Main menu

Background

အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင် လျှောက်ထားနိုင်ပြီဖြစ်

Tue, 10/10/2023 - 08:49 -- journal_editor

အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ Online Sales) မှတ်ပုံ တင်နိုင်ရေး  အသိပညာပေးခြင်းနှင့် eComReg System  စနစ်ဖွင့် လှစ်ခြင်းအခမ်းအနားကို အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီ က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ပထမထပ် မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။  
အခမ်းအနားတွင် စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ရာ  Online Sale  များ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်သည့်အကြောင်းရင်းမှာ Online Sale ဝယ်ယူအသုံးပြုသည့် စားသုံးသူများ နစ်နာမှုများ လျော့နည်းစေရန်နှင့် ပိုမိုကောင်းမွန်သည့် ယုံကြည်မှု ပတ်ဝန်းကျင် ကောင်းကို  ဖော်ဆောင်နိုင်ရန်ဖြစ်ကြောင်း၊  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်သည့်    အမိန့်ကြော်ငြာစာများ   ထုတ်ပြန်ခဲ့ကြောင်း၊ ဝန်ဆောင်မှုပေးခြင်းကို  ကဏ္ဍတိုင်းတွင် စနစ်တကျ  ပိုမိုတွင်ကျယ် စွာ  အသုံးပြုလာနိုင်ရန်  အမိန့်ကြော်ငြာချက်များ   ထုတ်ပြန်ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sale)   လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဥညူငညန မှ လွယ်လွယ်ကူကူ မှတ်ပုံတင်နိုင်ရန် အတွက် နဃသျွာနါ ှပျအနာ ကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ( ဥူငညန ှေူနျ ) လုပ်ငန်းမှတ်ပုံတင်ရာတွင် ကုန်ပစ္စည်းအုပ်စု၊ ဝန်ဆောင်မှု အုပ်စုများကို စနစ်တွင်ထည့်သွင်းထားပြီး လိုအပ်သည့် ထုတ်ပြန် ကြော်ငြာမှုများ    ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ် ခွင့်ပြုထုတ်ပေးရာတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ (Online Sale) မှတ်ပုံတင်  လျှောက်ထားလာပါက မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ဖြင့်  ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်    တွဲဖက်အထွေ ထွေ အတွင်းရေးမှူး ဦးအောင်ဇေယျာလွင်က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားခဲ့သည်။  ထို့နောက် စားသုံးသူရေးရာဦးစီး ဌာနမှ   တာဝန်ရှိသူက   အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ထုတ်ပြန်ထားရှိမှု အခြေအနေနှင့် လိုက်နာဆောင်ရွက်ရမည့်စည်း ကမ်းသတ်မှတ်ချက်များကို  လည်းကောင်း၊  ကုန်သွယ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူက အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ မှတ်ပုံ တင်လက်မှတ်လျှောက်ထားရမည့်E-Commerce Registration (Online) System နှင့်စပ်လျဉ်း၍ လည်းကောင်း၊ မှတ်ပုံတင်လက် မှတ် လျှောက်ထားရာတွင် လိုက်နာရမည့် ကိစ္စရပ်များကိုလည်း ကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍  မြန်မာနိုင်ငံ  ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ဥညူငညန စနစ်ဖြင့် ရောင်းချသည့် (Online) များ မှတ်ပုံတင်နိုင်ရေး ကူညီဆောင်ရွက်နိုင်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ 
အခမ်းအနားသို့ စီးပွားရေးလုပ်ငန်းရှင် ၁၂၀ဝ ခန့် တက် ရောက်ခဲ့ပြီး အခမ်းအနားသို့  တက်ရောက်လာသည့် စီးပွားရေး လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူ များက ပြန်လည်ဖြေကြားခဲ့သည်။ Online Sale မှတ်ပုံတင်လျှောက် ထားလိုသူများသည်  ရုံးဌာနသို့ လူကိုယ်တိုင်လာရောက်ရန်မလိုဘဲ အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို လျှောက်ထားရယူ နိုင်သည့် eComReg System  ကို အောက်တိုဘာ ၂ ရက်မှ စတင် အသုံးပြုနိုင်ပြီဖြစ်ကာeComReg  Systemudk https://www.eco- mreg.gov.mm website တွင် ဝင်ရောက်လျှောက်ထားနိုင်ကြောင်း အသိပေးအပ်ပါသည်။

စံပယ်ဖြူ (CJ)