Main menu

Background

ဆန်ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ

Mon, 10/23/2023 - 14:59 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင်Thai Rice Exporter Association တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၇ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၇ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၇ ဖြင့်လည်းကောင်း၊ဧည့်မထ(၅ %)တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၈ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၄ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၃၇ ဖြင့်လည်းကောင်း၊ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၂၂ ဖြင့်လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ရာခိုင်နှုန်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၇ ဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင်ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများမှာ ကျဆင်းခဲ့ပြီးပါကစ္စတန်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဆန်ဈေးနှုန်းများ မြင့်တက်ခဲ့ကာ အိန္ဒိယနိုင်ငံတွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်းသိရှိရသည်။ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် ဖိလစ်ပိုင်၊ မလေးရှား၊ ကင်မရွန်း၊ အိုင်ဗရီကို့စ်နှင့် နီပေါအပါအဝင် အာရှနှင့်အာဖရိကနိုင်ငံများ ၇ နိုင်ငံသို့ ဘာစမာတီ မဟုတ်သော ဆန်ဖြူ တန်ချိန် ၁ဒသမ ၃၄ သန်းကို National Cooperative Export Ltd (NCEL)မှတစ်ဆင့်တင်ပို့ရန် အိန္ဒိယအစိုးရက အတည်ပြုခဲ့ကြောင်း သိရှိရသည်။ ပြည်တွင်းဆန်ဖူလုံရေး မြှင့်တင်ရန် ဆန်ဖြူတင်ပို့မှုကို
အိန္ဒိယအစိုးရက ၂၀၂၃ ခုနှစ် ဇူလိုင် ၂၀ ရက်မှစ၍ တားမြစ်ထားခဲ့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံမှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်Government to Government အစိုးရမှ အစိုးရသို့ G2G လမ်းကြောင်းမှတစ်ဆင့် တင်ပို့ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။ သြဂုတ်လတွင် NCEL မှတစ်ဆင့် ဆန်ဖြူတန်ချိန် သုည ဒသမ ၁၄ သန်းတင်ပို့ခွင့်ပြုခဲ့ရာ ဘူလ်တန်၊ စင်ကာပူနှင့် မောရစ်သျှနိုင်ငံတို့ ပါဝင်ပြီး စက်တင်ဘာလတွင်လည်း
NCEL မှတစ်ဆင့် ဆန်ဖြူ တန်ချိန် ၇၅၀ဝ၀ ကို အာရပ်စော်ဘွားများပြည်ထောင်စု UAE သို့ တင်ပို့ရန်ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။ပြည်တွင်းဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၉၃၀ဝ၀ မှ ၁၀ဝ၀ဝ၀ ကြား ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝမှ ၁၂၅၀ဝ၀ ကြား ပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သောဧည့်မထ ၂၅ မှတ်တန် ဆန်(သစ်)တစ်အိတ်လျှင် ကျပ် ၅၈၀ဝ၀မှ ၆၀ဝ၀ဝ ကြား ပေါက်ဈေးရှိပြီး ဧည့်မထ ရိုးရိုးဆန် (ဟောင်း)တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀ မှ ၆၈၀ဝ၀ ကြား ပေါက်ဈေးရှိကာယခုတစ်ပတ်တွင် ဆန်ကြမ်း(ဟောင်း)ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၂၇၀၂၂၆ ဒသမ၄၆၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၈ ဒသမ ၂၄၇ သန်း၊ဆန်ကွဲတန်ချိန် ၂၆၅၂၈၁ ဒသမ ၆၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၇ ဒသမ ၈၆၇ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၅၃၅၅၀၈ ဒသမ ၁၁၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၆ ဒသမ ၁၁၄ သန်း ရရှိထားပြီး၊ ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၅၇၀၅၈၃ ဒသမ ၂၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၁ ဒသမ ၄၁၁ သန်း၊ ဆန်ကွဲ တန်ချိန် ၄၀၂၇၅၃ ဒသမ၅၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၈၀၅ သန်း၊စုစုပေါင်း ဆန်နှင့် ဆန်ကွဲတင်ပို့နိုင်မှု တန်ချိန် ၉၇၃၃၃၆ ဒသမ၈၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၄၃ ဒသမ ၂၁၆ သန်း
တင်ပို့ခဲ့သည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန်၃၀ဝ၃၅၆ ဒသမ ၇၈၉ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၇၃ဒသမ ၁၆၄ သန်းနှင့် ဆန်ကွဲ တင်ပို့မှုအနေဖြင့် ဆန်ကွဲတန်ချိန်၁၃၇၄၇၁ ဒသမ ၉၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃ဒသမ ၉၃၈ သန်း လျော့နည်းတင်ပို့ခဲ့သည်။မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင်၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဧည့်မထ ဆန်တစ်အိတ်လျှင် ၂၀ဝ ယွမ်ရှိပြီး(ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၄၅၅ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ ကျော်) ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၉၂ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါကဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ် ၇၀ဝ၀ ဖြင့်အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့တွင် ဧည့်မထဆန်တစ်ပြည်လျှင် ကျပ် ၂၈၀ဝ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ် ခဲ့သည်ကိုတွေ့ရှိရသည်။