖြစ်ခြင်းတို့မှ ကာကွယ်နိုင်ကြောင်း၊ ထိခိုက်ရှနာနှင့် အရေပြားယားယံခြင်းကိုလည်း အုန်းဆီ လိမ်းပေးနိုင်ပြီး ဝက်ခြံများကိုဖြစ်စေသည့် ဘက်တီးရီးယားကိုလည်း သေစေနိုင် ကြောင်း အသားအရေစိုပြည်စေဖို့ အုန်းဆီလိမ်းပေးနိုင်သလို မျက်နှာပေါင်းတင်ရာ တွင် အုန်းဆီ၊ ပျားရည်၊ သကြားရေစပ်ပြီး မျက်နှာပေါ် ၁၀ မိနစ် လိမ်‌းပေးကာ အသုံးပြုနိုင်ကြောင်း၊ အုန်းဆီကို သကြားနှင့်ရောပြီး ခန္ဓာကိုယ်အနှံ့ လိမ်းပေးပြီး မိနစ် ၂၀ ခန့် နှိပ်နှယ်ပေးပြီး ရေချိုးပေးပါက ကျန်းမာရေး အထောက်အကူပြုမည် ဖြစ်ကြောင်းနှင့် ချေးချွတ်ရာတွင်လည်း အသုံးပြုနိုင်သည့် ကျန်းမာရေးအတွက် အထောက်အကူပြု အုန်းဆီအကြောင်း ရေးသားလိုက်ရပါသည်၊                                                                                                      

 

မင်းမင်းဦး(ပသ)