Main menu

Background

အထူးတန်းဝင် မြန်မာ့အာရေးဗီးကားကော်ဖီ ပြည်ပဈေးကွက်၌ အထိုက်အလျောက် မြင့်မားသောဈေးနှုန်းရရှိနေ

Tue, 10/10/2023 - 12:55 -- journal_editor

အထူးတန်းဝင် မြန်မာ့အာရေးဗီးကားကော်ဖီသည်  ပြည်ပ ဈေးကွက်၌ အထိုက်အလျောက်မြင့်မားေ‌သော  ဈေးနှုန်းများ  ရရှိနေ ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။ ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ်ရှိ ရွာငံ၊ ဟိုပုံး၊ ပင် လောင်းဒေသများမှ စိုက်ပျိုးထွက်ရှိသည့်   မြန်မာ့အာရေးဗီးကား ကော်ဖီသည် အထူးတန်းဝင်ကော်ဖီအဆင့် ရရှိထားကြောင်း သိရ သည်။ ထို့ကြောင့် လက်ရှိတွင်   အထိုက်အလျောက်မြင့်မားသည့် ကော်ဖီဈေးနှုန်းများရရှိနေပြီး ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် တောင် သူများနှင့် လုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရ သည်။
မြန်မာ့ကော်ဖီကို ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ တရုတ်၊ ထိုင်း၊ အမေရိ ကန်၊ ဗြိတိန်၊ အိုက်စလန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဂျာမနီနှင့်  UAE နိုင်ငံများသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ကာ ပြီးခဲ့သည့်၂၀၂၁-၂၀၂၂ ခုနှစ်တွင်  အဆိုပါနိုင်ငံများသို့ ကော်ဖီတန်ချိန် (၁၁၀ဝ)ခန့် တင်ပို့ ရောင်းချခဲ့နိုင်ခဲ့ကြောင်း သိရသည်။
ကော်ဖီတင်သွင်းမှုအနေဖြင့် ကော်ဖီစေ့၊  Coffee Mix နှင့် Coffee Powder  ပုံစံသုံးမျိုးဖြင့်   တင်သွင်းလျက်ရှိပြီး Coffee Mix  တန်ချိန်(၁၂၅၀)ခန့်နှင့် Coffee Powder  တန် (၄၅၀ဝ)ခန့် တင်သွင်းခဲ့ ကြောင်း အကောက်ခွန်ဦးစီးဌာန၏အချက်အလက်များအရ  သိရ သည်။
မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ဧက (၄၀ဝ၀ဝ) ရှိပြီး ရှမ်းပြည်နယ် တွင် အများဆုံးစိုက်ပျိုးကာ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးလျက်ရှိပြီး နှစ်စဉ် ဒီဇင်ဘာ လမှ မတ်လအထိ ခူးဆွတ်ထုတ်လုပ်ကာ ဧပြီလနောက်ပိုင်းမှစတင်၍ တစ်နှစ်ပတ်လုံး ရောင်းချလျက်ရှိကြောင်း သိရသည်။

 

ပန်းဆု