Main menu

Background

ပင်မှည့်သီး(ခေါ် )လိုင်းမချူးသီးအကြောင်း တစေ့တစောင်း

Tue, 10/10/2023 - 12:08 -- journal_editor

တောင်ငူမြို့ ညောင်ပင်ဈေးရှိ သစ်သီးဆိုင် များတွင် ပင်မှည့်သီး(ခေါ်)လိုင်းမချူးသီး တစ်ပိဿာ လျှင် ကျပ် ၃၀ဝ၀ ဖြင့် ရောင်းချသည်။ ပင်မှည့်သီးကို သကြားနှင့် တို့စားနိုင်သလို ဖျော်ရည်ဖျော်ပြီးလည်း သောက်သုံးနိုင်သည်။ ပင်မှည့်သီးဖျော်ရည်ကို ပုံမှန် သောက်သုံးပေးခြင်းအားဖြင့် ကျန်းမာရေးကို များစွာ အထောက်အကူပြုသည်။
ပင်မှည့်သီးတွင် ပါဝင်သည့် သကြားဓာတ်သည် ဝမ်းချုပ်ခြင်းမှ  ကာကွယ်ပေးခြင်းကြောင့် ဝမ်းပုံမှန် မသွားသူများ၊ ဝမ်းချုပ်တတ်သူများ သောက်သုံးသင့် သော ဖျော်ရည်တစ်ခွက်ဖြစ်သည်။ ပင်မှည့်သီးဖျော် ရည်ကို သောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ မလိုအပ်သော  အဆီပိုများကို လျော့ကျစေသည်။ ပင် မှည့်သီးတွင်ပါဝင်သော ဗီတာမင်အေသည် ကိုယ်ခံ အားကို ကောင်းစေပြီး ကင်ဆာနှင့်နှလုံးရောဂါမဖြစ် စေရန် ကာကွယ်ပေးသည်။
ပင်မှည့်သီးကို အနှစ်သပ်သပ်ထုပ်ပိုး၍ ဈေး ကွက်အတွင်း ရောင်းချလျက်ရှိသည်။ ပင်မှည့်သီး အနှစ်က ၅၀ဝ ဂရမ်၊ ၁၀ဝ ဂရမ် ဟူ၍ နှစ်မျိုးထုတ်လုပ် ရောင်းချလျက်ရှိသည်။ ပင်မှည့်သီးအနှစ် ၅၀ဝ ဂရမ် တစ်ထုပ်လျှင် ကျပ် ၄၀ဝ၀၊  ၁၀ဝ၀ ဂရမ်တစ်ထုပ်လျှင် ကျပ် ၇၈၀ဝ ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိ ကြောင်း သိရသည်။
အိမွန်ဖြိုး(တောင်ငူ)