ဂျပန်နိုင်ငံတွင် အခြေအနေ အမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်ကြသော နိုင်ငံခြားသားအများစု သည် ဂျပန်လုပ်သားဈေးကွက်ကို အင်နှင့်အားနှင့် ဖြည့်ဆည်းပံ့ပိုးပေးနေကြသည်။ ဂျပန်နိုင်ငံ တရား ရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ ဂျပန် နိုင်ငံတွင် နေထိုင်သည့် နိုင်ငံခြားသားဦးရေသည် ၂၀၂၂ခုနှစ် အကုန်တွင် ပထမဆုံးအကြိမ် သုံး သန်းအရေအတွက်ကို ကျော်လွန်ရောက်ရှိကာ ၃ ဒသမ ဝ၇ သန်းအထိ စံချိန်တင်ခဲ့ပြီဖြစ်သည်။
ဂျပန်နိုင်ငံရှိ နိုင်ငံခြားလုပ်သား အင်အားစု များထဲတွင် နည်းပညာ အလုပ်သင် သင်တန်းသား ဦးရေ ၃၂၅၀ဝ၀ နှင့် ကျွမ်းကျင်လုပ်သားဦးရေ ၁၃၁၀ဝ၀ တို့သည် ဂျပန်စီးပွားရေးကို ထောက်ကူ ပံ့ပိုးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင် လျက်ရှိသည်။ လုပ်သားနှစ်မျိုးစလုံး၏ အဆင့် အတန်းသည် နည်းပညာကျွမ်းကျင်မှုတစ်ခုကို သင်ယူနေရင်း အလုပ်လုပ်ရသည့် အခြေအနေ ဖြစ်သည်။ သို့သော် လေ့ကျင့်သင်ကြားမှုအတွက် ပံ့ပိုးမှုအနည်းငယ်သာရရှိပြီး ဈေးပေါသော ရွှေ့ ပြောင်းအလုပ်သမားအဖြစ် အသုံးချခံနေကြရ ကြောင်း အဆိုပါလုပ်သားများက စောဒကတက် တုံ့ပြန်မှုများရှိနေသည်။ ထိုလုပ်သားများသည် အစားအစာနှင့် အဖျော်ယမကာ၊ အထည်ချုပ်၊ ဆောက်လုပ်ရေး၊ သန့်ရှင်းရေးနှင့် စိုက်ပျိုးရေး စသည့် လုပ်သားရှားပါးသည့်ကဏ္ဍများတွင် လုပ် ကိုင်နေကြ၏။ ဂျပန်လူ့အဖွဲ့အစည်းသည် ဂျပန် နိုင်ငံသား အလုပ်သမားများ ဆန္ဒမရှိသည့် အလုပ် များအတွက် နိုင်ငံခြားလုပ်သား ၄၅၀ဝ၀ဝ ပေါ် တွင် မှီခိုနေရသည်။ ဂျပန်နိုင်ငံအတွက် ဗီယက်နမ် သည် ဤရွှေ့ပြောင်းအလုပ်သမားများ၏ အကြီး မားဆုံး ရင်းမြစ်ဒေသဖြစ်ပြီး နည်းပညာဆိုင်ရာ အလုပ်သင်သင်တန်းသား ၅၄ ရာခိုင်နှုန်းနှင့် နယ် ပယ်အလိုက် အထူးကျွမ်းကျင်လုပ်သားများ၏ ၅၉ ရာခိုင်နှုန်းခန့်ရှိသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း ရွှေ့ပြောင်း အလုပ်သမားများဦးရေ သာမက ဗီယက်နမ်နိုင်ငံ သားဦးရေသည် ၁၀ ဆ နီးပါးတိုးလာခဲ့ရာ ဦးရေ ၄၉၀ဝ၀ဝ အထိ ရှိလာခဲ့ သည်။ ဂျပန်နိုင်ငံအတွက် ဗီယက်နမ်သည် ရွှေ့ ပြောင်းအလုပ်သမား အများဆုံး ဖြည့်ဆည်းပေး နိုင်သည့် အရင်းအမြစ်အဖြစ် ဆက်လက်တည်ရှိ နေမည်ဟု သုတေသီများက မျှော်လင့်ကြသည်။ သို့သော် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ၃၂ နှစ်ကြာကာလအတွင်း ဂျပန်ယန်းငွေတန်ဖိုး အနိမ့် ဆုံးဖြစ်ခဲ့ရာ တစ်ဒေါ်လာသည် ယန်း ၁၅၀ သို့ ရောက်ရှိခဲ့သည်။ ဗီယက်နမ်ငွေကြေး ဒေါင်နှင့် ယှဉ်ပါကလည်း ယန်းငွေတန်ဖိုး ကျဆင်းမှုမှာ ပြင်းထန်လာခဲ့ရာ ဗီယက်နမ်၏ ရွှေ့ပြောင်းအလုပ် သမားများရရှိသည့် လုပ်ခလစာများမှာ အနည်း ဆုံး ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျော့ကျ သွားခဲ့သည်။ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းရှိ လူ့စွမ်း အားအရင်းအမြစ် ဝန်ဆောင်မှုကုမ္ပဏီ Himawari Service ၏ ဥက္ကဋ္ဌ Nguyen Thuy Linh က ယန်း ငွေတန်ဖိုး ကျဆင်းလာမှုကြောင့် ဂျပန်နိုင်ငံ အတွက် ရွှေ့ပြောင်းအလုပ်သမားများ ခေါ်ယူရာ တွင် ခက်ခဲမှုများဖြစ်လာသည်ဟု ဆိုသည်။
သို့သော် လက်ရှိလုပ်ခလစာ အမေရိကန် ဒေါ်လာ ၂၀ဝ နှင့် ၃၀ဝ ဝန်းကျင်ရရှိနေသည့် (နှစ် ပေါင်း ၃၀ ကြာ လုပ်ခလစာ တိုးတက်မှုမရှိခဲ့သည့်)ဗီယက်နမ်လုပ်သားအချို့အတွက်မူ အခြေအနေ မှာ ဆွဲဆောင်မှုရှိနေသေးသည်ဟု ဆိုသည်။ ဗီယက်နမ်၏ အထွေထွေစာရင်းအင်းရုံး (Viet- nam’s General Statistics Office)မှ ထုတ်ပြန် ထားသည့် ပျမ်းမျှလုပ်ခနှင့် ဂျပန်နိုင်ငံ ကျန်းမာ ရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန Japan’s Ministry of Health, Labor and Welfare) မှ ထုတ်ပြန်သော နည်းပညာ အလုပ်သင် သင်တန်းသားများနှင့် အထူးကျွမ်းကျင်လုပ်သား များအတွက် ပျမ်းမျှလုပ်ခလစာများအပေါ်အခြေခံ ၍သုံးသပ်ရလျှင် ဂျပန်နှင့် ဗီယက်နမ်လုပ်ခများ အကြား လုပ်ခကွာဟမှုမှာ လျော့ကျသွားဖွယ်ရှိ သည်ဟု ဆိုရမည်။
၂၀၂၁ ခုနှစ်တွင် ဂျပန်နိုင်ငံသား အထူး ကျွမ်းကျင်လုပ်သားများ၏ ပျမ်းမျှလစဉ်လုပ်ခသည် ဗီယက်နမ်နိုင်ငံ လုပ်သားများထက် ၉ ဒသမ ၇ ဆ၊ နည်းပညာ အလုပ်သင် သင်တန်းသားများ၏ လုပ်ခလစာထက် ၈ ဒသမ ၂ ဆ ပိုများနေခဲ့ သည်။ ၂၀၂၅ ခုနှစ်တွင် အထူးကျွမ်းကျင်လုပ်သားများနှင့် နည်းပညာ အလုပ်သင် သင်တန်းသားများ၏ ပျမ်းမျှ လစဉ်လုပ်ခများသည် ၅ ဒသမ ၉ ဆနှင့် ၅ ဒသမ ၁ ဆသို့ အသီးသီးကျဆင်းသွားလိမ့်မည် ဟုလည်း ခန့်မှန်းနေကြသည်။ ကျဆင်းမှုသည် ဆက်လက်ဖြစ်ပေါ်လာနိုင်ပြီး ၂၀၃၁ ခုနှစ်တွင် အထူးကျွမ်းကျင်လုပ်သားများ၏ ပျမ်းမျှ လစဉ် လုပ်ခသည်လည်းကောင်း၊ နည်းပညာ အလုပ်သင် သင်တန်းသားများ၏ ပျမ်းမျှ လစဉ်လုပ်ခသည် လည်းကောင်း လက်ရှိအခြေအနေ၏ သုံးပုံတစ်ပုံ နီးပါးခန့်အထိ ဖြစ်သွားနိုင်သည်ဟု ကောက် ချက်ချကြသည်။
