Main menu

Background

နို့စားနွား မွေးမြူရေးခြံမှ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်

Mon, 10/23/2023 - 15:07 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးရှိ  ထိပ်တန်းနို့စားနွားမွေးမြူရေးခြံသည်  ညောင်တုန်းမြို့နယ် ကျုံတမာ ကျေးရွာအုပ်စု၊ ပဲရုံဆိပ်ကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေး မိုင်တိုင်အမှတ် (၃၇/၄)တွင် တည် ရှိပြီး ခြံအကျယ်တစ်ဧကနှင့် စားကျက် ၅ဒသမ ၅ဧကရှိပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှစ၍ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ကျပ်သန်း ၂၅၀ခန့်ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစတင်ချိန်တွင် လုပ်သားအင်အား ၂၃ ဦး ခန့်ရှိသည်။
၎င်းနို့စားနွား  မွေးမြူရေးခြံမှ ၂၀၁၆- ၂၀၁၇ ခုနှစ်တွင် ဖရီရှန် Holstein Friesian))အမျိုးအစား နို့စားနွားမ အကောင်ရေ ၃၀ ဖြင့် စတင်မွေးမြူခဲ့ရာ   နှစ်စဉ်    တိုးပွားမွေးမြူ၍ လက်ရှိအချိန်တွင် နို့စားနွား ၉၃ ကောင်အထိ တိုးပွားမွေးမြူနိုင်ခဲ့ကြောင်း ထိပ်တန်းမွေးမြူရေး ခြံပိုင်ရှင် ဦးမြတ်သိန်းထွန်းက ပြောပြခဲ့သည်။
နို့ထုတ်ယူပုံမှာ နို့ပေးနွားမ ၉၃ ကောင်မှ ထုတ်လုပ်ပေးလျက်ရှိပြီး ၎င်းနို့များကို မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပူးပေါင်း၍ School Milk Programဖြင့် ငှားယူထားသော ပေါင်းခံ စက်နှင့် ပေါင်းခံထုတ်လုပ်လျက်ရှိသည်။
ထုတ်လုပ်သောအမျိုးအစားများမှာ (က) နို့စိမ်း (Fresh Milk)၊ (ခ) နို့ပေါင်း (Pastearized Milk)၊ (ဂ) အဆီထုတ်နို့ပေါင်း Low Fat Pastearized Milke)၊ (ဃ) ဒိန်ချဉ် Yogurt))၊ (င)အဆီထုတ်ဒိန်ချဉ် Law Fat Yogurt)တို့ဖြစ်ကြသည်။
MSMEsလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ တွန်းအားပေးဆောင်ရွက်လျက်ရှိပြီးMSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ အလားအလာရှိသော လုပ်ငန်းများအတွက် မတည်ရင်းနှီးငွေ လိုအပ်မှု၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်  လိုအပ်သည့် အဖွဲ့အစည်း များနှင့် ချိတ်ဆက်ဆောင်ရွက်ပေး နိုင်ရေးနှင့် ဈေးကွက်ရ နို့စိမ်း၊ နို့ပေါင်း၊ အဆီထုတ်နို့ပေါင်း၊ ဒိန်ချဉ်နှင့် အဆီထုတ် ဒိန်ချဉ်များထုတ်လုပ်ပြီး အရည်အသွေးမြင့်  ထုပ်ပိုးမှုစနစ်နှင့် ဈေးကွက်ရရှိနိုင်ရေး လုပ်ငန်းခွင်နှင့် တိုးချဲ့နိုင်ရေးတို့ကို  စားသုံးသူ ရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် အောက် တိုဘာ ဒုတိယပတ်တွင် ကွင်းဆင်းလေ့လာ အပြန်အလှန် ဆွေး နွေးခဲ့သည်။
 နို့စားနွားခြံမှ ထွက်သော နို့နှင့် နို့ထွက်ပစ္စည်းများသည် ကျောင်းသူ၊ ကျောင်းသား၊ လူငယ်များ သက်ကြီးရွယ်အိုများနှင့် လူလတ်ပိုင်းများပါ ကြိုက်နှစ်သက်ကြပြီး အသင့်စားနို့ဘူးများကို စားသောက် ဆိုင်များ၊ စတိုးများတွင် အလွယ်တကူဝယ်ယူ သောက်သုံးနိုင်ပြီး စားသုံးသူများအတွက် ဘေးအန္တရာယ် ကင်းရှင်းစေရေး ဦးစားပေးထုတ်လုပ်ထားသော ကုန်စည်ဖြစ်ကြောင်း သိရသည်။

Consumer (MT)