Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မဲခေါင်-လန်ချန်း သစ်သီးပွဲတော်တွင် မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

Tue, 10/10/2023 - 08:56 -- journal_editor

မဲခေါင်-လန်ချန်းသစ်သီးပွဲတော် (မြန်မာ) (Mekong - Lancang Fruit Festival-Myanmar)”ကို မြန်မာနိုင်ငံမှ ပါဝင် ပြသနိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၆ ရက် မွန်းလွဲ ၂ နာရီတွင် စီးပွားရေး နှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ရုံးအမှတ်(၃) နေပြည်တော်ရှိ မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင်  ဒုတိယဝန်ကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မဲခေါင်- လန်ချန်း ဒေသခွဲ စီးပွားရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး စင်တာနှင့်ပူးပေါင်း၍  မြန်မာနိုင်ငံမှ သစ်သီးဝလံများအား တရုတ်နိုင်ငံဈေးကွက်သို့  ပိုမိုတင်ပို့ရောင်းချနိုင်မည့် အကျိုး ကျေးဇူးရရှိမည်ဖြစ်ကြောင်း၊ ပြပွဲသို့ မြန်မာနိုင်ငံမှ ထွက်ရှိ သော ထောပတ်သီး၊ နာနတ်သီး၊  မက္ကဒေးမီးယား၊  ကျွဲကော သီး၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ မင်းကွတ်သီး၊ ကြက် မောက်သီး၊ ဒူးရင်း သီး၊ ပင်မှည့်သီး၊ သစ်ကြားသီးများအပြင် ဝဥ၊  လက်ဖက်၊ ကော်ဖီနှင့် ရှောက်ကောပါကောများပါ ထည့် သွင်းပြသနိုင်ရန်   စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ ဈေးကွက်ထိုးဖောက်နိုင်မည့်  အခွင့်အလမ်း ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်းသစ်သီးပွဲတော် ပထမနေ့တွင် မြန်မာနိုင်ငံ၏  အလားအလာရှိသည့် သစ်သီးဝလံများနှင့် ပတ်သက်သည့်   ဈေးကွက်မြှင့်တင်ရေး  ဆွေးနွေးပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြပွဲအောင်မြင်စွာကျင်းပ နိုင်ရေးအတွက် အစည်းအဝေးသို့   တက်ရောက်လာကြသည့်   ဌာနဆိုင်ရာများ၊   ကုန်သည်/အသင်းအဖွဲ့များက ပြပွဲသို့  အောင်မြင်စွာ သွားရောက်ပြသနိုင်ရေး ပူးပေါင်းဆောင်ရွက် ပေးကြရန် ပြောကြားခဲ့သည်။ 
အဆိုပါ    ညှိနှိုင်းအစည်းအဝေးသို့   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။                   

 

      MOC(IR)