ဗီယက်နမ်လုပ်သားများအနေဖြင့် ဂျပန် နိုင်ငံကို ဆွဲဆောင်မှုရှိသော ဝင်ငွေရင်းမြစ်တစ်ခု အဖြစ် မယုံကြည်တော့သည့်အချိန်တွင် ၂၀၃၁ ခုနှစ်သည် အလှည့်အပြောင်းကာလတစ်ခု ဖြစ် လိမ့်မည်။ ဂျပန်နိုင်ငံတွင်ရရှိသည့် လုပ်ခလစာ သည် ဗီယက်နမ် ပြည်တွင်းလစာထက် သုံးဆခန့် သာရှိသောကြောင့် ရွှေ့ပြောင်းနေထိုင်မှုနှင့် ဆက် စပ်သော ကုန်ကျစရိတ်များပါ ထည့်သွင်းတွက် ချက်သောအခါ အလုပ်ဖြစ်နိုင်သည့် အခြေအနေ မရှိတော့ပါ။ ဂျပန်နိုင်ငံ၏ နေထိုင်မှု ကုန်ကျစရိတ် သည် မြင့်မားသည်။ ၂၀၂၃ ခုနှစ် အခြေအနေအရ ဗီယက်နမ်နိုင်ငံ ကုန်ကျစရိတ်ထက် လေးဆခန့် ပိုများသည်။ ရွှေ့ပြောင်းလုပ်သားများ၏ လစဉ် ပျမ်းမျှလစာမှာ ယန်း ၁၈၀ဝ၀ဝ (အမေရိကန် ဒေါ်လာ ၁၂၅၀ ခန့်) ဖြစ်သော်လည်း နေထိုင်မှု အခန်းငှားရမ်းခ ကုန်စရိတ်၊ အခွန်အခအမျိုးမျိုး၊ လူမှုဖူလုံရေး အာမခံကြေးများနှင့် အခြားကုန်ကျမှု များသည် ရရှိသောလုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်းအထိ ဖြစ်နေသည်။
ဂျပန်နိုင်ငံ၏ စီးပွားရေးအတွက် အရေးပါ သော ရွှေ့ပြောင်းလုပ်သားများ ဂျပန်နိုင်ငံသို့ ဆက်လက်စီးဝင်လာမှုရှိစေရန် တိကျသောအစီ အမံများကို လုပ်ဆောင်ရန် လိုအပ်လာသည်။ ပထမလုပ်ဆောင်ရန်မှာ ရွှေ့ပြောင်းလုပ်သား ပွဲစားများကို ဖယ်ရှားရှင်းလင်းရန်ဖြစ်သည်။ ဗီယက်နမ် ရွှေ့ပြောင်းအလုပ်သမားများသည် ဂျပန်သို့လာရောက်မည့် ခရီးစရိတ် ကုန်ကျစရိတ် ပေးနိုင်ရန် ပွဲစားများထံမှ ဂျပန်ယန်းငွေ တစ်သန်း ခန့် ချေးယူကြရသည်ဟုသိရသည်။ ထိုငွေကြေး ပမာဏသည် အင်ဒိုနီးရှား သို့မဟုတ် ဖိလစ်ပိုင် အပါအဝင် အခြားနိုင်ငံများမှ ဂျပန်နိုင်ငံသို့လာ ရောက်သည့် ရွှေ့ပြောင်းအလုပ်သမားများ ပေး ဆောင်သည့် ပမာဏထက် ပို၍များပြားသည်ဟု လေ့လာတွေ့ရှိရသည်။ တောင်ကိုရီးယားနိုင်ငံက ၂၀ဝ၆ ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့သည့် အလုပ်အကိုင်ပါမစ်စနစ် (employment permit system) ကို ဂျပန်နိုင်ငံက အတုယူ လုပ်ဆောင်သင့် သည်။ ထိုအစီအစဉ်ဖြင့် တောင်ကိုရီးယား၏ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနသည် အလုပ်သမားပွဲစားများကို ဖယ်ရှားကာ တိုက်ရိုက် စီမံခန့်ခွဲ လုပ်ကိုင်ခြင်းဖြစ်သည်။ ဒုတိယလုပ် ဆောင်ရန်မှာ နည်းပညာ အလုပ်သင် သင်တန်း