Main menu

Background

ဘက်စုံအသုံးဝင်သည့် ဓနိပင်

Tue, 10/10/2023 - 15:03 -- journal_editor

ဓနိပင်သည် ပင်လယ်ရေငန်ဝင်သော ကမ်းရိုးတန်းဒေသများနှင့် ကမ်းစပ်ချောင်း စပ်များတွင် ပေါက်ရောက်သည်။ ဓနိပင်၏အရွက်ကို   အိမ်အမိုးအကာများအတွက် အသုံးပြုကြသကဲ့သို့ အရိုးကိုခြံစည်းရိုးကာရန် အသုံးပြုကြသည်။အရွက်နုသည် သင်း ပျံ့သောရနံ့ရှိသဖြင့် မုန့်များ၊ ကောက်ညှင်းထုပ်များ ထုတ်ပိုးရာတွင် ဖက်အဖြစ် အသုံး ပြုကြသည်။ ဓနိပင်မှရသောဓနိရည်ကို အချိုရည်အဖြစ် သောက်သုံးနိုင်သကဲ့သို့ ဓနိ သကြားချက်ရာတွင်လည်းကောင်း၊ ပအုန်းရည်(သို့မဟုတ်)ရှာလကာရည်  ပြုလုပ်ရာ တွင်လည်းကောင်း သုံးကြသည်။ ဓနိပင်မှရသော ဓနိသီးသည် ထန်းသီး၊ ပေသီးကဲ့သို့ ပုံစံဆင်ကာ စားကောင်းသောဓနိသီးကို အစိမ်းစားကြသကဲ့သို့ အချိုပွဲများ၊ဖျော်ရည်များ နှင့်ရေခဲမုန့်များလုပ်ရာတွင် ထည့်သွင်းအသုံးပြုကြသည်။
ယခုအခါ ဓနိဖူးခြောက်သည် များစွာခေတ်စားလာပြီး တနင်္သာရီတိုင်းနှင့် ဓနိပင် ပေါများရာ မြန်မာနိုင်ငံရှိ အခြားဒေသများတွင် ဓနိဖူးခြောက်ကိုပြုလုပ်ကာ မြန်မာပြည် အနှံ့ရောင်းချလျက်ရှိကြသည်။   ဓနိဖူးခြောက်တွင်Rolyphenol  ဓာတ်ပါဝင်သည်။ထိုဓာတ်သည် လူ့ကိုယ်တွင်းတွင် antioxidant များကို ထုတ်ပေးပါသည်။   Antioxidant  ကြောင့် အရွယ်တင်နုပျိုစေခြင်း၊ ကင်ဆာရောဂါကိုကာကွယ်ပေးခြင်း၊ နှလုံးသွေးကြော ဆိုင်ရာ ရောဂါများကိုဟန့်တားပေးခြင်း၊  အမောခံနိုင်ခြင်း၊  အာရုံကြောရောဂါများကို သက်သာစေခြင်းယားနာနှင့် အရေပြားရောဂါတို့ကို  သက်သာစေခြင်း စသော အကျိုး ကျေးဇူးများစွာရစေသောကြောင့် တစ်ခါတစ်ရံတွင် လက်ဖက်ခြောက်အစား သောက် နိုင်ပါသည်။ အရွက်ကိုမီးရှို့၍ရသောပြာမှုန့်ကို ယားနာနှင့် သွားနာတွင်လည်း သုံးကြ သည်။  ဓာတ်ခွဲချက်များအရ ဓနိဖူးခြောက်သည်   ဂျင်ဆင်းထက်ပင်  Antioxidant  ပြွိုကယ်ဝကြောင်း သိရသည်။ ထို့ကြောင့် ဘက်စုံအသုံးဝင်သော ဓနိပင်ကို အမိုးအကာ ဖြစ်သာမကဘဲ   နည်းလမ်းပေါင်းစုံပြုလုပ်  အသုံးချရင်း မြန်မာ့ကမ်းရိုးတန်းဒေသရှိ ဓနိတောများကိုလည်း   မပျောက်ပျက်အောင်   စနစ်တကျထိန်းသိမ်းသင့်ကြောင်း ရေးသားလိုက်ရပါသည်။                       

 

 ညိုညို(မြိတ်)