Main menu

Background

မကွေးမြို့တွင် အသေးစားစက်မှုဇုန်အသစ်တည်ထောင်မည်

Tue, 10/10/2023 - 14:19 -- journal_editor

မကွေးတိုင်းဒေသကြီး မကွေးမြို့တွင်အသေးစားစက်မှုဇုန်တစ်ခု အကောင်အထည်ဖော်ဆောင်နိုင်ရန် တိုင်းအစိုးရအဖွဲ့က စီစဉ်နေကြောင်း သိရသည်။အဆိုပါ စက်မှုဇုန်ကို နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်များနှင့်အညီ စနစ်တကျ စီမံထူထောင်ပြီးပြည်တွင်း၊ ပြည်ပရှိ လုပ်ငန်းရှင်များအားလုံးရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်ရန်နှင့် မကွေးမြို့တွင်းက စက်မှုလုပ်ငန်းများပါ အသေးစားစက်မှုဇုန်အတွင်း အခြေချလုပ်ကိုင်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။စက်မှုဇုန် အကောငထည်ဖော်မည့်နေရာမှာ မကွေး-တောင်တွင်းကြီး ကားလမ်း၏တောင်ဘက်၊မိုင်တိုင်အမှတ် ၃၂၅၊ မကွေးမြို့မှနေ၍ ၄ မိုင်ခန့်အကွာ၊ မကွေး ကွန်ပျူတာတက္ကသိုလ်မှ ၇ဖာလုံခန့်အကွာ၊ မကြီးကန်ဓာတ်အားခွဲရုံမှ ၁ဒသမ၅မိုင်ခန့် အကွာအဝေးတွင် တည်ရှိပြီး အမှတ်(၅) စက်မှုသင်တန်းကျောင်း၊ တာတာကားစက်ရုံတို့နှင့်ဆက်စပ်တည်ရှိကာ ၄၆၁ဧက မြေအကျယ်ရှိကြောင်းသိရသည်။ယင်းနေရာသည် အသေးစားစက်မှုဇုန် တည်ထောင်ရန်အတွက် လုံလောက်သည့် မြေနေရာရှိခြင်း၊ မြေမျက်နှာသွင်ပြင် ညီညာပြန့်ပြူးမှုရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ရေရှိမှုလွယ်ကူခြင်း၊ လျာထားမြေနေရာအနီးတွင် ၃၃ကေဗွီဓာတ်အားလိုင်း တည်ရှိခြင်းကြောင့်လျှပ်စစ်မီးရရှိမှု အခွင့်အလမ်းရှိခြင်းအပြင်ကျွမ်းကျင်အလုပ်သမား အင်အားလည်းပေါများစွာရရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် စက်မှုဇုန် လျာထားမြေနေရာ၏ တောင်ဘက်ခြမ်း ၁ မိုင် ၄ဖာလုံခန့်အကွာတွင် ဧရာဝတီမြစ်ရှိခြင်းကြောင့် စက်မှုဇုန်ဖွံ့ဖြိုးလာချိန်တွင် ကုန်တင်၊ ကုန်ချဆိပ်ကမ်းငယ်တစ်ခု ဆောင်ရွက်နိုင်သည့်အတွက်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပိုမိုအဆင်ပြေ ချောမွေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။မကွေးတိုင်းဒေသကြီးအတွင်း လက်ရှိ၌ အကောင်ထည်ဖော်ထားပြီးဖြစ်သည့် စက်မှုဇုန်များမှာ ရေနံချောင်းစက်မှုဇုန်နှင့်ပခုက္ကူစက်မှုဇုန်တို့ဖြစ်ကြောင်း သိရသည်။

 

ပန်းဆု