Main menu

Background

ရွှေရည်ညွှန်းဈေး ကျပ် ၃၀၄၄၅၀ဝ ရှိ

Mon, 10/23/2023 - 14:34 -- journal_editor

ပြည်တွင်း ရွှေရည်ညွှန်းဈေးမှာ အောက်တိုဘာ ၁၉ ရက် ပေါက်ဈေးအရ ကျပ်သိန်း ၃၀၄၄၅၀ဝ ရှိပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် ၁၉၄၇ ဒေါ်လာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (ွ့နဗ) မှ သိရ သည်။ တစ်ပတ်အတွင်း  ဖြစ်ပေါ်ခဲ့သည့် ရွှေရည်ညွှန်းဈေးနှုန်းများအနေဖြင့် အောက်တိုဘာ ၁၃ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၉၄၂၉၀ဝ၊ ၁၄ ရက်တွင် ကျပ် ၃၀၂၂၆၀ဝ၊ ၁၆ ရက်တွင် ကျပ် ၂၉၈၉၈၀ဝ၊ ၁၇ ရက်တွင် ကျပ် ၃၀ဝ၂၃၀ဝ၊ ၁၈ ရက်တွင် ကျပ် ၃၀၂၇၃၀ဝ ဖြစ်ကြောင်း သိရသည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ အောက်တိုဘာ ၁၃ ရက်တွင် ၁၈၈၂ ဒေါ်လာ၊ ၁၄ ရက်တွင် ၁၉၃၃ ဒေါ်လာ၊ ၁၆ ရက်တွင် ၁၉၁၂ ဒေါ်လာ၊ ၁၇ ရက်တွင် ၁၉၂၀ ဒေါ်လာ၊ ၁၈ ရက်တွင် ၁၉၃၆ ဒေါ်လာဖြစ်သည်။
ွ့နဗ အနေနှင့် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းမှ စတင်ကာ အသင်း၏ ရွှေရည်ညွှန်းဈေးကို ဘဏ်တွေအကြား ဗဟိုဘဏ်၏ အွန်လိုင်းဈေးကွက် တွင် အရောင်းအဝယ်ဖြစ်မြောက်သည့် ဒေါ်လာပေါက်ဈေးဖြင့် ပြောင်းလဲတွက်ချက် ထုတ်ပြန်နေခြင်းဖြစ်သည်။ ယခင်က ရွှေရည်ညွှန်းအဖြစ် ထုတ်ပြန်နေရာတွင်၂၁၀ဝ ကျပ်ဖြင့် တွက်ချက်ထုတ်ပြန်ရာမှ အောက်တိုဘာ ၇ ရက်မှစတင်ကာ ဗဟိုဘဏ် လေလံဈေး ၂၉၃၂ ကျပ်နှင့် ပြောင်းလဲတွက်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက် အွန်လိုင်းဈေးကွက်တွင် အရောင်းအဝယ်ဖြစ်သည့် ဒေါ်လာပေါက်ဈေးနှင့် တွက် ချက်ကာ ရွှေရည်ညွှန်းဈေးကို ဈေးကွက်ဈေးနှုန်းအဖြစ် အောက်တိုဘာ ၁၂ ရက် မှစတင်ကာ ထပ်မံပြောင်းလဲထုတ်ပြန်နေခြင်းဖြစ်သည်။                            

 

ပန်းဆု