Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Tue, 10/10/2023 - 12:12 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် အောက်တိုဘာ ၂  ရက် Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံ ပေါင်း  ၁၂၅ နိုင်ငံအနက် အိုင်ဗရီကို့စ်နိုင်ငံသည် ယခုတစ်ပတ်တွင် ၇ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ ပြီး  Fiji နိုင်ငံတွင် ၆ ဒသမ ၃၀ ရာခိုင်နှုန်း၊ အီသီယိုးပီးယားနိုင်ငံတွင် ၃ ဒသမ ၇၀ ရာခိုင်နှုန်းနှင့် Cape Verde  နိုင်ငံတွင် ၃ ဒသမ ၂၀ ရာခိုင် နှုန်းဖြင့် ဈေးနှုန်းများမြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံ ပေါင်း  ၁၄  နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website  ၏  ယခုတစ်ပတ်အတွက် အောက်တိုဘာ ၂ရက် ဖော်ပြချက်၌ ယခုတစ်ပတ်အတွင်း မြန်မာ၊ အင်ဒိုနီးရှား၊  လာအို၊  မလေးရှား၊  ဖိလစ်ပိုင်၊  စင်ကာပူ၊  ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ ဟောင်ကောင်၊ ဘီနင်၊ ဘူလ်တန်၊ ကင်ညာ၊ မိုနာကို၊ နယူးဇီလန်၊ တောင်အာဖရိကနှင့် ဆူဒန် စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း  ၇၆  နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီ ဈေးနှုန်းတည်ငြိမ်နေကြောင်း တွေ့ရှိရ သည်။
ဓာတ်ဆီဈေးနှုန်း   ကျဆင်းသွားသည့်  နိုင်ငံများအနေဖြင့် ကမ္ဘောဒီးယား၊ ဂျပန်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ အီတလီ၊ ပေါ်တူဂီ၊ ဒိန်းမတ်၊ နယ်သာလန်၊ စပိန်၊ ဂျာမနီ၊ နော်ဝေ၊ ပြင်သစ်၊ ဟန်ဂေရီ၊ အာဂျင်တီးနားနှင့်  ပိုလန်အပါအဝင် နိုင်ငံပေါင်း  ၃၅ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၄ ဒသမ ၉၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေး နှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ကမ္ဘောဒီးယား နိုင်ငံတွင် ၃ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ပြီး ကျန် အာဆီယံနိုင်ငံများအားလုံးတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည် ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ၂  ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံ ပေါင်း ၁၂၅  နိုင်ငံအနက်  Fijiနိုင်ငံသည် ယခုတစ်ပတ်တွင် ၁၂ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး အိုက်ဗရီကို့စ်နိုင်ငံတွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ Cape Verde နိုင်ငံ တွင် ၆ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် အီသီယိုးပီးယားနိုင်ငံတွင် ၄ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြင့်တက်ခဲ့သည့် နိုင်ငံ ပေါင်း ၃၂ နိုင်ငံရှိကြောင်း  တွေ့ရှိရသည်။
Global Petrol Prices Website ၏ အောက်တိုဘာ ၂ ရက် ဖော်ပြချက်၌ ယခုတစ်ပတ်အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒို နီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဘရာဇီး၊ ဂွါတီမာလာ၊ အိုက်စလန်၊ နယူးဇီလန်နှင့် ဆွစ်ဇာလန် စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း  ၇၈  နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်း မရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။ 
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဂျပန်၊ အီတလီ၊ ဟန်ဂေရီ၊ နယ်သာလန်၊ သြစတြေးလျ၊ ကနေဒါ၊ ပိုလန်၊ အာဂျင်တီးနားနှင့် ပြင်သစ်အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၁ ဒသမ ၆၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၃ ခုနှစ် အောက်တိုဘာ၂ ရက် Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေး နှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် အာဆီယံနိုင်ငံများအားလုံး ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေ ကြောင်း လေ့လာတွေ့ရှိရသည်။ 

ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံး ဆီဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ  ၅ ရက်တွင် အောက်တိန်း-၉၂ တစ်လီတာလျှင် ၁၉၉၀ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ၂၀၈၅ ကျပ်၊ ဒီဇယ် တစ် လီတာလျှင် ၂၄၀၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၄၄၅ ကျပ် အသီးသီး ဈေးနှုန်း များဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများအား လေ့လာရာတွင် ဟားခါးမြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃၅၀ဝ ၊ ဒီဇယ် တစ် လီတာလျှင် ကျပ် ၃၃၅၀ ၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၃၀ဝ ၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၃၃၀ဝ ဖြင့် အမြင့်ဆုံး ဖြစ် ပေါ်နေပြီး ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၂၁၄၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၇၀၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ကျပ် ၂၁၅၀၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၈၀ ဖြင့် အနည်း ဆုံးဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။             
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်းစက်သုံး ဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခင်တစ်ပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၁၃၀ ကျပ်နှင့် ဒီဇယ် တစ်လီတာလျှင် ကျပ် ၁၃၅ သို့ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း လေ့လာသုံး သပ် တင်ပြအပ်ပါ သည်။

 

p&S