Main menu

Background

နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အဆင့်နိမ့် အသားကျောက် ကျောက်စိမ်းတွဲများကို မြန်မာကျပ်ငွေဖြင့် သီးသန့်ရောင်းချမည်

Tue, 10/10/2023 - 12:52 -- journal_editor

အမေရိကန်ဒေါ်လာဖြင့်သာ ရောင်းချမည့် နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် အသေးစား၊ အလတ်စားနှင့် အငယ် စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများ   ရရှိစေရန်အတွက်   အဆင့်နိမ့် အသားကျောက်  ကျောက်စိမ်းတွဲများကို မြန်မာကျပ်ငွေဖြင့် သီးသန့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း     မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။
ယခု ၂၀၂၃ခုနှစ်အတွက်  နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို လာမည့် အောက်တိုဘာ၂၀ရက်မှ ၂၈ ရက်အထိ နေပြည် တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပုလဲအတွဲပေါင်း ၁၀ဝ၊ ကျောက်မျက်အတွဲပေါင်း ၁၆၀၊ ကျောက်စိမ်း အတွဲပေါင်း ၄၀၂၅ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်သည်။ 
အဆိုပါပြပွဲများတွင် အသုံးပြုသည့်ငွေကြေးကို ယခင်က ယူရို ဖြင့်သာ သတ်မှတ်ထားသော်လည်း ယခုပြပွဲတွင်တော့ အမေရိကန် ဒေါ်လာဖြင့်  ပြောင်းလဲရောင်းချသွားမည်ဖြစ်ပြီး အာမခံ စပေါ်ငွေ ပေးသွင်းရာတွင်ဖြစ်စေ၊    ပုလဲနှင့်ကျောက်စိမ်းအတွဲများအတွက် တန်ဖိုးငွေ ပေးသွင်းရာတွင်ဖြစ်စေ အမေရိကန်ဒေါ်လာအပြင် အမေ ရိကန်ဒေါ်လာနှင့်ညီမျှသည့် ယူရို၊ ယွမ်၊ ဘတ်  စသည့် ငွေကြေးများ နှင့်လည်း    ပေးသွင်းနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
ယင်းပြပွဲတွင် အုပ်စု(အေ)  အဆင့်မြင့်  ကျောက်စိမ်းတွဲများ၊ အုပ်စု(ဘီ) အလယ်အလတ် အဆင့်မြင့်  ကျောက်စိမ်းတွဲများနှင့် အုပ်စု (စီ) အဆင့်နိမ့် ကျောက်စိမ်းတွဲများ  စသည်ဖြင့် အုပ်စု ၃ စုခွဲ၍ ပြသရောင်းချသွားမည်ဖြစ်ပြီး အဆင့်နိမ့် အသားကျောက် ကျောက် စိမ်းအတွဲ(စီ)အုပ်စုကို မြန်မာကျပ်ငွေဖြင့်  အခြေခံဈေးနှုန်းများ သတ် မှတ်ကာ ပြည်တွင်းရတနာကုန်သည်များကို သီးသန့် ရောင်းချပေး သွားမည်‌ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် ပုလဲအတွဲများ ကြည့်ရှုစစ်ဆေးခြင်းကို အောက်တို ဘာလ ၂၀ ရက်နေ့တွင်‌ ဆောင်ရွက်မည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါစနစ် ဖြင့် ရောင်းချခြင်းကိုတော့  အောက်တိုဘာ ၂၁ ရက်မှ ၂၂ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကာ ကျောက်မျက်အတွဲများ  ရောင်းချ ကြည့်ရှု စစ်ဆေးခြင်းကို အောက်တိုဘာ ၂၀ မှ ၂၁ ရက်နေ့အထိလည်းကောင်း၊ အိတ်ဖွင့်တင်ဒါစနစ်ကိုတော့ အောက်တိုဘာ ၂၃ ရက်အထိလည်း ကောင်း သတ်မှတ်ထားကြောင်း သိရသည်။
ထို့ပြင် ကျောက်စိမ်းအတွဲများ ကြည့်ရှုစစ်ဆေးခြင်းတွင် (အေ) အုပ်စုနှင့် (ဘီ)အုပ်စု ကျောက်စိမ်းတွဲများကို အောက်တိုဘာ ၂၀ ရက် မှ ၂၃ ရက်နေ့အထိလည်းကောင်း၊ အိတ်ဖွင့်တင်ဒါစနစ်ကို အောက် တိုဘာ ၂၄ ရက်မှ ၂၆ ရက်နေ့အထိလည်း‌ကောင်း  သတ်မှတ်ထားပြီး (စီ)အုပ်စုကျောက်စိမ်းတွဲများ ကြည့်ရှုစစ်ဆေးတာကိုတော့ အောက် တိုဘာ ၂၀ ရက်မှ ၂၆ရက်အထိ သတ်မှတ်ထားကာ အိတ်ဖွင့်တင်ဒါ စနစ်ကိုတော့ အောက်တိုဘာ ၂၇ မှ ၂၈ ရက်အထိ  သတ်မှတ်ထား ကြောင်း သိရသည်။
သို့ဖြစ်၍ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြု မိန့်ရယူ၍ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင် များ ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာ ရောင်းဝယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်း ရှင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ  တက်ရောက်ဝယ်ယူ နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို၁၉၆၄ ခုနှစ်မှစတင်ပြီး ကျင်းပခဲ့ရာ ယခု ၂၀၂၃ ခုနှစ်အထိ  နိုင်ငံခြားငွေဖြင့် ရောင်းချခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲပေါင်း ၉၉ ပွဲ ကျင်းပ ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ပန်းဆု