Main menu

Background

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်

Tue, 11/07/2023 - 10:27 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၈) သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၄ ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသ ကြီး ပန်းဘဲတန်းမြို့နယ် ကမ်းနားလမ်းနှင့် ရွှေဘုံသာ လမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီး ကုန်သွယ်ရေး ရုံး၊ ပဉ္စမထပ်ရှိ  ညီလာခံခန်းမ၌   ကျင်းပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အဖွင့် အမှာစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိကကဏ္ဍအသီး သီးရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ် မှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို  သိရှိနားလည်ပြီး  နိုင်ငံတကာနှင့်ဆက်သွယ်ဆောင်ရွက်ရာတွင်  သိသင့် သိထိုက်သော ကုန်သွယ်မှုဆိုင်ရာ အသိပညာ ဗဟု သုတများရရှိစေရန်၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက်    အဓိကအရေးပါသည့်   ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်အသစ်များနှင့် ကုန်သည်စီးပွားရေးလုပ်ငန်းရှင်အသစ်များ မွေးထုတ်ပေးရန်၊ ကုန် သွယ်မှုနှင့်သက်ဆိုင်သည့် လူ့စွမ်းအားအရင်းအမြစ် များ ဖွံ့ဖြိုးတိုးတက်စေရန် တို့အတွက် ရည်ရွယ်ဖွင့်လှစ် ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်  နိုင်ငံတကာ နှင့် ကုန်သွယ်မှုကဏ္ဍများ  စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုး တက်စေရန်ဆောင်ရွက်လျက်ရှိရာ ကုန်သွယ်မှုနှင့်ဆက် စပ်နေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် UMFCCI အပါအဝင် ပုဂ္ဂလိက အသင်းအဖွဲ့ များ၊ ကုန်သည်လုပ်ငန်းရှင်များ၊  သက်ဆိုင်ရာ  ဝန်ကြီး ဌာနများနှင့် ဟန်ချက်ညီညီ ပူးပေါင်းပါဝင်ဆောင် ရွက်လျက်ရှိကြောင်း၊    ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO) တို့ အပါအဝင် နိုင်ငံ တကာ ကုန်သွယ်ဖက်အဖွဲ့အစည်းများ၊ မိတ်ဖက် နိုင်ငံများနှင့်ပူးပေါင်း၍   ကုန်သွယ်မှုပညာပေး သင်တန်းများ၊ ဘွဲ့လွန်သင်တန်းများ၊ ပါရဂူဘွဲ့သင် တန်းများ စေလွှတ်ခြင်းတို့ကို  စဉ်ဆက်မပြတ် ဆောင် ရွက်ပေးလျက်ရှိကြောင်း။ 
ကုန်သွယ်မှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ၊ နိုင်ငံတကာ ငွေကြေးပေးချေမှုဆိုင်ရာ လုပ်ငန်းများ၊ ကုန်ပစ္စည်းအရည်အသွေးဆိုင်ရာလုပ်ငန်းများ၊ Óဏမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းများ၊ စားသုံး သူ  အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများနှင့် ကုန်ပစ္စည်းအရည်အသွေးပိုင်းဆိုင်ရာ  လုပ်ငန်းများ စသည့် လုပ်ငန်းနယ်ပယ်အသီးသီးရှိ ဥပဒေများ၊နည်း ဥပဒေများ၊ လုပ်ထုံးလုပ် နည်းများနှင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို အလေးထားသင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း။
ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် နိုင်ငံတကာ နှင့် ရင်ပေါင်တန်းနိုင်သည့် ပို့ကုန်/သွင်းကုန် လုပ် ငန်းရှင်သစ်များကို ပြုစုပျိုးထောင်ရန်အတွက် ကုန် သွယ်မှုနှင့် သက်ဆိုင်သည့် လုပ်ငန်းနယ်ပယ် အသီး သီးရှိ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် အဓိကလိုအပ်ချက်ကို ဖြည့်ဆည်းသည့် မှတ်ကျောက် တစ်ခုဖြစ်ကြောင်း၊ ယခုကဲ့သို့ ရည်ရွယ်ချက်များနှင့် ၂၀၁၂ ခုနှစ် ဧပြီလမှစတင်ပြီး ကုန်သွယ်မှုသင်တန်း ကျောင်းကို ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ရာတွင် လက်ရှိ ကာလအထိ ကုန်သွယ်မှုအခြေခံသင်တန်း (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) ၁၂ ကြိမ်၊ အဆင့်မြင့် သင်တန်း သုံးကြိမ်၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံ သင်တန်း (စနေ၊ တနင်္ဂနွေ) အပတ်စဉ်သင်တန်း ခုနစ် ကြိမ် ဖွင့်လှစ်ပို့ချ ပေးနိုင်ခဲ့ပြီး စုစုပေါင်း သင်တန်းသား ဦးရေ ၁၇၀၈ ဦးအထိ သင်ကြားပို့ချပေးနိုင်ခဲ့ပြီးဖြစ် ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး သင်တန်းကာလ မှာ ရက်သတ္တ ၁၂ ပတ် ကြာမြင့်မည်ဖြစ်သည်။

 

MOC(IR)