Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Mon, 10/23/2023 - 15:03 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများ အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၄ နိုင်ငံအနက် ကင်ညာနိုင်ငံသည် ယခု တစ်ပတ်တွင် ၂ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့် ဆုံးနိုင်ငံဖြစ်ခဲ့ပြီး Puerto Rico နိုင်ငံတွင် သုည ဒသမ ၇၀ ရာခိုင်နှုန်း၊ ပိုလန်နိုင်ငံတွင် သုည ဒသမ ၅၀ ရာခိုင်နှုန်းနှင့် ဂျာမနီနိုင်ငံတွင် သုည ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ခုနစ်နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website  ၏ ယခုတစ်ပတ်အတွက် အောက်တိုဘာ ၁၆  ရက် ဖော်ပြချက်၌ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒို နီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ ဟောင်ကောင်၊  အာဂျင်တီးနား၊  ဘီနင်၊  ကနေဒါ၊  ခရိုအေးရှား၊ ဒိန်းမတ်၊ ဂျော်ဒန် စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၉၁ နိုင်ငံ တွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။
ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဖိလစ်ပိုင်၊ ပါကစ္စတန်၊ အိုက်စလန်၊ အက်စ်တိုးနီးယား၊ သြစတြေးလျ၊ ဖင်လန်၊ ဆွီဒင်၊ စပိန်၊ အီတလီ၊ နယ်သာလန်နှင့် ပြင်သစ် အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၂၀ ရာခိုင်နှုန်းမှ ၂၁ ဒသမ ၆၀ ရာခိုင်နှုန်းထိ ဈေးနှုန်း ကျဆင်း ခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေး နှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဖိလစ်ပိုင်နိုင်ငံ တွင် ၄ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ပြီး ကျန်အာဆီယံ နိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံ ပေါင်း ၁၂၄ နိုင်ငံအနက် တူရကီနိုင်ငံသည် ယခုတစ်ပတ်တွင် ၆ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး လူဇင်ဘတ်နိုင်ငံတွင် ၄ ဒသမ ၇၀ ရာခိုင်နှုန်း၊ နော်ဝေနိုင်ငံတွင် ၃ ရာခိုင်နှုန်းနှင့် ဖင်လန်နိုင်ငံတွင် ၂ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်း မြင့်တက်ခဲ့ပြီး မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၁၂ နိုင်ငံရှိကြောင်း  တွေ့ ရှိရသည်။
Global Petrol Prices Website  ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်၊  ထိုင်ဝမ်၊ ဘူလ်တန်၊ ကနေဒါ၊ ဂျော်ဒန်၊ မိုနာကို၊ နယူးဇီလန်နှင့် ဆူဒန် စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၈၈ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်းပြောင်း လဲခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။ 
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဖိလစ်ပိုင်၊ ပါကစ္စတန်၊ စပိန်၊ အီတလီ၊ နယ်သာလန်၊ ပြင်သစ်၊ လက် ဘနွန်နှင့် ဟန်ဂေရီအပါအဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံရှိပြီး ယခင်တစ် ပတ်ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၁၀ ဒသမ ၁၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၃ ခုနှစ် အောက်တိုဘာ  ၁၆  ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ် ဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဖိလစ်ပိုင် နိုင်ငံတွင် (၃ဒသမ၆၀ရာခိုင်နှုန်း) ဖြင့် ဈေးနှုန်းကျဆင်းခဲ့ပြီး ကျန် အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေ ကြောင်း လေ့လာတွေ့ရှိရသည်။              

ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံး ဆီဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်တွင် အောက်တိန်း-၉၂ တစ်လီတာလျှင် ၂၀၁၅ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ၂၁၁၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၅၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂၃၇၀  အသီးသီး ဈေးနှုန်းများ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများအား လေ့လာရာတွင် ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၅၀ဝ၊ ဒီဇယ် တစ်လီ တာလျှင် ကျပ် ၃၃၅၀၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၀၅၀၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၃၂၉၀ ဖြင့် အမြင့်ဆုံးဖြစ် ပေါ်နေပြီး ရန်ကုန်မြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ၂၁၁၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၅၅ ကျပ်၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ကျပ် ၂၁၂၀၊ ဒီဇယ် တစ်လီတာလျှင် ၂၂၆၅ ကျပ်ဖြင့် အနည်း ဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။             
မြန်မာနိုင်ငံ အတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်း စက် သုံးဆီဈေးနှုန်းများ မှာ ယခင် တစ်ပတ်နှင့်  နှိုင်းယှဉ်လျှင် ယခင်တစ်ပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၄၀ နှင့် ဒီဇယ် တစ်လီတာလျှင် ၆၅ ကျပ်သို့ ဈေးနှုန်းမြင့်တက်ခဲ့ ကြောင်း   လေ့လာသုံးသပ် တင်ပြအပ်ပါသည်။ 

P&S