Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Tue, 10/10/2023 - 11:36 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံရေး အခြေ အနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို  တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၇၇ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ အောက်တိုဘာ ၄ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၈၂၀ ဒေါ်လာဖြစ်ခဲ့သည်ကိုတွေ့ရှိ ရသည်။ ပြည်တွင်း ရွှေဈေးသည်လည်း ၂၀၂၃ ခုနှစ်  စက်တင်ဘာ ၂၈ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၅၅၅၀ဝ၀  ပေါက်ဈေးရှိ ခဲ့ရာမှ အောက်တိုဘာ ၄ ရက်တွင် ကျပ် ၃၄၃၅၀ဝ၀ သို့ အတက် အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။
ယခုနှစ် မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ် မှုတန်ဖိုး (ွီဏ) သည် တိုးတက်မှုနှုန်း ၃ ဒသမ ၃ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ပြီး  ၂၀၂၄ ခုနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်း တိုး တက်မှုရှိလာနိုင်ကြောင်း  အပြည်ပြည်ဆိုင်ရာ  ငွေကြေးရန်ပုံငွေ အဖွဲ့ (ှုငြ်္) မှ ခန့်မှန်းထုတ်ပြန်ထားသည်။ 
၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၈ ရက် မှ အောက်တိုဘာ  ၄ ရက်အထိ ရက်အလိုက် ဖြစ်ပေါ်ပြောင်းလဲခဲ့သော အမေရိကန် တစ်ဒေါ်လာနှင့် ညီမျှသော  နိုင်ငံတကာ ငွေလဲလှယ်နှုန်းများကို တစ်ဖက်ပါဇယားဖြင့် ဖော်ပြအပ်ပါသည်-
ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန် ချက်အရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်မှ အောက်တို ဘာ ၄ ရက်ထိတွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၂၁၀ဝ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပြီး အမေရိကန်ဒေါ်လာ ငွေလဲလှယ် နှုန်း (ဗဟိုဘဏ် သတ်မှတ်နှုန်းထား)မှာ တည်ငြိမ်လျက် ရှိသည်။
ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လို အား ပြောင်းလဲမှုပေါ်လိုက်၍ ၂၀၂၃ ခုနှစ် စက်တင်ဘာ  ၂၈ ရက်မှ အောက်တိုဘာ  ၄ ရက်ထိ ရက်သတ္တပတ်အတွင်း ၃၃၉၀-ကျပ် ၃၄၁၀ ကြားရှိနေကြောင်း သိရှိရသည်။

P&S