သားများနှင့် အထူးကျွမ်းကျင် လုပ်သားများကို ရွှေ့ပြောင်းအလုပ်သမားအဖြစ် တရားဝင် သတ် မှတ်အသိအမှတ်ပြုရန်ဖြစ်သည်။ ထိုလုပ်ဆောင် မှုသည် သင်တန်းသားများအဖြစ် ရောက်ရှိနေ သော ရွှေ့ပြောင်းလုပ်သားအပေါ် အခြေအနေကို အလွဲသုံးစားပြု၍ လုပ်ခလစာ နိမ့်ချပေးလျက် ခိုင်းနေသည့် အလုပ်ရှင်များကို ဟန့်တားထိန်း ကျောင်းနိုင်မည်ဖြစ်သည်။
တတိယလုပ်ဆောင်မှုသည် ရွှေ့ပြောင်း အလုပ်သမားများ နေရပ်သို့ပြန်ရောက်ချိန်တွင် ကျွမ်းကျင်မှုစွမ်းရည်ကို အသုံးချမှုနှင့် သက်ဆိုင် သည်။ နည်းပညာအလုပ်သင်များနှင့် အထူး ကျွမ်း ကျင်လုပ်သားများသည် ၎င်းတို့၏ ကျွမ်းကျင်မှု များကို မိခင်နိုင်ငံတွင် အသုံးချရန်ထက် ဂျပန်နိုင်ငံ တွင် အလုပ်လုပ်ကိုင်ရန် အာရုံစိုက်နေခြင်းဖြစ် သည်။ ဂျပန်နိုင်ငံတွင် သင်တန်းတက်ရောက်ပြီး သို့မဟုတ် လေ့ကျင့်ပြီးလုပ်သားသည် ၎င်း၏မိခင် နိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ သင့်လျော် သည့် အလုပ်အကိုင်နေရာချထားပေးမှု သို့မဟုတ် လက်တွေ့လုပ်ငန်းခွင်တွင် လိုအပ်သည့် နောက် ထပ်အရည်အချင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် ပံ့ပိုး ကူညီမှုကို ကုမ္ပဏီအနည်းငယ်မှလွဲ၍ အများစုက မဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သည်။ ထိုအချက်ကို ထည့်သွင်းစဉ်းစား၍ နှစ်နိုင်ငံအစိုးရများနှင့် လုပ် သားများ အကျိုးစီးပွားအတွက် စီစဉ်ရန်ဖြစ်သည်။
အကယ်၍ ဂျပန်တွင် ကျွမ်းကျင်မှုနှင့် နည်း ပညာ ဗဟုသုတများကို သင်ယူခဲ့သော လုပ်သား များကို ပြည်တွင်းစက်ရုံများတွင် ငှားရမ်းနိုင်ခဲ့လျှင် ဖြစ်စေ၊ ဂျပန်နှင့် ဗီယက်နမ် နှစ်နိုင်ငံအစိုးရတို့ အတူတကွပေါင်းစပ်၍ အမျိုးသားအဆင့် အရည် အချင်း စစ်ဆေးမှု အစီအစဉ်ကို ပြင်ဆင်ထားနိုင်ခဲ့ လျှင်ဖြစ်စေ ဗီယက်နမ်နိုင်ငံသား လုပ်သားများ၏ဘဝ သိသိသာသာ ပြောင်းလဲတိုးတက်လာမည်ဟု ယူဆကြသည်။
အခြားနိုင်ငံများနှင့် ယှဉ်ပါက လုပ်ခလစ ာ ပမာဏ နည်းပါးနေသည့်တိုင် ပိုမိုဆွဲဆောင်နိုင် သည့် အခြေအနေများ ဖန်တီးထားနိုင်ပါက ဂျပန် နိုင်ငံတွင် နည်းပညာပိုင်းဆိုင်ရာ လေ့လာလိုသည့် ဗီယက်နမ်နိုင်ငံသား အရေအတွက် ပိုမိုမြင့်တက် လာနိုင်သည်။ ဂျပန်နိုင်ငံက လိုအပ်နေသော ဗီယက်နမ် ရွှေ့ပြောင်းလုပ်သားများကိုလည်း ယခင်ကကဲ့သို့ ငှားရမ်းရရှိနိုင်မည်ဖြစ်သည်။
ကြယ်စင်ဖေသင်