Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်တင်ပြခြင်း

Mon, 10/23/2023 - 14:53 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၁၂ ရက် တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၈၀ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှအောက်တိုဘာ ၁၈ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၃၇ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည်လည်း အောက်တိုဘာ ၁၂ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၄၂၅၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှအောက်တိုဘာ ၁၈ ရက်တွင် ကျပ် ၃၄၅၀ဝ၀ဝ သို့ အတက်အကျဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏စက်တင်ဘာ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းသည် ၆ ဒသမ ၂ ရာခိုင်နှုန်း ရှိပြီးGDP သည် - ၁၈ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွက်ငွေကြေးဖောင်းပွမှုနှုန်းသည် ၈ ရာခိုင်နှုန်းသို့ မြင့်တက်နိုင်ကြောင်း ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ GDP သည် ၁ ရာခိုင်နှုန်းခန့် တိုးတက်နိုင်ကြောင်းWord Bank ခန့်မှန်းထားသည်ကို တွေ့ရှိရသည်။ Cecidata .com  မှ ဖော်ပြချက်၌ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏GDP မှာ - ၅ ဒသမ ၉ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့်နှစ်ထက် ၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြထားသည်။ ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအားပြောင်းလဲမှုပေါ်လိုက်၍ အောက်တိုဘာ ၁၂ ရက်မှ အောက်တိုဘာ၁၈ ရက်ထိ ရက်သတ္တပတ်အတွင်း ၃၂၉၀-၃၃၄၀ ကျပ်ကြား ရှိနေ ကြောင်းသိရှိရသည်။

P&S