Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Tue, 10/10/2023 - 12:06 -- journal_editor

 ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်တွင်Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၂ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၅၂၂ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရ သည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၁ ဖြင့် လည်းကောင်း၊ ဧည့် မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၇ ဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၅၆၆ ဖြင့်လည်းကောင်း၊ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၇ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ် ခဲ့သည်ကို လေ့လာသိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၇ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၂ ဖြင့်လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၇ ဖြင့်လည်း ကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်း ဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများနှင့် ပါကစ္စတန် နိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ ကျဆင်းခဲ့ပြီး ဗီယက်နမ်နှင့် အိန္ဒိယ နိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရ သည်။
ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် မလေးရှားနိုင်ငံတွင် အိမ်ထောင်စုအများစုသည် အသုံးစရိတ် ချွေတာနေကြရသဖြင့် ဈေးနှုန်းသက်သာသည့် စားသောက်ကုန်ကို ရွေးချယ်ဝယ်ယူကြ သည်ဖြစ်ရာ သွင်းကုန်ဆန်ဈေးနှုန်းများ မြင့်တက်သည့်အတွက် ဈေးသက်သာသည့် ပြည်တွင်းထွက်ဆန်များကို ပြောင်းလဲ စားသုံး လာကြရာ ဝယ်လိုအား မြင့်တက်လာပြီး ပြည်တွင်းထွက်ဆန် ပြတ် လပ်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရသည်။ မလေးရှားနိုင်ငံတွင် တစ်နိုင်ငံလုံး ဆန်စားသုံးမှု၏ ၇၀ ရာခိုင်နှုန်းကိုသာ ပြည်တွင်း ထွက်ဆန်က ဖြည့်တင်းပေးနိုင်ပြီး အိန္ဒိယ၊ ပါကစ္စတန်၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဆန်ဖြူများ အများဆုံး တင်သွင်းရကြောင်း သိရှိရသည်။ ပြည်ပမှတင်သွင်းသည့် ဆန်များ သည် ကမ္ဘာ့ဆန်ဈေးနှုန်းတက်သည့်အလျောက် ဈေးနှုန်းများ မြင့်တက်လာ၍ ပြည်ပသွင်းကုန်ဆန်နှင့် ပြည်တွင်းထွက် ဆန်တို့ အကြား ဈေးနှုန်းကွာဟချက် ပိုများလာသဖြင့် ယခင်က မဝယ်ယူ ခဲ့ကြသည့် ပြည်တွင်းထွက်ဆန်တို့ကို ယခုအခါ ပြည်သူ  အများ အပြား လုယက်ဝယ်ယူနေကြသဖြင့် ဈေးကွက်အတွင်း ပြတ်လပ် နေကြောင်း သိရှိရသည်။ ထို့ကြောင့် မလေးရှားနိုင်ငံအစိုးရသည် ပြည်တွင်းစပါး ထုတ်လုပ်မှု တိုးတက်စေမည့် အစီအစဉ်များကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ပြည်တွင်းဆန်ဈေးကွက်သတင်းအနေဖြင့်   မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၉၃၀ဝ၀ မှ ၁၀ဝ၀ဝ၀ ကြား ပေါက် ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ မှ ၁၂၅၀ဝ၀ကြားပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန် ဆန်တစ်အိတ် လျှင် ကျပ် ၅၈၀ဝ၀ မှ ၆၀ဝ၀ဝ ကြား ပေါက်ဈေးရှိပြီး ဧည့်မထ ရိုးရိုးဆန်တစ်အိတ်လျှင် ကျပ် ၆၄၀ဝ၀ မှ ၆၆၀ဝ၀ ကြား ပေါက်ဈေးရှိကာ ယခုတစ်ပတ်တွင် ဆန်ကြမ်း ဈေးနှုန်းမှာ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။
လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင် ဘာ၂၉ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၂၂၅၈၂၁ ဒသမ ၈၆၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၂ ဒသမ ၇၇၀ သန်း၊ ဆန်ကွဲတန်ချိန် ၂၄၉၁၂၅ ဒသမ ၁၅၀ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၁၀ဝ ဒသမ ၇၅၂ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့ နိုင်မှု တန်ချိန် ၄၇၄၉၄၇ ဒသမ ဝ၁၁ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၂၁၃ ဒသမ ၅၂၂ သန်း ရရှိထားပြီး ယခင်နှစ်ကာလတူ တွင် ဆန်တန်ချိန် ၅၁၆၇၈၅ ဒသမ ၆၅၀ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၁၈၉ ဒသမ ၄၈၅ သန်း၊ ဆန်ကွဲတန်ချိန် ၃၈၅၉၄၈ ဒသမ ၆၅၀ တန်၊ တန်ဖိုး  အမေရိကန်ဒေါ်လာ ၁၂၅ ဒသမ ၇၅၉ သန်း၊ စုစုပေါင်း ဆန်နှင့် ဆန်ကွဲတင်ပို့နိုင်မှု တန်ချိန် ၉၀၂၇၃၄ ဒသမ ၃၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁၅ ဒသမ ၂၄၄ သန်း တင်ပို့ခဲ့သည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၉၀၉၆၃ ဒသမ ၇၈၉ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၇၁၅ သန်းနှင့် ဆန်ကွဲတင်ပို့မှုအနေဖြင့် ဆန်ကွဲ တန်ချိန် ၁၃၆၈၂၃ ဒသမ ၅၀ဝ တန်၊  တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅ ဒသမ ဝ၀၇ သန်း လျော့နည်းတင်ပို့ခဲ့သည်။ 
မြန်မာ-တရုတ်  နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် အောက်တိုဘာ ၄ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဧည့်မထ ဆန်တစ်အိတ်လျှင် ၂၀ဝ ယွမ်ရှိပြီး (ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၄၅၅ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ ကျော်) ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် အောက်တိုဘာ ၄ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၉၂ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင်  ဟားခါးမြို့တွင် ၆၈၅၀ ကျပ်ဖြင့် အမြင့်ဆုံး ဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့တွင် ဧည့်မ ထဆန် တစ်ပြည်လျှင် ၂၈၀ဝ ကျပ်ဖြင့် အနိမ့်ဆုံး ဈေးနှုန်းများ ဖြစ်ပေါ် ခဲ့သည်ကို တွေ့ရှိရသည်။
Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက ၃ ဒသမ ဝ၁ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ အောက်တိုဘာ ပထမပတ်တွင် နိုင်ငံတကာ ဆန်ဈေး နှုန်းများ အတက်/အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံ တွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။

 

P&S